အလေ့အကျင့် အသစ် ဖြစ်လာနိုင်စေဖို့ လိုက်နာပြုလုပ်ရမယ့် အချက်များ

senivpetro/Freepik
Sponsored

အကျင့်တစ်ခုဆိုတာ လွယ်လွယ် ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အမြဲတမ်း ကိုယ်နဲ့ တသားတည်း ဖြစ်တဲ့ အထိ အခေါက်ပေါင်းများစွာ လုပ်မိရာကနေ အကျင့် ဖြစ်လာတာ ဖြစ်ပါတယ်။ ကိုယ် မသိလိုက်ဘဲ လုပ်မိတဲ့ အကျင့်တွေလည်း ရှိနေသလို ကိုယ့်မှာ အကျင့်အဖြစ် ရှိနေစေချင်တဲ့ အချက်တွေလည်း ရှိတတ်ပါတယ်။ ကိုယ့်မှာ လုပ်ချင်တဲ့အရာတွေအတွက် အကျင့်အသစ်အဖြစ် မွေးမြူချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်နော်။

၁။ မပျက်မကွက် လုပ်ပါ

Sponsored

ကိုယ့်မှာ လုပ်ချင်တဲ့အရာ တစ်ခု ရှိလာပြီး အကျင့်တစ်ခုလိုကို လုပ်ချင်တာတဲ့အခါ အကျင့် ဖြစ်လာအောင် မွေးမြူပေးရပါမယ်။ ဒီအတွက် ကိုယ် လုပ်ရမှာက မပျက်မကွက် ပြုလုပ်ဖို့ပါပဲ။ ပန်းချီဆွဲတဲ့ အကျင့်၊ မနက်တိုင်း အားကစားလုပ်တဲ့အကျင့်၊ စသဖြင့် ရှိချင်တဲ့အခါ အချိန်တစ်ခု သတ်မှတ်ထားပြီး အမြဲ မပျက်မကွက် ပြုလုပ်ဖို့ ကြိုးစားရပါမယ်။ တစ်လကျော်လွန်သွားတဲ့အခါ သင်က အကျင့်သစ်နဲ့ အသားကျသွားမှာ ဖြစ်ပါတယ်။

READ
သူတစ်ပါးတွေကိုပျော်စေချင်လို့ ပေါတောတောနေပေးတတ်တဲ့ စိတ်ကောင်းရှိသူတွေဆိုတာ..
Photo by Nathan Cowley from Pexels

၂။ ထပ်တလဲလဲ ဖြစ်ပါစေ

ကိုယ်နဲ့ တသားတည်း ဖြစ်သွားတဲ့ အကျင့်တွေဆိုတာ ကိုယ်က အမြဲ ထပ်တလဲလဲ လုပ်ခဲ့တဲ့အရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်က အကျင့်အသစ် ဖြစ်ဖို့ မပျက်မကွက် လုပ်နေရမှာ ဖြစ်သလို ထပ်တလဲလဲ ဖြစ်တဲ့ အထိ မပျင်းမရိ လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်က အကျင့်သစ် ဖြစ်စေချင်တဲ့ အချက်ကို အမြဲ မရေမတွက်နိုင်တော့တဲ့အထိ ထပ်တလဲလဲ ဖြစ်နေအောင် ပြုလုပ်ပေးမှ သင့်ရဲ့ ခန္ဓာကိုယ်က အကျင့်ကို မှတ်မိမှာ ဖြစ်ပါတယ်။

Photo by Nathan Cowley from Pexels

၃။ မှတ်သားပါ

အကျင့်တစ်ခု ပျိုးထောင်ဖို့က မလွယ်ကူပါဘူး။ အစတိုင်းမှာ မအောင်မြင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီအတွက် ကိုယ်က ဘယ်လောက် အားထုတ်မှုရှိတယ်၊ ဘယ်လောက် ပျင်းရိတယ်ဆိုတာမျိုးကို စာအုပ်ထဲမှာ မှတ်သားထားသင့်ပါတယ်။ ဒါကြောင့် မအောင်မြင်တာက ဘာကြောင့်ဆိုတာကို မြင်နိုင်စေသလို သင့်ဘက် ဘယ်လောက် ကြိုးစားနေတယ်ဆိုတာနဲ့ ဘယ်လောက် ကြိုးစားဖို့ လိုတယ်ဆိုတာကို မှတ်သားထားတာက သင့်ကို အကျင့်သစ် မွေးမြူတဲ့အခါ အထောက်အကူ ဖြစ်စေပါတယ်။

READ
လူတစ်ယောက်ကို ဆုံးမစကားပြောဖို့၊ ထင်မြင်ယူဆချက်တွေ ပြောဖို့မသင့်တော်တဲ့ အချိန် (၅) မျိုး
Photo by freestocks.org from Pexels

၎။ စိတ်အားထက်သန်မှု ရှိပါ

အကျင့်သစ်ကို မွေးမြူတဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ ဒီအကျင့်မျိုးကို သင် တကယ်ပဲ စိတ်အားထက်သန်နေပြီလားဆိုတာပါပဲ။ ဘယ်အရာမဆို ကိုယ်က စိတ်အားထက်သန်မှသာ အောင်မြင်မှု ရရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလို စိတ်အားထက်သန်မှု ဖြစ်စေတဲ့ အကြောင်းအရင်းကိုလည်း အမြဲ ပြန်တွေးပေးခြင်းဖြင့် သင့်ရဲ့ စိတ်အားထက်သန်မှု အမြဲ ရှိနေအောင် ပြုလုပ်ပေးနိုင်ပါတယ်။

Kham

 

sponsored