အချစ်ကို အခုမှ စတင်ထိတွေ့မယ့် ပျိုမေတို့ သတိထားဖို့ အချက်များ …

Youtube_Netflix
Sponsored

အခုခေတ်ကြီးမှာ ရည်းစားမထားဖူးတဲ့သူ ဆိုတာ ခပ်ရှားရှားရယ်။ ဒါပေမယ့်လဲ မရှိတာတော့ မဟုတ်ပါဘူး ရှိတယ်။ ရည်းစားထားဖူးတဲ့ သူတွေက သူ့ဟာသူနဲ့သူ ဆရာကြီး ဖြစ်တက်နေပေမယ့် လုံးဝမထားဖူးသေးတဲ့ သူတွေအတွက်တော့ စထားတဲ့ အချိန်မှာ သိသင့်သိထိုက်တာလေးတွေ ရှိတယ်နော်။

(၁) ရည်းစားရသွားတာနဲ့ သူငယ်ချင်းတွေကို အချိန်မပေးတော့တာမျိုးတွေ မလုပ်ပါနဲ့။ တစ်ချို့က ရည်းစားရသွားတာနဲ့ မိုးမမြင်လေမမြင် ဖြစ်ပြီး သူငယ်ချင်းတွေကို ပစ်ပယ်မိတက်ကြပါတယ်။ အဲ့လိုမဖြစ်စေနဲ့နော်။ သူငယ်ချင်းတွေဆိုတာ ရည်းစားမရှိရင်တောင် ကိုယ့်နားမှာ အမြဲရှိနေမယ့် သူမျိုးတွေပါ။

Freepik/Cookie_Studio
Sponsored

(၂) “နင်က ငါ့ရည်းစားမို့လို့ နင့်ကိုငါပိုင်တယ်” ဆိုတာမျိုးတွေ မလုပ်မိပါစေနဲ့။ သူလဲကိုယ့်ကို မပိုင်သလို ကိုယ်လဲ သူ့ကိုမပိုင်ပါဘူး။ အချိန်တွေလဲ အမြဲအပိုင်ပေးစရာ မလိုသလို အနားမှာလဲ အမြဲရှိနေရမယ် ဆိုတာမျိုးတွေ ရှောင်ရမယ်နော်။

READ
လာမယ့်နှစ်သစ် (၂၀၂၀) မှာ အချစ်ရေးကံကောင်းမယ့် ရာသီခွင်များ

(၃) ကိုယ့်ရဲ့ပုံစံအမှန်ကို သူ့ကြောင့်မပျောက်သွားပါစေနဲ့။ အခုမှအချစ်ကို စထိတွေ့တဲ့ သူတွေက သူစိတ်ချမ်းသာဖို့၊ သူအကြိုက်လိုက်နေတာမျိုးတွေ ရှိတက်ကြပါတယ်။ အဲ့လိုလိုက်နေရင်းနဲ့ ကိုယ့်ရဲ့ပုံစံအမှန်က တဖြည်းဖြည်းပျောက်လာနိုင်တာမို့ အဲ့လိုမဖြစ်စေဖို့ သတိထားပေးပါနော်။

Freepik_prostooleh

(၄) Together Forever ဆိုတဲ့အတွေးတွေ မထည့်ထားပါနဲ့။ ဘယ်လောက်ပဲ အချစ်ဦးမို့ အသည်းတုန်အောင် ချစ်နေပါစေဦး ရေစက်မပါရင် ကွဲမယ်ဆိုတာကို ခေါင်းထဲမှာ သိထားဖို့ လိုအပ်ပါတယ်။

Freepik_drobotdean

(၅) နေရာတိုင်းမှာ သူ့စိတ်ဆန္ဒကို ဦးစားပေးဖို့ မလိုပါဘူး။ သူစားချင်တာမှ၊ သူလုပ်ချင်တာမှ ဆိုပြီး အမြဲလိုက်လုပ်ပေးခြင်းကလဲ ကိုယ့်ဟာကိုယ်ပျောက်ဆုံးစေပြီး သူ့ကိုကိုယ့်ဘဝကြီးလို ထင်မှတ်လာစေတက်ပါတယ်။ ကိုယ်စိတ်ဆန္ဒ၊ ကိုယ်လုပ်ချင်တာ၊ လိုချင်တာတွေကို ဦးစားပေးဖို့ မမေ့ပါနဲ့။

TPS

sponsored