ပျိုမေတို့ တစ်ခြားသူကို ဘယ်တော့မှ ထုတ်ဖော်မပြောပြသင့်တဲ့ အကြောင်းအရာ(၅)မျိုး

shutterstock/Diana Indiana
Sponsored

လူတိုင်းမှာ ကိုယ်တစ်ယောက်တည်းပဲ သိထားသင့်တဲ့ လျို့ဝှက်ချက်တွေ ဆိုတာ ရှိတတ်ပါတယ်။ ဒီလိုပဲ တစ်ချို့အရာတွေက တစ်ဖက်လူ သိနိုင်တယ်ဆိုရင်တောင် ကိုယ့်ဘက်ကတော့ ထုတ်ပြောဖို့ မသင့်တဲ့ အရာလေးတွေ ရှိလို့နေပါတယ်နော်။ မိန်းကလေးတွေအနေနဲ့ ဒီလိုအရာတွေကို ဘယ်တော့မှ တစ်ခြားသူကို ထုတ်ဖော်မပြောသင့်ပါဘူး။

တစ်ခါတစ်လေ ex ကို check မိတဲ့အ‌ကြောင်း

Freepik- freepik

မိန်းကလေးတွေက ကိုယ်နဲ့ ဘာမှမဆိုင်တော့တဲ့ ရည်စားဟောင်း အကြောင်းတွေကို တစ်ခါတစ်လေ လိုက်စုံစမ်းမိတာမျိုးတွေ ပြုလုပ်တတ်ကြပါတယ်။ တကယ်တော့ သူနဲ့ ကိုယ်က ဘာမှမပတ်သက်တော့ပေမယ့် သူဘာလုပ်တယ်၊ ဘယ်သူနဲ့ ဒိတ်တယ်စသဖြင့် ဒါတွေကို သိချင်စိတ်က တားမရတာမျိုးပေါ့။ ဒါက အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခြားသူတွေကိုတော့ ဒီအကြောင်းအရာကို ပြောဖို့ မသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခုအချိန်ထိ သင် သူ့ကို စိတ်မကုန်သေးဘူးလို့ ထင်သွားနိုင်တာ ဒါမှမဟုတ် သူ ပြန်လာဖို့ကို မျှော်လင့်နေတယ်လို့ ထင်သွားနိုင်တာမို့လို့ပါ။

သင်လည်း ဆိုးသွမ်းတတ်တယ်ဆိုတာ

shutterstock/ Just dance
Sponsored

လူတိုင်းမှာ အမှောင်ခြမ်းနဲ့ အလင်းခြမ်းဆိုတာ ရှိတတ်ပါတယ်။ ဒီတော့ တစ်ခါတစ်လေ သင်စိတ်မကြည်လို့ တစ်စုံတစ်ယောက်အပေါ် ဆိုးပြီးဆက်ဆံတာမျိုးတွေ၊ တစ်ခါတစ်လေ ကိုယ်အလိုမကျမှုကြောင့် တစ်ယောက်ယောက်ကို ငြူစူတာမျိုးတွေ လုပ်တတ်မှာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ် လူကောင်းလို့ မြင်စေချင်တဲ့ စိတ်နဲ့ ငါဟာ ဘယ်လိုလူမျိုးပါလို့ တစ်ခြားသူတွေဆီမှာ လိုက်ပြောနေစရာ မလိုပါဘူး။ ဒီအချက်ဟာ သင်တစ်ယောက်တည်းဆီမှာ မဟုတ်ပဲ လူတိုင်းဆီမှာ ရှိနေတတ်ပါတယ်။ အလကား ပြောလိုက်ကာမှ ကိုယ့်ကိုယ် မကောင်းတဲ့ သူလို့ မြင်သွားစေနိုင်ပါတယ်။

READ
ပြန်လည် အစပျိုးလာတဲ့ KIM KARDASHIAN နဲ့ TAYLOR SWIFT တို့ကြားက ရန်စမီး

တစ်ခါတစ်လေ ရေမချိုးပဲ အပျင်းကြီးတဲ့ အကြောင်း

Photo by Andrea Piacquadio from Pexels

လူတိုင်းက ပျင်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တစ်ခါတစ်လေ ဘာမှကိုမလုပ်ချင်ပဲ နေရတာဟာ ဇိမ်ဆိုတာကို သိသွားတဲ့ အခါမှာပေါ့။ ဒီတော့ တစ်ရက်တစ်လေ ရေမချိုးပဲ အပျင်းကြီးကောင်း ကြီးနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်အနေနဲ့ ဒီအချက်ကို တစ်ခြားသူတွေကို မပြောသင့်ပါဘူး။ ဒါက သင့်ကို ညစ်ပတ်တဲ့ သူလို့ မြင်သွားစေနိုင်လို့ပါပဲ။

ကလေးယူဖို့ အစီအစဉ်မရှိတဲ့ အကြောင်း

တော်တော်များများသော မိန်းကလေးတွေက လက်ထပ်ပြီးတဲ့အချိန် ကလေးယူဖို့ကို အစီအစဉ်မရှိတတ်ကြပါဘူး။ တစ်ချို့ကလည်း ကလေးမွေးရမှာ ကြောက်လို့၊ တစ်ချို့က လွတ်လပ်မှုတွေ ဆုံးရှုံးမှာ ကြောက်လို့ စသဖြင့်ပေါ့ ဘာကြောင့်ပဲဖြစ်ဖြစ်ပါ ဒါက မိခင်လောင်း မဖြစ်ခင်မှာသာ ဖြစ်တတ်တာပါ။ ဒီလို ကလေးယူဖို့ အစီအစဉ်မရှိတဲ့အကြောင်းကို တစ်ခြားသူတွေဆီမှာ မပြောသင့်ပါဘူး။ ဒါက သင့်ကို အပြစ်တင် ဝေဖန်မှုတွေ ရှိလာမှာ ဖြစ်လို့ပဲ ဖြစ်ပါတယ်။

READ
သားဖြစ်သူ တက်ရောက်မယ့် တက္ကသိုလ်သို့ ဂျိုလီ အလည်သွားရောက်ခဲ့

ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်ဝင်မိတဲ့ အကြောင်း

Photo by Denniz Futalan from Pexels

လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီးပဲ ဖြစ်ဖြစ်၊ ကြိုးစားနေဆဲ အမျိုးသမီးပဲ ဖြစ်ဖြစ် လူတိုင်းမှာ ကိုယ်မကျွမ်းကျင်တဲ့ အရာလေးတွေအတွက် စိုးရိမ်မှုလေးတွေ ရှိတတ်ကြတာပါပဲ။ ဘယ်လောက်တော်တဲ့ သူပဲဖြစ်ဖြစ် ငါဒါကို လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှု ဝင်တတ်ကြပါတယ်။ ဒါပေမယ့် ဒါကို သူများတွေကို ပြောပြနေစရာ မလိုပါဘူး။ ဒါဟာ လူတိုင်း ခံစားမိတဲ့ အရာပါ ဒါကို တစ်ခြားသူတွေဆီ ပြောပြလိုက်တာက ကိုယ့်အပေါ် မကောင်းတဲ့သူတွေက ကိုယ့်အားနည်းချက်ကို အသုံးချလာနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ ဒါတွေကို တစ်ခြားသူတွေဆီမှာ မပြောသင့်ပါဘူး။

Khin

sponsored