အဖေချစ်သမီးတွေရဲ့ အချစ်တွေ အမြဲ ရနေဖို့ ကောင်လေးတွေ သိထားရမယ့် အချက်များ

Photo by GUIVERG from Pexels
Sponsored

ကြီးပြင်းတဲ့ပုံစံကို လိုက်ပြီး သူတို့ရဲ့ ပင်ကိုယ်ပုံစံလေးတွေ ရှိတတ်ပါတယ်။ ဒီလိုမျိုး ပုံစံကိုယ်စီ ရှိတဲ့ ကောင်မလေးတွေကို ချစ်ကြိုက်တဲ့အခါမှာ သူတို့ အကြိုက်တွေ အကျင့်တွေကိုလည်း အသိအမှတ်ပြု အလေးထားပေးတတ်ဖို့လည်း ပိုးပန်းတဲ့ ကောင်လေးတွေက သိဖို့လိုအပ်ပါတယ်။ ဒီထဲမှာမှ ဖေဖေတွေရဲ့ အသဲကျော် သမီးလေးတွေကို ချစ်မိတဲ့ကောင်လေးတွေအဖို့တော့ ဒီအချက်လေးတွေသာ သိရင် အချစ်တွေ ပိုရနေမှာပါ။

(၁) ချစ်ပြတတ်ဖို့

Sponsored

အချစ်ခံလာရသလို အရမ်းလည်း ချစ်တတ်ကြသူတွေပါ။ ဒါကြောင့်လည်း ချစ်ပြတတ်တဲ့သူဆိုရင်တော့ သူတို့ရဲ့ စိတ်ကို ဖမ်းစားနိုင်ပါတယ်။ မချစ်ပြတတ်ဘူးဆိုရင်တော့ သူတို့အချစ်တွေ ယုံကြည်မှုတွေ ရဖို့ မလွယ်ပါဘူး။ ချစ်ပြလိုက်ရင် သင့်ကို နှစ်ဆ ပြန်ချစ်ပေးပါလိမ့်မယ်။

Photo by vjapratama from Pexels

(၂) ဂရုစိုက်နိုင်ဖို့

သူတို့ကို ဘာပဲ ဖြစ်ဖြစ် ဂရုစိုက်ပေးတာနဲ့ သူတို့အလိုအတိုင်း နေပေးတာမျိုးက သူတို့ချစ်ရတဲ့ အဖေလို လူကောင်းတစ်ယောက် ချစ်တတ်တဲ့ သူတစ်ယောက်လို့ မြင်စေတာကြောင့် သူ့အပေါ် နူးညံ့စွာ ဂရုစိုက်ပေးရင်တော့ သင့်ကို အချစ်တွေ ပိုနေမှာနော်။

READ
သင့် "Crush"က သင့်ကို လုံးဝစိတ်မဝင်စားဘူးဆိုတာ သိသာနေတဲ့ မက်ဆေ့ခ်ျ (၄)မျိုး

(၃) မအော်မငေါက်ဖို့

အလိုလိုက်ခံရစွာ ကြီးပြင်းခဲ့တာမို့ သူတို့ကို လက်လွတ်စပယ်ဆက်ဆံတာကို လုံးဝ မကြိုက်တတ်ပါဘူး။ သူတို့ကိုသာ အော်ငေါက်မိရင်တော့ သူတို့စိတ်ထဲ သင်က သူတို့ကို တကယ် မချစ်ဘူးလို့ ထင်သွားတတ်တာကြောင့် လုံးဝ မလုပ်သင့်တဲ့ အချက်ပါနော်။

Photo by cottonbro from Pexels

(၄) ချော့တတ်ဖို့

အချစ်တွေနဲ့ ကြီးလာသူပီပီ စိတ်ဆိုးစိတ်ကောက်လုပ်တတ်တာက သူတို့ရဲ့ ထမင်းစားရေသောက်အကျင့်လို ဖြစ်နေပါပြီ။ ဒီအတွက်တော့ စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့။ ကျေနပ်အောင်သာ ချော့လိုက်ပါက သူတို့က စိတ်ဆိုးပြေတာ မြန်ပြီးသားပါနော်။

(၅) ဖေဖေကဲ့သို့ အလိုလိုက်တတ်ဖို့

အဖေတွေရဲ့ အချစ်တွေ အများကြီးနဲ့ ကြီးလာရသူမို့ အချစ်တွေ ရရှိတာကို အသားနေတဲ့သူတွေပါ။ ဒီအတွက် သူတို့အဖေလိုမျိုးသာ ချစ်ပေးနိုင်တယ် အလိုလိုက်ပေးစရာ ရှိတဲ့အရာတွေကို အလျော့ပေးပြီး အလိုလိုက်ပေးမယ်ဆိုရင်တော့ သူတို့က ခပ်ဆိုးဆိုး လုပ်တတ်ပေမယ့် သင့်ကို အများကြီး ချစ်မိနေမှာပါ။

READ
သင်ဟာ မွေးရာပါ အနုပညာသည်တစ်ယောက်ဖြစ်မှန်း သိသာတဲ့ အချက် (၅) ချက်

Kham

sponsored