လူတကာအားကျရတဲ့ အချစ်ရေးမျိုးလိုချင်ရင် ဒီအချက်(၅)ချက်ကို ပြုပြင်လိုက်ပါ

Sponsored

ကိုယ်ကရေရှည်တည်တံ့ခိုင်မြဲတဲ့အချစ်ရေးကိုလိုချင်ပေမယ့် တစ်ယောက်နဲ့တွဲလိုက် ပြတ်လိုက်၊ နောက်တစ်ယောက်နဲ့ထပ်တွဲလိုက် ထပ်ပြတ်လိုက် ဖြစ်နေတယ်ဆိုရင် အဲ့ဒါဟာ ဘာကြောင့်လဲဆိုပြီး စဉ်းစားဖူးမှာပါ။ အချစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာအဖြစ်အပျက်တွေဟာ နားလည်ဖို့မလွယ်သလို ၊ အပေါ်ယံကြည့်ပြီး အကြံပေးလို့လည်းမလွယ်ပါဘူး။ ဒါပေမယ့် အချစ်ရေးတစ်ခုရေရှည်မတည်တံ့ဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲလိုက်၊ပြတ်လိုက်ဖြစ်နေတာကိုတော့ ဒီအချက်လေးတွေက ဖြေရှင်းပေးပါလိမ့်မယ်။

(၁) အရာရာကိုမနှိုင်းယှဉ်ပါနဲ့

shutterstock

လူတိုင်းက အဖက်ဖက်ကပြည့်စုံတဲ့သူမျိုးကို လိုချင်ကြတာချည်းပဲဆိုပေမယ့် တွေ့ဖူးသမျှလူတိုင်းကို လိုက်ပြီးနှိုင်းယှဉ်နေမယ်ဆိုရင်တော့ ဘယ်တစ်ယောက်ကမှအဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီလို နှိုင်းယှဉ်ပြီးမြင်နေတဲ့အကျင့်ရှိရင် ရပ်တန်းကရပ်ပါ။

(၂) ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ မပြောဘဲသိစေချင်တာမျိုးမလုပ်ပါနဲ့

shutterstock
Sponsored

ကိုယ်ဖြစ်ချင်တာကို သူ့အလိုလိုသိလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းဖွင့်မပြောဘဲ ပြဿနာရှာနေတာမျိုးက သင့်အချစ်ရေးကို အခြေအနေဆိုးစေပါတယ်။ ဒီတော့ ရေရှည်ခိုင်မြဲပြီး လူတကာအားကျရတဲ့အချစ်ရေးကိုတည်ဆောက်ချင်ရင် အဲ့ဒီလိုမျှော်လင့်နေတာထက် ဖွင့်ပြောလိုက်စေချင်ပါတယ်။

(၃) တစ်ဖက်သတ်မဆန်ပါနဲ့

shutterstock

သူ့ရဲ့အကျင့်ဆိုးတွေကိုတော့ ပြုပြင်စေချင်ပြီး ကိုယ့်ရဲ့ အကျင့်ဆိုးတွေကိုတော့ ပြုပြင်ဖို့စိတ်ကူးမရှိဘူးဆိုတာမျိုး၊ ကိုယ်လုပ်ချင်တာလုပ်ပြီး သူ့ကိုကျတော့ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရချုပ်ချယ်နေတာမျိုး၊ ကိုယ့်အတွက်ပဲကြည့်ပြီး သူ့အတွက်မကြည့်ဘဲ တစ်ဖက်သတ်ဆန်နေတာမျိုးတွေလုပ်မိနေရင်တော့ သင့်အနေနဲ့ အချစ်ရေးအဆင်မပြေတာမဆန်းပါဘူး။

READ
ဘယ်အချိန်ကြည့်ကြည့် စိတ်ဖိစီးမှုမရှိပျော်ရွှင်နေသူတွေရဲ့ အတုယူဖွယ်လျှို့ဝှက်ချက်(၈)ချက်

(၄) အချိန်ယူစဉ်းစားပါ

pexels

 

ဒီနေ့ခေတ်မှာ တစ်ယောက်နဲ့တစ်ယောက်တွဲလိုက်ဖို့ဆိုတာ အလွယ်လေးဖြစ်နေပြီး အချိန်ယူစဉ်းစားတယ်ဆိုတာ မရှိသလောက်ပါ။ ဒါက ခဏတာပျော်ရွှင်မှုကိုဖြစ်စေနိုင်ပေမယ့် ကြာလာရင်အဆင်မပြေမှုတွေဖြစ်လာပြီး ရေရှည်တော့မတည်မြဲနိုင်ပါဘူး။ ဒါကြောင့် အလွယ်လေးတွဲလိုက်တာမျိုးမလုပ်ဘဲ ရေရှည်အဆင်ပြေနိုင်လား၊ တစ်ယောက်နဲ့တစ်ယောက်စိတ်နေစိတ်ထား၊အကျင့်စရိုက်တွေအရမ်းကွာဟနေလား စသဖြင့် အချိန်ယူစဉ်းစားပြီးမှ တွဲကြည့်ပါ။ တော်တော်လေးအဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

(၅) ကိုယ့်ကိုယ်ကိုနှိမ့်ချမတွေးပါနဲ့

pexels

အချစ်ရေးမှာ နောက်ထပ်အဆင်မပြေတဲ့အချက်တစ်ခုက ကိုယ့်ကိုယ်ကိုနှိမ့်ချလွန်းတာပဲဖြစ်ပါတယ်။ အနိုင်ယူလွန်းတာလည်းမကောင်းသလို၊ နှိမ့်ချလွန်းတာလည်းမကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုနှိမ့်ချလွန်းတာက ယုံကြည်မှုလျော့နည်းလာစေပြီး ၊ သံသယစိတ်တွေဖြစ်စေကာ ကြာလာတော့ စိတ်ပင်ပန်းလာပြီး နှစ်ယောက်ကြားမှာလည်း ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး နှစ်ဘက်မျှမျှတတတွေးတတ်အောင် နေကြည့်ပါ။

MAY THAZINHTOO

sponsored