အသက်ကြီးသွားတဲ့အခါမှ နောင်တမရဖို့ ငယ်ရွယ်တုန်းမှာ မဖြစ်မနေလုပ်ကြည့်သင့်တဲ့ အရာများ

shutterstock/Dean Drobot
Sponsored

ငယ်ရွယ်နုနယ်မှုဆိုတာ ပြန်လည်မရနိုင်တဲ့ လတ်ဆတ်ပျော်ရွှင်မှုလေးပါ။ ဒီလိုအချိန်မှာ ကိုယ့်ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်လေးတွေကို ဖြတ်သန်းကြည့်သင့်ပါတယ်။ ဒီတော့ အသက်တွေကြီးသွားတဲ့အခါ နောင်တရမနေဖို့ ငယ်ရွယ်တုန်းမှာ ဒီလိုအရာလေးတွေ လုပ်ကြည့်သင့်ပါတယ်နော်။

မတူညီတဲ့ နေရာဒေသက နေထွက်ချိန်ကို စောင့်ကြည့်ပါ

shutterstock/narai chal

လူတွေက sunset ကိုပဲ ကြည့်ဖြစ်ကြတာများပါတယ် ဒါပေမယ့် နေထွက်ခါစအချိန်လေးဟာလည်း တကယ့်ကို အဓိပ္ပါယ်တစ်မျိုးလေးနဲ့ လှပပါတယ်နော်။ ဒီလို sunrise လေးကို မတူတဲ့ နေရာဒေသမှာ ကြည့်ရတဲ့ ဗီလင်မျိုးက အရမ်းကို မိုက်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။ နေ့တစ်နေ့ သက်ဝင်လှုပ်ရှားဖို့ စတင်တဲ့ မနက်ခင်းနေထွက်ချိန်လေးကို စောင့်ကြည့်ပါ။

ခရီးထွက်ပါ

shutterstock/ frantic00
Sponsored

ဒါကတော့ သိပ်တောင် ပြောနေစရာ လိုမယ်မထင်ပါဘူး။ အသက်အရွယ်တွေ ကြီးသွားရင်တော့ ခက်ခဲပင်ပန်းတဲ့ ခရီးတွေကို သွားခွင့်ရတော့မှာ မဟုတ်သလို ခရီးတစ်ခုရဲ့ စိတ်ဝင်စားစရာ adventure တွေကိုလည်း ခံစားခွင့် ရတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ငယ်ရွယ်ဖျတ်လတ်တုန်းမှာ ခရီးများများ သွားပါ။ ဒါက သင့်ဘဝအတွက် ဆုလဒ်တစ်ခုဆိုလည်း မမှားပါဘူး။

READ
ကိုယ့်အကြိုက်ဆုံး ဂျင်းဘောင်းဘီတွေ လျော့ရဲပြီး ပုံပျက်မသွားအောင် ထိန်းသိမ်းနည်း (၄)နည်း

သင်ဝါသနာပါတဲ့ အရာတွေအတွက် အချိန်ပေးပါ

သင်ဟာ အကဝါသနာပါတဲ့ သူတစ်ယောက်လား ဒါမှမဟုတ် ရေလွှာချောစီး လုပ်ရတာကို ပျော်လား စသဖြင့် ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်ဖို့ အချိန်ပေးပါ။ ဒီလိုအရာတွေက ငယ်ငယ်ရွယ်ရွယ်မှာသာ ရူးမိုက်လို့ ကောင်းတဲ့ အရာတွေ မဟုတ်လား။

အကြောက်တရားကို စိန်ခေါ်ကြည့်ပါ

shutterstock/ SasinTipchai

ကိုယ်က အမြင့်ကြောက်တဲ့သူဆိုရင် မြင့်မားတဲ့ အဆောက်အအုံကို တက်ကြည့်ဖို့ စိန်ခေါ်ကြည့်တာမျိုး၊ ကိုယ်က ရေကြောက်တဲ့သူဆိုရင် ရေကူးသင်ယူကြည့်တာမျိုးပေါ့။ ဒီလို ငယ်ရွယ်တုန်းမှာ ကိုယ်ကြောက်တတ်တဲ့ အရာတွေကို စိန်ခေါ်ရင်ဆိုင်ကြည့်မှ နောက်ဆို ကိုယ်ကြောက်တဲ့ အရာတွေကို ရင်ဆိုင်ဖို့ သတ္တိတွေ ရှိလာမှာ ဖြစ်ပါတယ်။

အကူအညီလိုနေတဲ့သူကို လျစ်လျူမရှုပါနဲ့

ကိုယ့်ရဲ့ အကူအညီကို လိုအပ်နေတဲ့ သူတွေကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးပါ။ ဘယ်တော့မှ ကိုယ့်အကူအညီလိုနေတဲ့သူကို လိုက်လျူမရှုလိုက်ပါနဲ့။ အသက်ငယ်ငယ်ရွယ်ရွယ်မှာ ကူညီကမ်းလှမ်းတဲ့ လက်တစ်စုံကို ပိုင်ဆိုင်ပါစေ။ ဒါက သင့်အတွက် ကောင်းမွန်ခြင်းတွေ ယူဆောင်လာမှာပါ။

READ
သဝန်တိုခြင်းက Relationship တစ်ခုကို ထိခိုက်ပျက်စီးသွားအောင်ထိ လုပ်နိုင်တဲ့ အချက်များ

သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ ဖန်တီးပါ

shutterstock/DisobeyArt

ဘဝမှာ သူငယ်ချင်းတွေနဲ့ ရှိခဲ့ဖူးတဲ့ အမှတ်တရတွေက ပြန်တွေးလိုက်တိုင်း အမြဲတမ်း လတ်ဆတ်မှုကို ခံစားရစေပါတယ်။ ဒါကြောင့် ကိုယ်ငယ်ရွယ်နေတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ များများ ဖန်တီးပါ။ ဒါက အသက်တွေ ကြီးသွားသည့်တိုင် ဘယ်တော့မှ မအိုဟောင်းမယ့် အရာလေးတွေပဲ ဖြစ်ပါတယ်။

Khin

sponsored