Girls’ Generation အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Seohyun ကတော့ အခုချိန်မှာ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာပြီပဲ ဖြစ်ပါတယ်။ Moon Lovers: Scarlet Heart Ryeo မှာ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်ခဲ့ပြီး အခုဆိုရင်တော့ Netflix ရဲ့ ဒရာမာအသစ်တစ်ခု ဖြစ်တဲ့ Private Lives မှာ ခေါင်းဆောင် မင်းသမီးနေရာက ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
View this post on Instagram
သူမရဲ့ စိတ်ဝင်စားစရာအချက်လေးတွေ ဖော်ပြရမယ်ဆိုရင်တော့…
(၁) အချိန်ပြည့် ကင်မရာတစ်လုံးကို ဆောင်ထားတတ်ပြီး အမြဲသုံးလေ့မရှိပါဘူးတဲ့။ သုံးရင်လဲ Selfie ရိုက်ဖို့ သပ်သပ်ပဲ သုံးလေ့ရှိပါတယ်တဲ့။
(၂) စာဖတ်ရတာကို နှစ်သက်သော်လည်း အမြဲတော့ ဖတ်လေ့မရှိပါဘူးတဲ့။
View this post on Instagram
(၃) အကြိုက်ဆုံး စားစရာကတော့ ကန်စွန်းဥပါပဲတဲ့။
(၄) အဆိုလည်းကောင်းသလို စန္ဒားရားလည်း အတီးတော်သူလေးပါတဲ့။
View this post on Instagram
(၅) ည(၁၂)နာရီကို တစ်စက္ကန့်တောင် အစွန်းမခံပဲ အိပ်ယာဝင်ပါတယ်တဲ့။
(၆) ဒိုင်ယာရီတစ်အုပ် အမြဲဆောင်လေ့ရှိပြီး စာတိုလေးတွေ စိတ်ကူးရရင်ရသလို ချရေးတက်ပါတယ်တဲ့။
View this post on Instagram
(၇) Girls’ Generation အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yoona နဲ့ သူမက ငယ်သူငယ်ချင်းတွေပါတဲ့။
(၈) သူမရဲ့စိတ်ကူးထဲက သတို့သားပုံစံကတော့ Johnny Depp လိုပုံစံမျိုးပါတဲ့။
TPS