မှတ်ဉာဏ်တွေ ပိုမိုကောင်းမွန်စေဖို့ ညမအိပ်ခင် ပြုလုပ်ပေးသင့်တဲ့ အလေ့အကျင့်(၅)ခု

Photo by Rafael Barros from Pexels
Sponsored

အသက်ကြီးလေ မေ့လေ မဖြစ်ရလေအောင် မှတ်ဉာဏ်ကောင်းဖို့ ဂရုစိုက်ပေးသင့်ပါတယ်နော်။ အသက် ငယ်သေးပေမယ့် မေ့လွယ်တာ တစ်ချို့ကိစ္စတွေကို သတိမရတော့တာ၊ မနည်း ပြန်စဉ်းစားရတာမျိုးတွေက မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်တွေ ကောင်းမွန်နေစေဖို့ ညမအိပ်ခင် ပြုလုပ်ရမယ့်အရာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ဒိုင်ယာရီ ရေးပါ

Sponsored

တစ်နေ့တာ ဒိုင်ယာရီကို အများစုက ညဘက်မှာ ရေးလေ့ ရှိပါတယ်။ ဒါက မှန်ကန်တဲ့ အကျင့်တစ်ခုပါပဲ။ တစ်နေ့တာ လုပ်ခဲ့သမျှကို ပြန်တွေးရင်း ချရေးတဲ့အခါ ဦးနှောက်ကို တနေ့တာ လုပ်ဆောင်မှုတွေကို ပိုမှတ်မိစေပါတော့တယ်။ ဒါကြောင့် မှတ်ဉာဏ်တွေ ကောင်းချင်ရင်တော့ ဒိုင်ယာရီ ရေးတာကလည်း လုပ်သင့်တဲ့ အချက်တစ်ခုပါပဲနော်။

Photo by fotografierende from Pexels

(၂) အိပ်ရာဝင်ချိန်မှာ ပြန်တွေးပါ

ကိုယ်က အလုပ်တွေ ပင်ပန်းပြီး ညဘက်မှာ ဘာမှ မလုပ်ဖြစ်ဘူးဆိုရင်တောင်မှ ညအိပ်ခါနီး အိပ်ရာပေါ်မှာ တနေ့တာ လုပ်ခဲ့သမျှ အရာတွေအားလုံးကို တစ်ခုချင်းစီ ပြန်စဉ်းစားပါ။ ဒါက မအိပ်ခင်မှာ လုပ်ရမှာ ဖြစ်ပြီး ဒီလို တွေးခြင်းက သင့်ဦးနှောက်ကို အလုပ်ပေးလိုက်တာ ဖြစ်လို့ မှတ်ဉာဏ်တွေကို စွဲမြဲစွာ မှတ်မိစေပါတယ်။

READ
အဆီမရှိတဲ့ ဗိုက်ချပ်ချပ်လေး ဖြစ်စေဖို့ ဒီအစားအစာတွေကို ရှောင်ပေးပါ
Photo by Andrea Piacquadio from Pexels

(၃) တစ်နေ့တာ မှတ်စုတွေကို ပြန်ဖတ်ပါ

မှတ်စု မှတ်တဲ့ အကျင့်ကလည်း သင့်အတွက် မှတ်ဉာဏ်တွေကို ကောင်းအောင် ပြုလုပ်တဲ့နေရာမှာ သိပ်ကို အသုံးဝင်ပါတယ်။ တစ်နေ့တာ ကိုယ်ရေးကိုယ်တာ ဖြစ်စေ၊ အလုပ်နဲ့ ပတ်သတ်တာ ဖြစ်စေ မှတ်ထားတဲ့ မှတ်စု စာအုပ်ကို ညဘက်မှာ တစ်ခေါက် ပြန်ဖတ်ပြီး အိပ်တာကလည်း တနေ့တာ လုပ်ငန်းစဉ်တွေကို ပြန်မှတ်မိစေပါတယ်။

Photo by Bich Tran from Pexels

(၄) အိပ်ရာမဝင်ခင် လေ့လာပါ

သိပ္ပံပညာရှင်အချို့ရဲ့ လေ့လာချက်တွေအရ ညဘက်က တစ်စုံတစ်ခုကို လေ့လာဖို့ အကောင်းဆုံး အချိန် ဖြစ်ပါတယ်တဲ့။ ညဘက်က တိတ်ဆိတ်မှု ရှိတာကြောင့် နေ့ဘက်ထက် စိတ်ကို ပိုတည်ငြိမ်နိုင်စေတာကြောင့် လေ့လာတဲ့အခါ ပိုပြီး သိနားလည် လွယ်သလို ညဘက် အိပ်ချိန်မှာ ဦးနှောက်က မှတ်ဉာဏ်တွေကို သိမ်းတာကြောင့် ညဘက်မှာ လေ့လာသင့်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဉာဏ်ကောင်းတဲ့သူအများရဲ့ အကျင့်အချို့ကလည်း ညဘက်မှာ အလုပ်လုပ်ရတာကို ပိုနှစ်သက်ကြတာမျိုး ဖြစ်ပါတယ်။

READ
အသားအရေကိုလှပစေပြီး ဆံပင်အရှည်မြန်စေတာအပါအဝင် ဂေါ်ဖီထုပ်ရဲ့ အံ့မခန်းအသုံးဝင်ပုံများ
tirachardz/Freepik

(၅) တရားထိုင်ပါ

တရားထိုင်ခြင်းကတော့ မှတ်ဉာဏ်တွေ အတွက်တင်မက အလုပ်လုပ်တဲ့ အခြေအနေအတွက်ပါ အထောက်အကူ ပြုပါတယ်။ တရားထိုင်တာက အာရုံစူးစိုက်မှု ကောင်းမွန်စေတာကြောင့် မှတ်ဉာဏ်စွမ်းရည်ကိုပါ တိုးတက်စေသလို အလုပ်လုပ်တဲ့အခါမှာ ပိုပြီး အာရုံစိုက်နိုင်ပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ တစ်နေ့ကို မိနစ် ၂၀ ခန့် တရားထိုင်ပေးရုံနဲ့ သင့်ခန္ဓာကိုယ်ကို ထူးခြားမှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။

Kham

sponsored