Depression ဝင်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လို ကိုင်တွယ်ရမလဲ

shutterstock/Kamil Macniak
Sponsored

လူတိုင်းလိုလိုမှာ စိတ်ဓာတ်ကျတဲ့အချိန်၊ စိတ်ပင်ပန်းတဲ့ အချိန်ဆိုတာ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ စိတ်ဓာတ်ကျ၊ မွမ်းကျပ်နေတဲ့စိတ်ကို ဒီအတိုင်း ထားလိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဆိုးဝါးလာတတ်ပြီး စိတ်ကျရောဂါအထိတောင် ခံစားလာရနိုင်ပါတယ်နော်။ ဒါကြောင့် depression ဝင်နေတဲ့အခါ ကိုယ့်ကိုယ်ကို ဒီလိုလေး ပြန်လည် ဂရုစိုက်ဖို့ မမေ့ပါနဲ့။

အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးကြည့်ပါ

shutterstock/GingerKitten

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ depression ဝင်ခြင်းကို ကုသပေးနိုင်ပါတယ်။ ဒါကြောင့် စိတ်တွေပင်ပန်းပြီး စိတ်ဓာတ်တွေကျနေတဲ့အချိန်လေးမှာ ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးလေးကြောင်လေးတွေနဲ့ ဆော့တာ၊ ပွေ့ဖက်တာမျိုးလေးတွေ လုပ်ပေးခြင်းက တဖြည်းဖြည်း သင့်စိတ်ကို ပြန်လည်ပျော်ရွှင်လာစေမှာ ဖြစ်ပါတယ်။

စာရေးပါ

shutterstock/ WAYHOME studio
Sponsored

စိတ်ဓာတ်တွေ အရမ်းကျနေတဲ့အချိန်မှာ ကိုယ်ခံစားနေရသမျှကို စာအုပ်မှ ချရေးကြည့်ပါ။ ဒါက တစ်စုံတစ်ယောက်ဆီမှာ ရင်ဖွင့်ပြောပြလိုက်တာနဲ့ တူတာဖြစ်လို့ သင့်ရဲ့စိတ်တွေကို ပေါ့ပါးလာစေမှာပါနော်။ ကိုယ်သူများကို မပြောပြချင်တဲ့ အကြောင်းအရာတွေ၊ တစ်ခြားသူတွေ မသိစေချင်တဲ့ ကိုယ့်ရဲ့ အားနည်းချက်တွေ အားလုံးကို စာအုပ်မှာ ချရေးလို့ ရပါတယ်နော်။ ဒါက စိတ်ဓာတ်ကျခြင်းကို ကုသတဲ့ နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။

READ
စိတ်ကျရောဂါ ခံစားနေရတဲ့အကြောင်းကို ပရိသတ်ကို ဖွင့်ပြောလာတဲ့ Hyuna

စိတ်ဓာတ်တက်ကြွစေမယ့် ရုပ်ရှင်တွေကြည့်ပါ

shutterstock/ PR Image Factory

စိတ်ညစ်နေတဲ့အချိန် ဒါမှမဟုတ် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဒီအတိုင်း တွေးရင်းဆွေးရင်းနေတာက ပိုပြီးဆိုးဝါးလာစေပါတယ်။ ဒီတော့ ကိုယ့်အတွက် စိတ်ပျော်ရွှင် တက်ကြွလာစေမယ့် ဟာသကားတွေ၊ စိတ်ခွန်အားဖြစ်စေမယ့် ဇာတ်ကားတွေ စသဖြင့် ကိုယ်စိတ်ခံစားမှုအတွက် အထောက်အကူဖြစ်မယ့် ဇာတ်ကားတွေကို ကြည့်သင့်ပါတယ်။ ဒါက သင့်ရဲ့ စိတ်ဓာတ်ကျနေတာကို အဝေးကို ပို့ပစ်ပေးမှာပါ။

စိတ်ကူးယဉ်ကြည့်ပါ

shutterstock/Syda Productions

စိတ်ပညာရှင်တွေရဲ့ ပြောကြားချက်အရ စိတ်ကူးယဉ်ခြင်းဟာ စိတ်နာကျင်ခြင်းတွေကို ကုသဖို့ အကောင်းဆုံး နည်းလမ်းပါတဲ့။ အိပ်ရာပေါ်မှာ လှဲပြီး ကိုယ်ဖြစ်ချင်တဲ့ အရာတွေ၊ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ပုံရိတ်လေးတွေကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒါက သင့်ရဲ့ စိတ်ဓာတ်ကျနေမှုကို တဖြည်းဖြည်း မြင့်တင်ခြင်းဖြစ်ပြီးတော့ ပိုကြိုးစားချင်စိတ်နဲ့ စိတ်ခွန်အားတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးထဲက တစ်ခုက စိတ်ကူးယဉ်ခြင်းပါပဲ။ ဒီနည်းလမ်းလေးတွေက သင့်ရဲ့ စိတ်ဓာတ်ကျမှုတွေကို ကောင်းမွန်လာစေမှာဖြစ်လို့ လိုက်လုပ်ကြည့်စေချင်ပါတယ်။

READ
ကြက်ဥကိုအသုံးပြုပြီး ဒီနည်းလမ်း (၈) မျိုးနဲ့ အလှအပရေးရာအတွက်အသုံးချကြမယ်

Khin

 

sponsored