ချစ်သူကောင်လေးဘက်က ပြတ်စဲချင်လောက်အောင် ဖြစ်သွားစေနိုင်တဲ့ သင့်ရဲ့အပြုအမူများ

Sponsored

အချစ်ရေးမှာ ကောင်လေးနဲ့ကောင်မလေး နှစ်ဦးနှစ်ဖက်က နွေးထွေးမှုရှိဖို့ အရေးကြီးပါတယ်။ အဲ့လိုမဟုတ်ဘဲ အချစ်ရေးတစ်ခုက ပြိုကွဲသွားတဲ့အခါ ဘယ်သူ့အမှားကြောင့်၊ ဘာကြောင့်ဆိုတာရယ်လို့ ပြောရခက်ပါတယ်။ အခုပြောပြမှာကတော့ ယောကျာ်းလေးဘက်က ကောင်မလေးကို ကြောက်သွားနိုင်တဲ့အချက်တွေပါ။ မိန်းကလေးတစ်ယောက်က ဒီလိုလုပ်ရပ်တွေလုပ်တဲ့အခါ ယောကျာ်းလေးက ဒီအချစ်ရေးကို ရပ်တန့်ချင်စိတ်တွေပေါက်လာနိုင်ပါတယ်။

(၁) ရည်းစားဟောင်းနဲ့အမြဲနှိုင်းယှဉ်နေတာ

ရည်းစားဟောင်းဆိုတာ ပြီးသွားတဲ့ ဇာတ်လမ်းပါ။ အဲ့ဒါကို အခုလက်ရှိချစ်သူရှေ့မှာ ရည်းစားဟောင်းအကြောင်း မကြာခပြောပြီး နှိုင်းယှဉ်နေမယ်ဆိုရင် သင့်ကို သူတဖြည်းဖြည်း စိတ်ပျက်လာနိုင်ပါတယ်။

(၂) သူ့ရဲ့သူငယ်ချင်းတွေနဲ့ပတ်သက်လို့အရမ်းဝင်စွက်ဖက်တာ

shutterstock
Sponsored

လူတိုင်းမှာ ကိုယ်ပိုင်ကမ္ဘာလေးတွေရှိကြပါတယ်။ ဘယ်လောက်ပဲ ချစ်သူတွေဆိုပေမယ့် သူ့အနေနဲ့ သင့်ကိုမသိစေချင်တဲ့ ကိစ္စတွေဆိုတာရှိမှာပါပဲ။ အဲ့ဒါမျိုးနားလည်ပေးဖို့ဝေးစွ၊ သူငယ်ချင်းတွေနဲ့ ပတ်သက်တာကိုတောင်မှ လိုက်ပိတ်ပင်တားဆီးပြီး စွက်ဖက်လွန်းနေရင် စိတ်ကျဉ်းကျပ်မှုတွေဖြစ်လာပြီး ဒီအချစ်ရေးကိုလည်း စိတ်ကုန်လာပါလိမ့်မယ်။

(၃) status တင်တာကအစ လိုက်ထိန်းချုပ်နေတာ

ကိုယ့်ခံစားချက်တွေကိုတောင် ကိုယ်ပိုင် social media ပေါ်မှာ လွတ်လွတ်လပ်လပ်တင်လို့မရတဲ့  ဘ၀ကို စဉ်းစားဖူးရဲ့လား။ ကိုယ့်ချစ်သူကို အဲ့လိုလုပ်မိနေပြီဆိုရင်တော့ မကြာခင်မှာပဲ သင့်ကို စိတ်ကုန်သွားပါလိမ့်မယ်။

READ
အသားနာရသလိုပဲ စကားကြောင့်ဖြစ်လာနိုင်တဲ့ စိတ်ညှင်းပန်းမှုအန္တရာယ်များ

(၄) နှစ်ယောက်ရဲ့အခြေအနေကိုအမြဲတမ်း social media မှာတင်နေတာ

shutterstock

အချစ်ရေးအကြောင်းတွေကို social media ပေါ်မှာအမြဲတမ်းတင်နေတာက သိပ်ကောင်းတဲ့ အကျင့်တော့မဟုတ်ပါဘူး။ အချစ်ရေးဆိုတာ လူနှစ်ယောက်နဲ့သက်ဆိုင်တဲ့ခံစားချက်ဖြစ်တာကြောင့် ပျော်စရာတွေမှန်သမျှ၊ ပြဿနာတွေမှန်သမျှကိုလူတိုင်းသိအောင် တင်နေတာက သူ့ဘက်က သင့်ကိုစိတ်ကုန်ရခြင်း အကြောင်းရင်းတစ်ခုဖြစ်သွားနိုင်ပါတယ်။

(၆) စစ်ဆေးမေးမြန်းလွန်းတာ

shutterstock

နေရာတကာ အပြစ်သားတစ်ယောက်လို အစစ်ခံနေရရင် ဘယ်သူမှကြိုက်မှာမဟုတ်ပါဘူး။ ဒါကြောင့် ချစ်သူကောင်လေးကို အဲ့လို အမြဲတမ်းစစ်ဆေးမေးမြန်းနေတတ်တယ်ဆိုရင် သူ့ဘက်က စိတ်ပျက်လာပါလိမ့်မယ်။

(၇) လက်ထပ်မှာလားလို့ ခဏခဏမေးနေတာ

တကယ်ချစ်ရင် လက်ထပ်ဖို့ရည်ရွယ်ထားပြီးသားပါ။ တကယ်မချစ်ရင်တော့လည်းမသိဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ခဏခဏ လက်ထပ်မှာလားလို့မေးနေတာက သူ့ကို ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်တာကြောင့်  မမေးသင့်ပါဘူး။

ချစ်သူနဲ့ပြတ်သွားခဲ့တဲ့ မမ၊ ညီမလေးတွေ ဒီအချက်တွေကို လုပ်ခဲ့ကြသလားဆိုတာ ပြန်စဉ်းစားကြည့်ပါဦးနော်။

MAY THAZINHTOO

sponsored