အစားစားပြီးပြီးချင်း ချက်ချင်း တန်းမလုပ်သင့်တဲ့ အရာ (၅) မျိုး

tirachardz/Freepik
Sponsored

အစား စားပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ အနေအထိုင်ကို အနည်းငယ် ဆင်ခြင်ပေးဖို့ လိုအပ်ပါတယ်။ အစားစားပြီးတာနဲ့ တစ်ချို့တွေကတော့ လ္ဘက်ရည်တစ်ခွက်လောက် သောက်လေ့ ရှိသလို တစ်ချို့ကတော့ ဆေးလိပ်တစ်ဖွာလောက် ဖွာတတ်ကြပါတယ်။ အစားစားပြီးတာနဲ့ တန်းလုပ်တဲ့ တစ်ချို့သော အပြုအမူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အစားစားပြီးတာနဲ့ တန်းပြီး မလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မအိပ်ပါနဲ့

Sponsored

အစားစားပြီးတဲ့အခါ ဗိုက်လေးပြီး အိပ်ချင်စိတ် ဖြစ်လာလို့ အိပ်လိုက်ကြတဲ့သူတွေ ရှိပါတယ်။ တကယ်တော့ စားပြီး တရေးတမော အိပ်ခြင်းက အနားယူခြင်း မဟုတ်သလို မသင့်လျှော်ပါဘူး။ အစာခြေတာ နှောင့်နှေးသွားစေလို့ မလုပ်သင့်တဲ့ အချက် ဖြစ်ပါတယ်။

jcomp/Freepik

(၂) ဆေးလိပ်မသောက်ပါနဲ့

READ
အထီးကျန်လွန်းတဲ့အတွက်ကြောင့် kylieဆီကို အရက်မူးပြီးဖုန်းဆက်ခဲ့တဲ့ Tyga

ဆေးလိပ်သောက်တတ်သူ အများစုကတော့ အစားစားပြီးတိုင်း ဆေးလိပ်လေး ဖွာချင်စိတ် ဖြစ်လာတတ်ပါတယ်။ တကယ်တော့ အစားစားပြီး တန်း ဆေးလိပ်သောက်တာက မလုပ်သင့်ပါဘူး။ အစားစားပြီး ဆေးလိပ်သောက်တာက ပုံမှန် ဆေးလိပ် ၁၀ သောက်တဲ့နှုန်းနဲ့ သွားညီတတ်ပါတယ်။ ဒါကြောင့် ရှောင်ရှားသင့်ပါတယ်။

Freepik.com

(၃) ရေမချိုးပါနဲ့

အစားစားပြီးတဲ့ အချိန်မှာ ရေချိုးလိုက်တာမျိုးက အစာခြေစနစ်ကို ကြာမြင့်စေပါတယ်။ အစာခြေစနစ်အစား တခြားသော အလုပ်တွေကို လုပ်လိုက်ရတာမို့ အစားစားပြီးရင် ဘာအကြောင်းနဲ့မှ ရေချိုးတာမျိုး မလုပ်လေ ကောင်းလေပါပဲနော်။

lifeforstock/Freepik

(၄) အသီးမစားပါနဲ့

အစားအစာတွေက တစ်ခုနဲ့ တစ်ခု အစာခြေတဲ့နှုန်း၊ အစာခြေတဲ့ ကြာချိန် မတူညီကြပါဘူး။ အသီးတွေကတော့ ထမင်းမစားခင် အရင် စားသုံးသင့်ပါတယ်။ ထမင်းမစားခင် တစ်နာရီ၊ နှစ်နာရီ အလိုမှာ အသီးစားတာက အစာပိုခြေနိုင်ပြီး ထမင်းစားပြီးမှ အသီးစားမယ်ဆိုရင်တော့ အစာချက်ဖို့က ခက်ခဲသွားပါလိမ့်မယ်။

READ
(၁)လအတွင်း ဆံပင်တွေအရှည်မြန်ပြီး အုံ့ထူလာစေဖို့ ဒီနည်းလေးတွေကို လုပ်ကြည့်လိုက်ပါ
lifeforstock/Freepik

(၅) လ္ဘက်ရည်

လ္ဘက်ရည်က အစာခြေစနစ်ကို သက်ရောက်နေပါတယ်။ တကယ်လို့ အသားစားတဲ့ အခါမျိုးမှာ လ္ဘက်ရည်မှာ ပါတဲ့ အက်စစ်ဓာတ်တစ်မျိုးက ပရိုတိန်းကို အစာခြေဖို့ ခက်ခဲတာ ကြာမြင့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် အစားအစားပြီး လ္ဘက်ရည်ချက်ချင်းသောက်တာက သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူတဲ့အခါမှာလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ အစားစားပြီး တစ်နာရီလောက်ကြာမှ သောက်တာ အသင့်တော်ဆုံးပါပဲ။

Kham

sponsored