အသက်မကြီးခင်မှာ သူငယ်ချင်းတွေနဲ့ အတူ မဖြစ်မနေ လုပ်ကြည့်သင့်တဲ့ အရာများ

master1305/Freepik
Sponsored

လူပေါင်းများစွာနဲ့ ဘဝမှာ ကြုံတွေ့ရပေမယ့် သူငယ်ချင်းကောင်း တစ်ယောက် ရဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့် သူငယ်ချင်း တစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင်ပဲ သင်က အရမ်းကို ကံကောင်းနေပါပြီ။ သူငယ်ချင်းတွေဆိုတာကလည်း အသက်မကြီးခင် မိသားစုတွေ မတည်ဆောက်ခင်အရွယ်မှာပဲ တစ်ယောက်ကို တစ်ယောက် အချိန်ပေးနိုင်ကြတာပါ။ သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ဖို့အတွက် ဒီလိုနည်းတွေနဲ့ အမှတ်တရတွေ ဖန်တီးထားသင့်ပါတယ်နော်။

(၁) သီချင်းအတူဆိုကြပါ

Sponsored

သူငယ်ချင်းတွေ အမြဲ အမှတ်တရစေဖို့ဆိုရင် ပျော်ရွှင်စရာ အချိန်တွေနဲ့ ဝမ်းနည်းစရာ အချိန်တွေကို အတူ ဖြတ်သန်းဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးက သီချင်းဆိုခြင်းပါပဲ။ သီချင်းတွေ အတူဆိုရင်းနဲ့ အတူ စိတ်ထွက်ပေါက် ကိုယ်စီကို သီချင်းတွေဆိုရင် ဖြေဖျောက်တာအပြင် ပျော်စရာတွေပါ ဖြစ်စေပါတယ်။

bilahata/Freepik

(၂) မုန့်လုပ်စားပါ

READ
မိန်းကလေးဖက်က ချစ်တဲ့အကြောင်းကို စပြောသင့်တဲ့အကြောင်းရင်းများ

သူငယ်ချင်း တစ်ယောက်ယောက်အိမ်မှာ စုပြီး တစ်ရက်လောက် အချိန်ဖြုန်းတာကလည်း တကယ့်ကို အမှတ်တရ ဖြစ်စေတဲ့ အရာပါပဲ။ သူငယ်ချင်းတွေ အတူတူ ဈေးဝယ်ထွက်ပြီး တစ်ယောက်တစ်ပေါက် ကူလုပ်ကြရင်း မုန့်တွေ လုပ်စားရင်း လုစားရတာမျိုးတွေကလည်း တကယ့်ကို ပီတိဖြစ်စရာပါပဲ။

senivpetro/Freepik

(၃) Camping ထွက်ပါ

တဲလေးတွေထိုးပြီး မီးပုံရှေ့မှာ ထိုင်ပြီး စကားတွေပြော၊ သီချင်းတွေဆိုရတာကလည်း သင့်တစ်သက်လုံးကို တသသ ဖြစ်စေမှာပါ။ တောင်ပေါ်ဒေသတွေကို ခရီးထွက်ရင်းနဲ့ တဲလေးတွေ ထိုးနေရင်း မီးဖိုဘေး ခေါက်ဆွဲပြုတ်တွေ စားရင် Camping Mood ကို အပြည့်အဝ ယူလိုက်တာကလည်း သင့်တို့ကို အမြဲ အမှတ်ရစေတတ်ပါတယ်။

Freepik.com

(၄) ခရီးအတူ ထွက်ပါ

သူငယ်ချင်းတွေ အတူ စုပြီး ခရီးထွက်ရတာက သိပ်ကို ပျော်စရာ ကောင်းပါတယ်။ ဒီအတွက် ရထားနဲ့ ခရီးထွက်ရင် ပိုလို့တောင် ပျော်စရာ ကောင်းသွားစေပါသေးတယ်။ ခရီးတစ်လျှောက် အပြန်အလှန် ပုံလှလှလေးတွေ ရိုက်ကူးလိုက်၊ အုပ်စုလိုက်ပုံတွေကို အမြဲ ရိုက်လိုက်နဲ့ သင် အသက်ကြီးတဲ့အထိ ပျော်စရာ ခရီးတစ်ခုအဖြစ် လွမ်းအောင် ဖန်တီးပေးနိုင်ပါတယ်။

READ
သူ့ဘက်က သင့်ကို သူငယ်ချင်း တစ်ယောက်လိုသာ ခင်မင်ချင်ကြောင်း ပြနေတဲ့ အချက်လေးတွေ
user6697855/Freepik

(၅) အလှူစုလုပ်ပါ

သူငယ်ချင်းတွေ အဆက်အသွယ်လည်း မပြတ်စေသလို ကြီးတဲ့အထိ ဆုံလို့ ရပြီး အမှတ်တရလည်း ဖြစ်စေတာကတော့ နှစ်တိုင်း အလှူတစ်ခုခု လုပ်တာပဲ ဖြစ်ပါတယ်။ မိဘမဲ့ကလေးကျောင်းမှာ သွားလှူတာ ဖြစ်စေ၊ တစ်နေရာရာမှာ သန့်ရှင်းရေး သွားလုပ်ကြတာ ဖြစ်စေ စုပေါင်းပြုလုပ်တဲ့ အကျိုးဖြစ်စေတဲ့အရာတစ်ခုခုက သင်တို့ကို အမြဲ သတိရစေရှိစေမယ့် အရာ ဖြစ်ပါတယ်။

Kham

sponsored