Dream High ထဲကမင်းသမီးလေး Suzy ကတော့ အခု အရမ်းလူကြိုက်များနေတဲ့ Netflix က ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Start Up မှာ ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ခဲ့ပါတယ်။ Suzy က F4 မင်းသားဖြစ်တဲ့ Lee Min Ho ရဲ့ ချစ်သူဟောင်းဆိုလဲ မမှားပါဘူး။ Suzy လေးရဲ့ လူသိပ်မသိသေးတဲက အချက်လေးတွေ ပြောပြရမယ်ဆိုရင်တော့…
(၁) Suzy ရဲ့ပထမဆုံး အနှပညာခြေလှမ်းကတော့ ရှော့ပင်းစင်တာတစ်ခုရဲ့ မော်ဒယ်အလုပ်ပဲ ဖြစ်ပါတယ်။ သူမ အသက်(၁၅)နှစ်မှာတည်းက အနုပညာအလုပ်ကို စတင်ခဲ့တာဖြစ်ပြီး ကျောင်းမှာထဲက အဆိုတော်ဖြစ်ချင်သူလေးပဲ ဖြစ်ပါတယ်။
(၂) Miss A အဖွဲ့ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ အသက်အငယ်ဆုံးပေမယ့် အအောင်မြင်ဆုံးနဲ့ ခေါင်းဆောင်အဆိုတော်နော်။
(၃) Kim Soo-hyun နဲ့ သရုပ်ဆောင်ခဲ့တဲ့ Dream High Series မှာ 2011 KBS Drama Awards မှာ Suzy ဆု သုံးဆုရခဲ့ပါတယ်။ ရခဲ့တဲ့ ဆုတွေကတော့ “ Hot New Star” “ Best New Actress” နဲ့ “ Best Couple” ဆုတို့ပဲဖြစ်ပါတယ်။
View this post on Instagram
(၄) Suzy က ဝိတ်တက်လွယ်တဲ့ လူမျိုးထဲမှာပါပါတယ်တဲ့။ အဲတာကြောင့် အမြဲ Diet နဲ့စားတဲ့ အစားအသောက်တွေကို သတိထားနေပေမယ့် တော်တော်ဒုက္ခရောက်စေတယ်လို့ ပြောဖူးပါတယ်။
(၅) ချစ်သူဟောင်း Lee Min Ho ရဲ့ ဇာတ်ကားဖြစ်တဲ့ City Hunter ကတော့ Suzy ရဲ့ အကြိုက်ဆုံးထဲက တစ်ခုဖြစ်ပါတယ်တဲ့။
View this post on Instagram
(၆) Suzy မှာ Cafe Soo ဆိုတဲ့ ကော်ဖီဆိုင်လေး ရှိပါတယ်တဲ့။ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ Gwangju မြိ့မှာ ဖြစ်ပြီး Suzy ရဲ့ မိခင်ဖြစ်သူက သူ့သမီးလေးရဲ့ Miss A အဖွဲ့နဲ့ ပတ်သက်တဲ့ အပြင်အဆင်တွေပဲ လုပ်ထားပါတယ်တဲ့။

(၇) Suzy က စိတ်ပညာဆိုင်ရာ စာအုပ်တွေ ဖတ်ရတာ အရမ်းကြိုက်ပါတယ်တဲ့။ စာအုပ်ဆိုင်တွေသွားတိုင်း အမြဲတန်းတန်းမတ်မတ်နဲ့ စိတ်ပညာဆိုင်ရာ စာအုပ်တန်းကိုပဲ သွားလေ့ရှိပါတယ်တဲ့နော်။
(၈) Suzy က နာမည်မကြီးခင်ထဲက သူမရဲ့စိတ်နေစိတ်ထားနဲ့ မျက်နှာသွင်ပြင်ကြောင့် လူချစ်လူခင်အရမ်းပေါပါတယ်တဲ့။ အထူးသဖြင့် ကောင်လေးတွေကြားမှာပေါ့။
TPS