ချစ်သူအဖြစ် မရွေးချယ်ခင် ပျိုမေတို့ အဓိကဦးစားပေး ချင့်ချိန်သင့်တဲ့ အချက် (၅) ချက်

Freepik-cookie_studio
Sponsored

ချစ်သူရည်းစားဆိုတာ ကိုယ့်ဘဝရဲ့အပျော်တွေကို ကူးစက်စေချင်လို့၊ ဘဝရဲ့နေ့ရက်တွေကို ကြည်နူးစွာဖြတ်သန်းဖို့၊ အခက်အခဲတွေရင်ဆိုင်ရတိုင်း တီးတိုးတိုင်ပင်ဖော်ရဖို့မဟုတ်ပါလား။ အဓိကပျော်ချင်လို့ ရည်းစားထားပါတယ်ဆိုကာမှ နေ့တိုင်း တကျက်ကျက်ရန်ဖြစ်ပြီး စိတ်ညစ်နေရမယ်ဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်လေနော်။ ဒီတော့ တစ်စုံတစ်ယောက်ကို ချစ်သူအဖြစ် မရွေးချယ်ခင်မှာ ချစ်တဲ့စိတ်ကလွဲလို့ ဘာတွေအရင်ဆုံး ကြိုစဉ်းစားသင့်တယ်ဆိုတာကို မျှဝေပေးလိုက်ပါတယ်။

Freepik-oneinchpunch

ဥာဏ်ရည်တူရဲ့လား

Sponsored

ချစ်သူဖြစ်ပြီဆိုရင် ဒီလူနဲ့ပဲ ကိုယ့်အချိန်တွေဟာ ကုန်ဆုံးတော့မှာပါ။ တခြားလူတွေထက် စကားတွေအများကြီး ပိုပြောရမယ့်သူဟာ ချစ်သူပေပဲမလို့ ဒီလူဟာ ကိုယ်ရဲ့ စိတ်ဓာတ်ချင်းထပ်တူမကျရင်တောင် တွေးပုံခေါ်ပုံ၊ တွေးခေါ်နိုင်စွမ်းတူရဲ့လားဆိုတာ အရင်ဆုံး လေ့လာပါ။

သူ့ရဲ့ Personality ဘယ်လိုရှိလဲ

Personality လို့ခေါ်တဲ့ စိတ်နေစိတ်ထားဟာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးပါပဲ။ ဒီတော့ ကိုယ့်ရဲ့အရင်းနှီးဆုံးဖြစ်လာမယ့် သူစိမ်းလေးရဲ့ စိတ်နေစိတ်ထားကိုလည်း ချစ်သူမဖြစ်ခင်မှာ အကဲခတ်တတ်ဖို့လိုပါတယ်။ ဒါမှလည်း သူ့စိတ်ဓာတ်ဟာ ကောက်ကျစ်လား၊ သဝန်အရမ်းတိုတတ်လား၊ အလကားနေပြဿနာရှာတတ်လားစသဖြင့် ကြိုသိနေရပါမယ်။ လူဆိုတာမျိုးက ပေါင်းကြည့်မှသိတာမလို့ ချစ်သူမဖြစ်ခင် ဟန်ဆောင်တာမျိုးတွေလည်း ရှိတတ်တယ်လေ။

READ
ကောင်မလေးတွေ ပြောတတ်ကြတဲ့ စကားများရဲ့ ဆန့်ကျင်ဘက်အဓိပ္ပာယ်
Freepik-prostoole

အကျင့်ဆိုးတွေကိုသိထားဖို့လိုမယ်

အရက်ကိုအလွန်အကျွံသောက်တတ်တာလား၊ ရှေ့ရည်းစားတွေတုန်းက ဖောက်ပြန်တတ်လား ဒါမှမဟုတ် ဒေါသလွယ်ပြီး လက်ပါလေ့ရှိတာလားကစလို့ သန့်သန့်ရှင်းရှင်းမနေတတ်တာမျိုးအထိ ကြိုမသိထားဘဲ တွဲလိုက်မှ သိလာတဲ့အခါ ကိုယ့်ဖက်က သည်းခံပြီး ဆက်တွဲနိုင်မှာလား သေချာစဉ်းစားပေါ့။

Freepik-ArthurHidden

သူ့မှာအိပ်မက်တွေရှိရဲ့လား

လူ့တန်ဖိုးဆိုတာ ရုပ်ချောခြင်း၊ ချမ်းသာခြင်း၊ ဘွဲ့ရခြင်းတွေနဲ့မဆိုင်ပါဘူး။ ဘွတ်ဖိနပ်အကောင်းစားစီးပြီး ကားသော့လေး တစ်လှည့်လှည့်နဲ့ကောင်လေးတွေမှာလည်း ရည်မှန်းချက်တွေ၊ အိပ်မက်တွေမရှိရင် အလကားပါပဲ။ ဒီတော့ ချစ်သူအဖြစ်ရွေးချယ်တော့မယ့်ကောင်လေးဟာ အလေလိုက်နေတဲ့သူလား ဒါမှမဟုတ် စိတ်ကူးအိပ်မက်တွေနဲ့ ဘဝတိုးတက်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ ကောင်လေးလားဆိုတာကိုလည်း သေချာသိထားဖို့လိုပါတယ်။ မဟုတ်ရင် တွဲပြီးကာမှ ကိုယ်က ကြိုးစား သူက တစ်နေ့တစ်နေ့ စားလိုက် သောက်လိုက် ဂိမ်းဆော့လိုက် ကလပ်တက်လိုက် ဘားသွားလိုက်နဲ့ဆို နှစ်ယောက်သား အဖုအထစ်တွေရှိလာပါလိမ့်မယ်။

သူ့မိဘတွေကဘယ်လိုမျိုးလဲ

အာရှရဲ့လူနေမှုပတ်ဝန်းကျင်အရ သားသမီးတစ်ယောက်ဟာ မိဘရဲ့ဆုံးဖြတ်ချက်ကို အရမ်းဦးစားပေးတတ်ပါတယ်။ ဒီတော့ တွဲပြီးကာမှ သဘောမတူဘူးမဖြစ်ရလေအောင်၊ ပြဿနာတစ်ခုဖြစ်လာတိုင်း ကိုယ့်ဖက်ကပဲ ခံဖက်ချည်းမဖြစ်ရလေအောင် သူ့ရဲ့မိဘတွေဟာ စိတ်သဘောထားပြည့်ဝရဲ့လား၊ ဘယ်လိုလူမျိုးတွေလဲဆိုတာ သိအောင်လုပ်ပါ။ ဒါကတော့ ရည်ရှည်တွဲမယ့်လူတွေအတွက်ပေါ့နော်။

READ
Relationship တစ်ခုကို ပျက်စီးသွားစေနိုင်တဲ့ အကြောင်းအရာ (၄) မျိုး
Freepik-prostoole

တကယ်တော့ အချစ်ရေးမှာ အချစ်ကဦးစားပေးဆိုပေမယ့် သူ့ရဲ့အခန်းကဏ္ဍကတော့ တစ်စိတ်တစ်ဒေသ ခပ်သေးသေးပဲပါဝင်နေတာပါ။ ချစ်လျက်နဲ့လမ်းခွဲကြတယ်ဆိုတာ ပြင်ပလောကမှာ တကယ်ရှိနေပါတယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ တစ်ယောက်အကျင့်တွေ တစ်ယောက် သည်းမခံနိုင်တဲ့အခါမျိုးတွေမှာ ပြတ်စဲတတ်ကြတဲ့အတွက် ချစ်သူဖြစ်ဖို့ မရွေးချယ်ချင်မှာပဲ အချိန် ၃ လလောက် ဒိတ်ပြီး တစ်ယောက်အကြောင်းတစ်ယောက်သိဖို့ အကဲခတ်ကြတာ အကောင်းဆုံးဖြစ်မှာပါ။

Penny

sponsored