ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်တော့မယ် လူငယ်တွေ သိထားရမယ့် အချက်များ

Photo by fauxels from Pexels
Sponsored

ကျောင်းပြီးတဲ့ကာလက လုပ်ငန်းခွင် ဝင်ဖို့ ပြင်ဆင်ရတဲ့ကာလ ဖြစ်ပါတယ်။ ဒီလို လုပ်ငန်းခွင် ဝင်ဖို့ ပြင်ဆင်နေရတဲ့ လူငယ်တွေအနေနဲ့ အလုပ်ဝင်ဖို့ စိတ်စောမနေသင့်ဘဲ ပြင်ဆင်ရတဲ့အရာတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဒီအတွက် ကျောင်းပြီးကာစ လူငယ်တွေအဖို့ သိထားရမယ့် အခုလို အချက်တွေလည်း ရှိနေပါသေးတယ်။

၁။ အတွေ့အကြုံ ရစေမယ့် လုပ်ငန်းခွင်ကို ရွေးပါ

Sponsored

လုပ်ငန်းခွင် ဝင်ရမယ်ဆိုတာ မှန်ပေမယ့် ကိုယ့်အတွက် အကျိုးဖြစ်စေမယ့် လုပ်ငန်းခွင် ဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ်က အလုပ်လုပ်နေတာ မှန်ပေမယ့် ဘာမှ သင်ယူနိုင်ခွင့် သိပ်မရှိတဲ့ လုပ်ငန်းခွင်က သင့်အရည်အချင်း တိုးတက်မသွားနိုင်ဘဲ ဒီအရည်အချင်းမှာပဲ ရပ်တန့်နေနိုင်ပါတယ်။

Photo by fauxels from Pexels

၂။ အမြဲ လေ့လာနေပါ

လုပ်ငန်းခွင် ဝင်ဖို့ ကြိုးစားနေချိန်မှာလည်း လုပ်ငန်းတွေအကြောင်း၊ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းခွင်တွေနဲ့ ကိုယ့်ကို အတွေ့အကြုံကောင်းတွေ ပေးမယ့် လုပ်ငန်းခွင်တွေအကြောင်း လေ့လာနေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်အရည်အချင်းကိုလည်း တိုးတက်အောင် လေ့လာနေရမှာ ဖြစ်ပါတယ်။

READ
ဖြူဖွေးနုနေတဲ့ အလှလေးနဲ့ ဖမ်းစားလိုက်တဲ့ ၀တ်မှုံရွှေရည်
Photo by Anastasiya Gepp from Pexels

၃။ လစာကောင်းတာကို မမက်ပါနဲ့

လစာက အရေးကြီးတယ်ဆိုပေမယ့် ပထမဆုံး လုပ်ငန်းခွင် စဝင်မယ့်သူတွေအတွက် အတွေ့အကြုံက အရေးကြီးပါတယ်။ ဒီအလုပ်က ကိုယ့်ကို ဘာတွေ သင်ပေးနိုင်မလဲ။ တိုးတက်လာတဲ့ အရည်အချင်းနဲ့ ကိုယ်က လစာကောင်းအောင် ဆက်ကြိုးစားမယ်ဆိုတာမျိုးကို ဦးစားပေးတွေးရပါမယ်။ လစာကို အရင်ကြည့်မယ်ဆိုရင်တော့ ဒီအနေအထားမှာပဲ ရပ်တန့်နေမှာမျိုး ဖြစ်သွားတတ်ပါတယ်။

Photo by Fox from Pexels

၎။ အလုပ်သမား အခွင့်အရေးကို သိပါ

ကိုယ်က လုပ်ငန်းခွင် ဝင်တော့မယ့်သူ ဖြစ်တာမို့ အလုပ်သမားတစ်ယောက်နဲ့ဆိုင်တဲ့ ဥပဒေ ရေးရာတွေကို သိထားရမှာ ဖြစ်ပါတယ်။ လေ့လာထားပြီး ကိုယ့်ကို တက်လမ်းမရှိစေတဲ့ အလုပ်တွေနဲ့ လုပ်အားခေါင်းပုံဖြတ်တဲ့ အလုပ်တွေ ရှောင်နိုင်တာက ကိုယ့်အတွက် လုပ်ငန်းခွင်ကောင်းနဲ့ ကြုံရစေနိုင်ပါတယ်။

Kham

sponsored