ပရိသတ်တွေ သိထားသင့်တဲ့ Kim Bum ရဲ့ အကြောင်းများ

IG/k.kbeom
Sponsored

လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က Boys Over Flowers ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ Kim Bum ကတော့ မိန်းကလေးတော်တော်များများရဲ့ အချစ်ဦး ဖြစ်ခဲ့ပါတယ်။ တစ်မျိုးလေးချောတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့သူကတော့ လက်ရှိမှာ Tale of the Nine Tailed ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ထပ်မံ ရရှိထားပါတယ်။ သူ့ရဲ့ အကြောင်းတွေကို ပရိသတ်တွေ သိထားစေဖို့ အခုလိုပဲ ဖော်ပြလိုက်ရပါတယ်။

၁. သူကတော့ အသက် ၃၁ နှစ် ရှိပါပြီ။ မွေးနေ့ကတော့ ဇူလိုင်လ ၇ ရက်၊ ၁၉၈၉ ခုနှစ် ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာပဲ မွေးခဲ့တာ ဖြစ်ပြီး မွေးချင်းထဲမှာ အကြီးဆုံး ဖြစ်ပါတယ်။

Sponsored

၂. သူကတော့ ဆိုးလ်မှာ ရှိတဲ့ ချန်အန်း တက္ကသိုလ်မှာ ရုပ်ရှင်နဲ့ ပြဇာတ်အထူးပြုနဲ့ တက်ရောက်ခဲ့ပါတယ်။

 

၃. သူ့ရဲ့ သရုပ်ဆောင် အဖြစ် ပွဲဦးထွက် ဇာတ်လမ်းကတော့ High Kick(2006) ဖြစ်ပါတယ်။ East of Edenn ဇာတ်လမ်းတွဲမှာ နာမည်စရလာခဲ့ပြီး လေးကားမြောက်ဖြစ်တဲ့ Boys Over Flowers (2009) မှာ စတင် နာမည်ကျော်ကြားခဲ့ပါတယ်။ High Kick sitcom တွေမှာလည်း ဆက်လက် ပါဝင်ခဲ့ပါသေးတယ်။

READ
ဘဝမှာ အရမ်းရှုပ်ထွေး ပင်ပန်းမှုဒဏ်ကို ခံစားလာရတဲ့အခါ ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်ပါ

၎. သရုပ်ဆောင် လောကထဲမှာ ၁၅ နှစ်ကြာအောင် ဖြတ်သန်းခဲ့တဲ့သူက ပရိသတ်တွေကိုလည်း တန်ဖိုးထားပေးတဲ့သူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Kim Bum  သူ့ ပရိသတ်ရဲ့ မင်္ဂလာပွဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ဂုဏ်ပြုပေးခဲ့ပါတယ်လို့ soompi ကနေ ဖော်ပြထားခဲ့ဖူးပါတယ်။

 

၅. သူရဲ့ ပထမဆုံး အနမ်းကတော့ ချစ်သူကောင်မလေးရဲ့ အိမ်ရှေ့မှာ ဖြစ်ပါတယ်။ အသက်ကတော့ ၁၉ နှစ်မှာပါတဲ့။

၆. ၂၀၁၃ ခုနှစ်မှာ အွန်စောအငယ်လေးလို့ လူသိများတဲ့ Moon Geun Young နဲ့ ဒိတ်လုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ သရုပ်ဆောင် Oh Yeon Seo နဲ့ တွဲဖြစ်ခဲ့ပြီး တစ်နှစ်မပြည့်ခင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီမှာ ပြတ်စဲခဲ့ကြပါတယ်။

READ
ကျန်းမာအသက်ရှည်စွာ နေချင်သူတိုင်းအတွက် ပညာရှင်တွေရဲ့ အကြံပေးချက် (၈)ချက်

၇. ၂၀၁၈ မှာ စတင် စစ်မှုထမ်းခဲ့ပြီး ၂၀၂၀ မှာ စစ်မှုထမ်းခြင်း ပြီးဆုံးခဲ့ပါတယ်။

 

၈. မျိုးရိုးလိုက်တဲ့ အဖျားရောဂါတစ်မျိုးကို အသက် ၂၀ ကျော်တည်းက စတင် ခံစားနေရတာ ဖြစ်ပြီး ဒီအချက်ကြောင့်ပဲ စစ်သားတစ်ယောက်အဖြစ် စစ်မှု မထမ်းနိုင်ခဲ့ပါဘူး။ public service worker အဖြစ် အမှုထမ်းခဲ့တာ ဖြစ်ပါတယ်။ သူက အမြဲ တရားထိုင်တာ၊ လေ့ကျင့်ခန်း လုပ်ရတာတွေ ရှိပြီး ကျန်းမာရေးကို အထူး ဂရုစိုက်ရသူ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

NEW PROFILE

A post shared by 김범 kimbum (@k.kbeom) on Jun 15, 2020 at 12:47am PDT

၉. သူက အကြီးဆုံးသားဆိုပေမယ့် ဂွတီးဂွကျနိုင်တဲ့ သူတစ်ယောက် ဖြစ်တယ်လို့ သူက ပြောထားပါတယ်။ သူက ခင်မင်စရာ မကောင်းသလို ချစ်စရာကောင်းအောင် မနေတတ်ဘူးလို့ ဆိုပါတယ်။ စကားချိုချိုသာသာလည်း မပြောတတ်ပါဘူးတဲ့။

၁၀. ၂၀၁၃ တည်းက သူသုံးခဲ့တဲ့ tweeter အကောင့် ရှိပေမယ့် အခုတော့ မသုံးတော့ပါဘူး။ အခုတော့ IG သုံးနေပါတယ်နော်။

Kham

sponsored