ကိုယ့်ချစ်သူ တန်ဖိုးထားတာခံချင်ရင် မိန်းကလေးတွေအနေနဲ့ သတိထားရမယ့် အချက်များ

Pexels/Anastasiya Lobanovskaya
Sponsored

မိန်းကလေးတိုင်း ကိုယ့်ချစ်သူက ကိုယ့်ကိုတန်ဖိုးထားပြီး ချစ်စေချင်ကြတာ သဘာဝပါ။ ဒီလိုမျိုးတန်ဖိုးထားတာ ခံချင်တဲ့မိန်းကလေးတွေအနေနဲ့လည်း ကိုယ့်ဘက်က စပြီးလုပ်ဆောင်ရမယ့် အရာလေးတွေရှိပါတယ်။ ဒီအရာလေးတွေကို လုပ်ဆောင်ခြင်းဖြင့် သင့်ချစ်သူရဲ့ မြတ်နိုးတန်ဖိုးထားမှုကို သင်ရရှိမှာပါ။

(၁) အရှိကိုအရှိတိုင်းကျေနပ်လက်ခံပါ

စိတ်သဘောထား ပြည့်ဝပြီးလှပတဲ့ မိန်းကလေးကို ယောက်ျားလေးတိုင်းက တန်ဖိုးထားကြပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်သဘောထား အခြေအနေဟာ သူ့ရဲ့ဖြစ်တည်မှုအပေါ် ရောင့်ရဲကျေနပ်ခြင်း ရှိ၊မရှိနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကျေနပ်လက်ခံပြီး၊ ရောင့်ရဲပျော်ရွှင်တတ်တဲ့ ချစ်သူမျိုးကို ယောက်ျားလေးတွေက မြတ်နိုးတန်ဖိုးထားကြပါတယ်။ တကယ်လို့ သင်ရဲ့ အစစ်အမှန်၊ ပင်ကိုနဲ့ သင့်ရဲ့သဘာဝကို ချစ်ရကောင်းမှန်း မသိတဲ့ယောက်ျားဆိုရင်တော့ သေချာပါတယ် နှာဘူးပါ။

(၂) ပြသနာရဲ့အဖြေကိုရှာပါ၊ အပြစ်မတင်ပါနဲ့

Pexels/freestocks.org
Sponsored

တစ်ခါတလေ မိန်းကလေးတွေဟာ လနဲ့ချီပြီးကြာနေပြီဖြစ်တဲ့ ပြသနာတစ်ခုကို အမြဲတမ်း ထုတ်ထုတ်ပြောပြီး အပြစ်တင်တတ်ကြပါတယ်။ ဒီအရာတွေက ယောက်ျားလေးတစ်ယောက်ကို ရိုးအီပြီး စိတ်ပျက်သွားစေပါတယ်။ အဲလိုအပြစ်တင်နေမယ့်အစား သူ့ရဲ့ပြသနာပဲဖြစ်ဖြစ်၊ သင့်ရဲ့ပြသနာပဲဖြစ်ဖြစ် ခေါင်းအေးအေးနဲ့ တိုင်ပင်ဆွေးနွေးပြီး အတူတူ အဖြေရှာတာ သင့်ရဲ့တန်ဖိုးကို ပိုတက်လာစေပါတယ်။

READ
Alone ဖြစ်နေတာလား? Lonely ဖြစ်နေတာလား? ဒီ၂ခုကြားမှာကွာခြားမှုရှိပါတယ်။

(၃) သူလိုအပ်နေတာတွေကို အလိုက်သိစွာ နားလည်ပါ

သူဝမ်းနည်းနေတဲ့အချိန်မှာ သင်နှစ်သိမ့်ပေးတာ၊ အားငယ်နေတဲ့အချိန် အားပေးတာတွေဟာ တကယ်ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတလေ ယောက်ျားလေးတစ်ယောက် ခေါင်းအရမ်းရှုပ်လာရင် တစ်ယောက်တည်းနေချင်တဲ့ အချိန်တွေလည်း ရှိတတ်ပါတယ်။ တစ်ချို့အရာတွေဆို သူတို့ ချစ်သူကိုဝင်မပါစေချင်ကြပါဘူး။ အဲလိုအချိန်တွေမှာ သူ့ကိုလွှတ်ပေးထားလိုက်ပါ။ သူ့အနားမှာ တွယ်ကပ်နေရင် သင့်ကို သူစိတ်ညစ်သွားနိုင်ပါတယ်။

(၄) တန်ဖိုးကို တန်ဖိုးနဲ့ တုန့်ပြန်ပါ

Pexels/Asad Photo Maldives

ဆိုလိုတာက သူကမေတ္တာနဲ့ လုပ်ပေးတဲ့အရာကို သင်က မေတ္တာနဲ့ ပြန်တုန့်ပြန်ရပါမယ်။ ဥပမာ-မနေ့ကသင့်ကို သူဟာသတွေပြောပြီး သင်တို့ရယ်ခဲ့ကြတယ်ဆိုပါတော့၊ နောက်နေ့တွေ့တဲ့အခါ မနေ့ကလို ဟာသလေးတွေပြောပါဦး ပျော်လွန်းလို့ပါ ဆိုတာမျိုးကို ဆိုလိုတာပါ။ သူ့စေတနာနဲ့တန်တဲ့ ကြည်နူးမှုမျိုး သင်ပေးရမှာပါ။

(၅) စကားအပြောအဆို သတိထားပါ

စကားဟာ လူတစ်ယောက်ရဲ့တန်ဖိုးပါပဲ။ သင်ပြောလိုက်တဲ့ စကားမှာ သက်ရောက်မှုတွေ အများကြီး ရှိနေတတ်ပါတယ်။ ယောက်ျားလေးတိုင်းဟာ အလေးစားခံချင်ကြတဲ့ သူတွေချည်းပါပဲ။ ဒါကြောင့် သူ့ကို စော်ကားရာရောက်မယ့်စကားတွေ၊ နှိမ်သလိုဖြစ်စေမယ့် စကားတွေကို မပြောမိအောင် စကားပြောတိုင်း အထူးသတိထားပါ။

READ
အပျိုကြီးကျိန်းသေဖြစ်မယ့် မိန်းကလေးတွေမှာတွေ့ရတတ်တဲ့ အချက်(၆)ချက်

Em Em(Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

sponsored