2013 ခုနှစ်ကမှ အနုပညာလောကထဲကို ဝင်လာတဲ့ မင်းသားချောလေး Nam Joo-hyuk ကိုတော့ သိကြမှာပါနော်။ Weightlifting Fairy Kim Bok-Joo ထဲက ဘော်ဒီတောင့်တောင့်နဲ့ အပြုံးချိုချိုပိုင်ရှင် မင်းသားလေးကတော့ Start Up ဆိုတဲ့ ဒရာမာအသစ်နဲ့ ပရိသတ်တွေရှေ့ တစ်ဖန်ပြန်ရောက်လာပါပြီ။ မင်းသားလေးရဲ့ လူသိပ်မသိသေးတဲ့ အချက်လေးတွေကို ပြောပြရမယ်ဆိုရင်တော့…
(၁)Nam Joo-hyuk က ညမအိပ်ခင်မှာ Push Up ကို 4 မိနစ်တိတိလုပ်ပြီးမှ အိပ်ပါတယ်တဲ့။
(၂)အကြိုက်ဆုံး အသားကတော့ ကြက်သားပါပဲတဲ့။
View this post on Instagram
(၃)ထူးထူးဆန်းဆန်းပါပဲ။ ကိုးရီးယားလူမျိုးတွေရဲ့ အကြိုက်ဖြစ်တဲ့ ခေါက်ဆွဲအေးကိုတော့ လုံးဝမကြိုက်ပါဘူးတဲ့။
(၃)အကြိုက်ဆုံး အရောင်တွေကတော့ အမည်းနဲ့အပြာပဲ ဖြစ်ပါတယ်တဲ့။
View this post on Instagram
(၄)Park Ji-Sung ကတော့ သူအရမ်းအားကျရသူတစ်ယောက်ပါတဲ့။
(၅)အသက် ၃၂ က သူ့အတွက် အိမ်ထောင်ပြုဖို့ အကောင်းဆုံး အချိန်လို့ သတ်မှတ်ထားပါတယ်တဲ့။
(၆)သူကတော့ ရုပ်ရည်အရ စွဲဆောင်မှုရှိသူတွေကို အရမ်းသဘောကျတက်ပါတယ်တဲ့။
View this post on Instagram
(၇)စိတ်ထားကောင်းတဲ့ ကောင်မလေးတွေကို သဘောကျပြီး သူနဲ့အကျင့်တူ အကြိုက်တူမယ့် ကောင်မလေးမျိုးကို လိုချင်ပါတယ်တဲ့ရှင်။
TPS