အောင်မြင်ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်လာဖို့ စွန့်လွှတ်လိုက်သင့်တဲ့ အလေ့အကျင့်ဆိုးများ

shutterstock/ Look Studio
Sponsored

တစ်ချို့လူတွေက မလိုအပ်တဲ့အရာတွေမှာ အာရုံစိုက်မှုတွေများတတ်ကြပြီး ကိုယ့်ရဲ့အချိန်တွေကို ကုန်ဆုံးနေစေတတ်ပါတယ်။ တကယ်တော့ တစ်ချို့ကိုယ်လုပ်မိနေတဲ့အရာတွေက ကိုယ့်အတွက် အကျိုးမရှိတဲ့အပြင် အချိန်ကုန်တာ၊ လွဲမှားတဲ့ လမ်းတွေကို လိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘဝမှာ အောင်မြင်ချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ချင်ရင်တော့ ဒီအရာတွေကို စွန့်လွှတ်ဖို့ လိုအပ်ပါတယ်။

လူသစ်တွေနဲ့ တွေ့ဆုံဖို့ မကြိုးစားတာ

shutterstock/yesstock

တိုးတက်အောင်မြင်ချင်တဲ့ သူတစ်ယောက်အတွက် မိတ်ဆွေများများလိုအပ်ပါတယ်။ ကိုယ့်မှာ အပေါင်းအသင်းမိတ်ဆွေများလေလေ အခွင့်အလမ်းတွေ၊ အကြံအဥာဏ်ကောင်းတွေ ပိုရလေပါပဲ။ ဒါကြောင့် ဘဝမှာ ပိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးနိုင်ဖို့ မိတ်ဆွေများများလိုအပ်ပါတယ်။ ဒီတော့ လူသစ်တွေနဲ့ ထပ်ပြီးမပတ်သက်ချင်တဲ့ အတွေးမျိုးကို လွှင့်ပစ်တတ်ရပါမယ်။

အတုအယောင်တွေကို ယုံလွယ်တာ

Sponsored

တစ်ချို့လူတွေက ဗေဒင်၊ နက္ခတ်တွေနဲ့ တစ်ခြားသော ကိုင်တွယ်ပြသလို့ မရတဲ့ အရာတွေကို သိပ်ယုံကြည်တတ်ကြပါတယ်။ ဗေဒင်တွေဆိုတာကလည်း ယုံကြည်သင့်သလောက် ယုံကြည်လို့ရပေမယ့် အယုံလွန်သွားရင်တော့ အကျိုးမရှိပဲ ငွေကုန်ပြီး အစွန်းရောက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် လက်တွေ့သိပ်မဆန်တဲ့ အရာတွေကို အရမ်းကြီး ယုံကြည်တာမျိုးကို စွန့်လွှတ်သင့်ပါတယ်။

READ
အမြဲစမတ်ကျပြီး မိုက်နေတဲ့ နေခြည်ဦး

ကိုယ့်အလုပ်ကို မုန်းနေတာ

shutterstock/ TierneyMJ

တိုးတက်အောင်မြင်ချင်တဲ့ လူတစ်ယောက်ဟာ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်ကို ချစ်ခင်နေတတ်ဖို့ လိုပါတယ်။ ကိုယ်နေ့စဉ်လုပ်နေတဲ့ အလုပ်ကို စိတ်ကုန်နေတာမျိုး၊ မုန်းတီးနေတာမျိုးဖြစ်လာခဲ့မယ်ဆိုရင်တော့ အလုပ်သစ်တစ်ခု ရှာဖွေတာအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်လုံးဝမလုပ်ချင်တဲ့ အလုပ်ကို တာဝန်ဝတ္တရားတစ်ခုတည်းနဲ့ စိတ်မပါလက်မပါ လုပ်ကိုင်နေရင်တော့ ဘယ်လိုမှ တိုးတက်လာမှာ မဟုတ်ပါဘူး။

ကျန်းမာရေးကို အလေးမထားတာ

လူတစ်ယောက်မှာ ကျန်းမာရေးက နံပါတ်တစ်ဖြစ်ပြီး ကျန်းမာနေမှာ ငွေများများရှာနိုင်မယ်၊ စားချင်တာတွေ စားနိုင်မယ်၊ လုပ်ချင်တာတွေ၊ သွားချင်တာတွေ စသဖြင့် ဒါတွေအားလုံးဟာ လူကျန်းမာနေမှ ဖြစ်တာပါ။ ဒါကြောင့် ကိုယ့်ရဲ့နေထိုင်ပုံကို ဂရုစိုက်ပေးဖို့လိုအပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ပုံစံ၊ အလေ့အထလေးတွေ မွေးမြူဖို့လိုအပ်ပါတယ်။ တစ်ချိန်လုံး စိတ်အလိုလိုက်ပြီး ကျန်းမာရေးကို ဆိုးဝါးတဲ့ အလေ့အကျင့်ဆိုးတွေကိုတော့ ဖျောက်ဖို့လိုအပ်ပါတယ်။

နောက်ကျမှ အိပ်ရာက ထတတ်တာ

shutterstock/ GBALLGIGGSPHOTO

စောစောထတဲ့ ငှက်က အစာပိုဝတယ်ဆိုသလိုပဲ စောစောထတဲ့သူက သူ့ရဲ့ တစ်နေ့တာကို ဖြတ်သန်းဖို့ အချိန်လုံလုံလောက်လောက်ရှိပါတယ်။ ဆိုလိုတာကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်လို့ရပြီး အချိန်မမှီမှာမျိုး၊ ပျာယာခတ်ပြီး အလွဲလွဲအချော်ချော်နဲ့ အစီအစဉ်မကျတာမျိုး ဖြစ်မနေပါဘူး။ ဒါကြောင့် နောက်ကျမှ အိပ်ရထတတ်တဲ့အကျင့်ဟာ အောင်မြင်ချင်သူအတွက်တော့ စွန့်ကိုစွန့်လွှတ်ရမယ့် အရာပါ။

READ
ဘာမှမလုပ်ချင်ပဲ အပျင်းကြီးနေတဲ့စိတ်ကို ကုသပေးမယ့် နည်းလမ်းကောင်းများ

အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေရဲ့ စကားတွေကို နားထောင်မိနေတာ

ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ် အတွေးအခေါ်ကောင်းတွေ ပေးတဲ့သူတွေရှိသလို ကိုယ့်ခေါင်းထဲကို အဆိပ်အတောက်တွေ ဖြစ်စေတဲ့ စကားတွေ လာသွင်းတဲ့သူတွေလည်း အများကြီးပါ။ ဒါကြောင့် လူတိုင်းရဲ့ စကားလုံးတွေကို လိုက်နားထောင်ခံစားနေစရာ မလိုပါဘူး။ ယူသင့်တာကို ယူမယ်၊ လိုက်လျူရှုသင့်တာကို ရှုရမယ် ဒါဟာ ကိုယ့်အတွက် အမှန်အကန်ဆုံး လုပ်ရပ်ပါပဲ။ နောက်ပြီ့း ကိုယ့်ဘေးနားက အဆိပ်အတောက်ဖြစ်စေတဲ့ သူတွေနဲ့ ခပ်ကင်းကင်းနေဖို့ လိုအပ်ပါတယ်။

ပိုက်ဆံတွေ အများကြီး သုံးမိနေတာ

shutterstock/ pixelrain

အောင်မြင်ချမ်းသာချင်ရင်တော့ ငွေကို စနစ်တကျ သုံးစွဲတတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်ကိုယ်တိုင် သုံးတာနဲ့ ဖြုန်းတာကို ခွဲခြားတတ်ဖို့လိုအပ်ပြီးတော့ မလိုအပ်ပဲ ငွေသုံးတာကို တတ်နိုင်သလောက် လျော့တတ်ရပါမယ်။ ဒါဆိုရင်တော့ တစ်ချိန်ကျရင် သင်ဟာ အောင်မြင်ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာမှာပါ။

Khin

sponsored