အဆင့်အတန်းမြင့်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ရှောင်သင့်တဲ့ အချက်(၆)ချက်

Sponsored

ပျိုမေတို့တွေဟာ အမြဲတမ်းခေတ်မီလှပဖို့အတွက် အားထုတ်ကြပြီး ခေတ်ရေစီးကြောင်းထဲမှာ အချိန်နဲ့အမျှဟော့နေတဲ့အသုံးအဆောင်တွေကို သုံးနိုင်ဖို့၊ ခေတ်စားနေတဲ့ ဖက်ရှင်တွေကိုလိုက်ဝတ်ဖို့ ကြိုးစားနေတတ်ကြပါတယ်။ တကယ်တော့ အဆင့်တန်းမြင့်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ တန်ဖိုးကြီး အသုံးအဆောင်တွေ သုံးတာထက် ဒီအချက်လေးတွေကိုရှောင်လိုက်ရင် ရပါပြီ။

(၁) တံဆိပ်တုတွေသုံးတာ

brightside

နာမည်ကြီး Brand တွေဝယ်ဖို့ ပိုက်ဆံမတတ်နိုင်လို့ပဲဖြစ်ဖြစ်၊ နှမြောလို့ပဲဖြစ်ဖြစ် brand အစစ်ကိုဝယ်မသုံးပဲ အတုတွေဝယ်သုံးတာက လုံးဝမမိုက်ပါဘူး။ Brand သုံးချင်ရင် ပိုက်ဆံစုပြီးပဲဖြစ်ဖြစ် အစစ်ကိုပဲဝယ်သင့်ပြီး အစစ်ဝယ်ဖို့စိတ်ကူးမရှိရင် brand မရှိတာမျိုးကိုသုံးတာပိုကောင်းပါတယ်။

(၂) မသပ်မရပ်ဝတ်စားတာ

brightside
Sponsored

အဆင့်အတန်းမြင့်တဲ့ ပုံစံမျိုးဖြစ်ဖို့ ဈေးတွေအရမ်းကြီးတဲ့ အ၀တ်အထည်တွေကို ၀တ်မှလို့ ထင်တတ်ကြပါတယ်။ တကယ်တော့အဲ့လိုမဟုတ်ပါဘူး။ အ၀တ်အစားကို ရှုပ်ရှက်ခတ်နေအောင်မ၀တ်ဘဲ သပ်သပ်ရပ်ရပ်နဲ့ ရှင်းလင်းတဲ့ပုံစံမျိုး၊ အရောင် အတွဲအစပ်တည်ငြိမ်တာမျိုးလေးတွေ ၀တ်တတ်ဖို့ လိုတာပါ။

(၃) မိတ်ကပ်အထူကြီးလိမ်းတာ

brightside

မိန်းကလေးတစ်ယောက်က တော်ရုံကြည့်ကောင်းလှပဖို့ မိတ်ကပ်တော့လိမ်းဖို့လိုပါတယ်။ ဒါပေမယ့် အရမ်းလှချင်ပြီး မိတ်ကပ်တွေအထူကြီးလိမ်းတာက အပေါစားဆန်တဲ့ပုံစံဖြစ်စေပါတယ်။ ဒါကြောင့် မိတ်ကပ်ကို ပါးပါးလေးနဲ့ သဘာဝဆန်တဲ့ပုံစံမျိုးလေးလိမ်းပါ။

READ
Selfie ရိုက်တတ်တဲ့ ကောင်မလေးတွေအတွက် မရှိမဖြစ် Editing App (၅) ခု

(၄) အပြောအဆို၊အပြုအမူကြမ်းတမ်းတာ

တစ်ယောက်နဲ့တစ်ယောက်အော်ဟစ်ပြောဆိုရန်ဖြစ်နေမှ မိုက်ရိုင်းတာမဟုတ်ပါဘူး။ တစ်ဖက်သားကိုထိခိုက်စေမယ့် စကားတွေ၊ တစ်ဖက်သား နာကျင်စေမယ့်စကားတွေပြောတာမျိုး၊ မကြားဝံ့မနာသာစကားတွေပြောတာမျိုးကလည်း သင့်ကိုစမတ်မဖြစ်စေပါဘူး။ ဒါကြောင့် ဆိုးဆိုးရွားရွားစကားလုံးတွေမပြောပါနဲ့။

(၅) အသံအကျယ်ကြီးရယ်မောပြောဆိုတာ

brightside

တန်ဖိုးရှိပြီး၊ အဆင့်အတန်းမြင့်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ဖို့ အသံအကျယ်ကြီးရယ်မောပြောဆိုတာ၊ လူတွေကြားထဲ အသံအကျယ်ကြီးသမ်းတာတွေကို မလုပ်မိပါစေနဲ့။

(၆) လမ်းသွားရင်းအစားစားတာ

brightside

လမ်းသွားနေရင်းအစားစားတာကလည်း ရုပ်ပေါက်တဲ့အပြုအမူတစ်ခုပါ။ အချိန်လုံးဝမရတဲ့အခါမျိုးမှာ ဒီလိုအပြုအမူမျိုးလုပ်မိတတ်တယ်ဆိုပေမယ့် မလုပ်ဘဲနေနိုင်ရင်မလုပ်တာအကောင်းဆုံးပါ။ ပြီးတော့ ပူနေတဲ့အစားအသောက်တွေစားတဲ့အခါ နည်းနည်းလောက်အေးသွားအောင် အချိန်ခဏလောက်စောင့်ပြီးမှ စားပါ။ ပူနေတဲ့အစားအစာကို ပါးစပ်နဲ့မှုတ်ပြီး စားတာက သင့်ရဲ့သွင်ပြင်ကိုထိခိုက်စေပါတယ်။

MAY THAZINHTOO

sponsored