ကယ်လိုရီများလွန်းတဲ့အစားအစာတွေ စားပြီးတဲ့အခါတိုင်း ဒီအချက်တွေလုပ်သင့်ပါတယ်

Pixabay-RitaE
Sponsored

ကိုယ်အလေးချိန်တက်လာတဲ့အခါကျမှ “ငါတော့ဝလာပြီ၊ စိတ်ညစ်လိုက်တာ”  ဆိုတာမျိုးမဖြစ်ရအောင် အစားအသောက်တွေ စားတဲ့အခါ ကယ်လိုရီပမာဏလေးကို တချက်သတိပြုသင့်ပါတယ် ပျိုမေတို့ရေ။ စိတ်အလိုမလိုက်နိုင်လို့ ကယ်လိုရီများလွန်းတဲ့ အစားအစာတွေ စားပြီးတဲ့အခါကျရင်လည်း အခုပြောပြပေးမယ့် အချက်လေးတွေကို ပြန်လည်လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) ရေနွေးသောက်ပါ

Sponsored

အဆီများလွန်းတဲ့ အစားအစာတွေ၊ ကယ်လိုရီပမာဏ များလွန်းတဲ့ အစားအစာတွေ စားမိပြီလို့ သတိပြုလိုက်မိတာနဲ့ ရေနွေးကြမ်း၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ ရေနွေးအဖြူ တမျိုးမျိုးကို အဆင်ပြေသလိုလေး တခွက်လောက်ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။ ရေနွေး၊ ရေနွေးကြမ်း စတာတွေဟာ စားလိုက်တဲ့ အစားအစာဆီက အဆီတွေကို ချေဖျက်ပေးနိုင်တာကြောင့် သောက်သုံးပေးသင့်ပါတယ်။

Pixabay-Larisa-K

(၂) နောက်ထပ်ထပ်စားမယ့် အစားအစာကို သတိပြုပါ

ကယ်လိုရီများတာတွေလည်း စားမိလိုက်ပြီ၊ နောက်ထပ်လည်း တခုခုစားဖို့ အစီအစဉ်ရှိနေသေးတယ် ဆိုရင်တော့ ကိုယ်စားမယ့်နောက်တနပ်ကို အသီးအရွက်များများစားဖို့ အကြံပြုချင်ပါတယ်။ လုံးဝမစားဘဲ နေတာမျိုးကလည်း ဆာလောင်မှုကို ပိုမိုဖြစ်ပေါ်စေတာကြောင့် အသီးအရွက်များများ စားပေးတာမျိုးလောက်ကို ပြုလုပ်ပေးနိုင်ပါတယ်။

(၃) ကိုယ်လက်လှုပ်ရှားတခုခု ပြုလုပ်ပေးပါ

READ
သင့်ရဲ့တင်ပါးပုံစံက ပြောပြပေးမဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေ

ကယ်လိုရီများတာတွေစားလိုက်မိပြီ ၊ ချက်ချင်းလေ့ကျင့်ခန်းလုပ်မှရမယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး၊ ဒီတိုင်းငြိမ်ငြိမ်လေးထိုင်နေတာထက်စာရင် လမ်းထလျှောက်တာမျိုးလို ပေါ့ပေါ့ပါးပါး လုပ်နိုင်မယ့် ကိုယ်လက်လှုပ်ရှားတခုခု ပြုလုပ်သင့်ပါတယ်။

Pixabay-Free-Photos

(၄) စားပြီးတာနဲ့ အိပ်ရာဝင်တာမျိုးကို ရှောင်ကြဉ်ပါ

အဆီများ၊ ကယ်လိုရီများတာတွေ စားပြီး အိပ်ငိုက်လာတာနဲ့ အိပ်ရာထဲတန်းဝင်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။ အစာစားပြီး ရေနွေးသောက် လမ်းလေးဘာလေးလျှောက်ပြီးမှ အိပ်ရာဝင်တာမျိုးကို ပြုလုပ်သင့်ပါတယ်။

Calcifer

sponsored