ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိစေဖို့ မဖြစ်မနေ သိထားရမယ့် အချက်လေးများ

katemangostar/Freepik
Sponsored

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတာက ဘဝမှာ အများကြီး ပိုပြီး အဆင်ပြေစေတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူက အလုပ်မှာလည်း အဆင်ပြေသလို ဘဝမှာလည်း ကောင်းကျိုးတွေအများကြီး ရှိစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေရင်တော့ ကိုယ့်ရဲ့ ခွန်အားတွေ အားနည်းနေသလို ဖြစ်သွားပြီး အဆင်မပြေတာတွေ များလာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူဖြစ်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

ကိုယ့်အရည်အချင်းကို လက်ခံပါ

Sponsored

လူတိုင်းမှာ အရည်အချင်း ကိုယ်စီ ရှိကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရှိကြတဲ့ အရည်အချင်းတွေကလည်း မတူညီပါဘူး။ ကိုယ့်ကိုယ်ကို အထင်သေးတာမျိုး၊ မကျေမနပ် ဖြစ်တာမျိုး ဖြစ်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိမှာ မဟုတ်ပါဘူး။ ဒီလို မဖြစ်အောင် လက်ရှိ ကိုယ့်ရဲ့ အရည်အချင်းတွေကို လက်ခံဖို့ လိုပါတယ်။ အခု အရည်အချင်းကို လက်ခံပြီး အားမရရင် ပိုပြီး အရည်အချင်း ရှိလာအောင် ကြိုးစားရင်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ကြည့်ဖို့ လိုပါတယ်။

READ
ချစ်ရသူနဲ့ ရွှေလက်တွဲပြီး ခမ်းနားတဲ့ မင်္ဂလာပွဲကြီး ကျင်းပခဲ့တဲ့ Rita Sririta
v.ivash/Freepik

ကိုယ့်ကိုယ်ကို ယုံကြည်ကြည့်ပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းတဲ့သူက ဘဝမှာ ကောင်းကောင်း အလုပ်လုပ်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကိုယ်က လုပ်နိုင်တယ်ဆိုတဲ့ အရာတွေ လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို ယုံကြည်ကြည့်ပါ။ မလုပ်နိုင်သေးရင်လည်း ကြိုးစားနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးတွေ ထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။

diana.grytsku/Freepik

တခြားသူတွေအမြင်ကို မကြည့်ပါနဲ့

ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အားနည်းနေရတဲ့ အကြောင်းအရင်းတွေထဲမှာ တခြားသူတွေရဲ့ အမြင်ကို ထည့်တွေးနေလို့လည်း ဖြစ်ပါတယ်။ တခြားသူတွေက ဘယ်လို မြင်မလဲ၊ အဆင်မှပြေပါ့မလား စတဲ့ စိုးရိမ်မှုတွေ ရှိနေသ၍ ကိုယ့်ကိုယ်ကို ယုံကြည်မှုက တိုးလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် တခြားသူတွေ ဘယ်လို မြင်မလဲဆိုတာကို မတွေးပဲ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကိုပဲ ထားမယ်ဆိုရင် ပိုပြီး ယုံကြည်မှုတွေ တိုးလာပါလိမ့်မယ်။

READ
"Train to Busan" နောက်ဆက်တွဲဇာတ်ကား ရိုက်ကူးမည်ဟု ဒါရိုက်တာ အတည်ပြု
mego-studio/Freepik

အကဲဖြတ်မှာ မစိုးရိမ်ပါနဲ့

လူတိုင်းမှာက ထင်မြင်ချက်တွေ ရှိနေပါတယ်။ ကိုယ်စီ ရှိနေတဲ့ စိတ်အခံတွေကနေ အကဲဖြတ်တာ ဖြစ်လို့ အကဲဖြတ်တာတွေကို ဂရုစိုက်နေဖို့ မလိုပါဘူး။ မကောင်းတဲ့စိတ်အသိရှိတဲ့သူတွေကတော့ မကောင်းတဲ့စိတ်နဲ့ပဲ အကဲဖြတ်မှာ ဖြစ်သလို အပြစ်တင်ချင်တဲ့သူကတော့ အပြစ်ကိုပဲ ကြည့်နေမှာပါ။ ဒါကြောင့် ဘယ်သူတွေ ဘယ်လိုပဲ အကဲဖြတ်ဖြတ် ကိုယ့်ရဲ့ စည်းစံအတိုင်းပဲ လုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိလာမှာပါ။

senivpetro/Freepik

အမှားတွေကို မကြောက်ပါနဲ့

မှားတာကို ကြောက်နေရင် ဘာမှ လုပ်ဖြစ်နေမှာ မဟုတ်ပါဘူး။ လူတိုင်းက မှားတတ်ပါတယ်။ အမှားတွေဆိုတာ ကိုယ့်ကို ပိုပြီး အဆင်ပြေလာစေမယ့် လမ်းစတွေလည်း ဖြစ်ပါတယ်။ ပြင်မရတဲ့ အမှားတွေမျိုးကလွဲရင် တခြားသော အရာတွေကို မှားမှာ မစိုးရိမ်ဘဲ ရဲရဲသာ လုပ်ပါ။ ဒါမှ သင်က လွဲနေတာတွေကို မြင်လာပြီး နောက်တစ်ကြိမ်မှာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရမှာ ဖြစ်ပါတယ်။

Kham

 

sponsored