ပျော်ရွှင်မှုတွေ သင့်ဆီ ရောက်လာဖို့ ဒီနေ့ကစ စွန့်ပစ်လိုက်ရမယ့် အရာများ

Photo by Min An from Pexels
Sponsored

လူတိုင်းက ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။ ပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ တစ်ချို့သော အနှောင့်အယှက်တွေကို စွန့်ပစ်လိုက်ဖို့ လိုပါတယ်။ ပျော်ရွှင်ရစေတဲ့ အခွင့်အရေးတွေကို ပိတ်ပင်မိတတ်တဲ့ အကျင့်တွေကို ကိုယ်တိုင်က စွဲလမ်းနေမိတတ်တာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုတွေ မကြာခဏ ရောက်လာဖို့ သင့်ဆီက ဒီအချက်တွေကို အမြန်ဆုံး စွန့်လွှတ်လိုက်ပါနော်။

(၁) စိတ်ထွက်ပေါက် မထားတာ

Sponsored

စိတ်ဆိုတာ လေဟာပြင်လိုမျိုး အလိုလို ပြန့်သွားတာမျိုး မဟုတ်ပါဘူး။ စိတ်ခံစားချက် ရှိတဲ့လူသားတွေ ဖြစ်လို့ စိတ်ခံစားချက်တွေကို ဖော်ပြရပါတယ်။ ဒီလိုမျိုး ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ နာကျင်တာ၊ စိတ်ပင်ပန်းလွန်းတာ စတဲ့ ခံစားချက်တွေ ဖြစ်တိုင်း ထုတ်မပြဘဲ သိမ်းထားတာက သင့်ကို ပိုပြီး မွန်းကြပ်စေပါတယ်။ ဒါကြောင့် ခံစားချက်တိုင်းကို သူ့နေရာနဲ့ သူ ထုတ်ပစ်လိုက်ဖို့ လိုအပ်တာကို မေ့မထားမှသာ ပိုပြီး ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။

READ
မိဘနဲ့သားသမီး မျိုးရိုးလိုက် ရုပ်ချင်းဆင်တူကြောင်း သက်သေပြခဲ့ကြတဲ့သူတို့
Photo by Juan Pablo Serrano Arenas from Pexels

(၂) ဒေါသထွက်လွယ်တာ

ခံစားချက်တွေကို ထုတ်ပြဖို့ လိုတယ်ဆိုပေမယ့် ပုံမှန်ထက် ပိုတဲ့ ခံစားချက်တွေကလည်း သင့်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒေါသ မထွက်လည်း ဖြစ်တဲ့ ကိစ္စရပ်တွေကိုပါ စိတ်မရှည်ဘဲ ဒေါသထွက်မိတယ်၊ ဒေါသထွက်တဲ့ အကြိမ်ရေကလည်း များနေတယ်ဆိုရင်တော့ သင့်ပျော်ရွှင်ချိန်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိထားပြီး စွန့်ပစ်ရမှာပါ။

shutterstock/  Alliance Images

(၃) မြိုသိပ်ထားလွန်းတာ

အရာရာကို မြိုသိပ်ထားတာကလည်း ကောင်းတဲ့ အကျင့် မဟုတ်ပါဘူး။ ပြောစရာ ရှိတာကို ပြောချင်မိရင်တောင်မှ ထုတ်မပြောကြတဲ့ သူတွေ ရှိပါတယ်။ ဒီလို ပြောစရာ ရှိတာကို ထုတ်မပြောဘဲ မြုံထားတတ်ကြတဲ့သူတွေကလည်း ခံစားချက်တွေကို မထုတ်တဲ့သူတွေနဲ့ ဆင်တူပါတယ်။ ဒီအချက်ကလည်း ပျော်ရွှင်ဖို့ အနှောင့်အယှက် ဖြစ်စေတာမို့ စွန့်လွှတ်လိုက်သင့်ပါတယ်။

READ
ရင်သားကိတ်ချင်သူတွေ အတွက် ဖန်တီးပေးထားတဲ့ T-shirt
Photo by Riccardo Bresciani from Pexels

(၄) အသေးစိတ်ကို ခံစားနေတာ

တစ်ချို့ကျတော့ ပုံမှန်ထက်  ပိုပြီး ခံစားမိနေတတ်ကြပါတယ်။ ပုံမှန် ပြောလိုက်တဲ့လေသံကိုတောင် ပြစ်တင်လိုက်တယ်လို့ ယူဆမိပြီး ခံစားရတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် အသေးစိတ် အပ်ကျတာကအစ ခံစားတတ်တယ်ဆိုရင်တော့ အလွယ်မခံစားရအောင် အာရုံပြောင်းတာတွေ လုပ်ရင်း ဒီအကျင့်ကို ရပ်ပစ်ရမှာပါ။ ဒါဆို ပိုပြီး ပျော်ရွှင်လာရပါလိမ့်မယ်။

yanalya/Freepik

(၅) ရေရှည်ကို မတွေးတာ

ရေရှည်ကို မတွေးတဲ့သူကလည်း လတ်တလော အဆင်ပြေနေရင် မသိသာပေမယ့် ရေရှည်မှာ အမြဲ ခက်ခဲနေတတ်ပါတယ်။ ဒီလို ရေရှည်ကို မတွေးတဲ့အကျင့်ကြောင့် ဘေးနားကသူတွေကိုပါ စိတ်ညစ်စေတတ်ပါတယ်။ ဒါကြောင့် ရေရှည်မတွေးတတ်တဲ့ အကျင့်ကို စွန့်ပစ်ပြီး ရေရှည်ကို တွေးပြီး လုပ်တတ်တဲ့အကျင့်ကို မွေးမြူရမှာ ဖြစ်ပါတယ်။

Kham

sponsored