ကိုရီးယားရဲ့ လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ ထုံးတမ်းအစဉ်အလာများ

Image:Soompi
Sponsored

ကိုရီးယားဇာတ်ကားတွေကို ကြည့်ပြီး ဇာတ်ကားထဲက အိုပါးချောချောလေးတွေ၊ အာဂျူးရှီး ချောချော လေးတွေကို စိတ်ကူးတွေ ယဉ်နေကြပြီလား..? ကိုရီးယားက အိုပါး တွေကိုမှ ကြွေ နေကြသူတွေ အတွက် Simply SSOL ဆိုတဲ့ YouTuber တစ်ယောက်ကနေ  ဝေမျှ ပေးထားတဲ့ ကိုရီးယားလူမျိုးနဲ့ လက်ထပ် မယ်ဆိုရင် ကြိုသိထားသင့်တဲ့ အချက်လေးတွေကို  ဝေမျှ ပေးလိုက်ပါတယ်။

(၁) လက်ထပ်ခွင့်တောင်းတာ

Image:Soompi

ဒရမ်မာဇာတ်ကားတွေထဲက လိုတော့ အရမ်းတွေ ရိုနေတဲ့ လက်ထပ်ခွင့် တောင်းခံ မှုမျိုးကို မျှော်လင့် ထားရင် တော့ အမှားကြီး မှားပါလိမ့်မယ်။ တကယ့်လက်တွေ့မှာက အဲ့လို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် လက်ထပ် ခွင့် တောင်းတာ မျိုးက ရှိတော့ရှိတယ်၊ ရှားတယ်လို့ ဆိုရမှာပါ။လက်တွေ့မှာတော့ အများစုက လက်မထပ်ခင် တစ်ပတ် အလို မှာ တောင်းတာပါ။ မင်္ဂလာရက်ကို သတ်မှတ်ပြီးသွားပြီဆိုမှ လက်ထပ်ခွင့် တောင်းကြတာပါ။ မင်္ဂလာ ၀တ်စုံလည်း ရွေးပြီး၊ ဖိတ်စာပါ ရိုက်ပြီး မင်္ဂလာဆောင်ဖို့ အားလုံး Ready ဆိုမှ လက်ထပ်ခွင့် တောင်းကြတာပါ။(ဒီလိုဆိုတော့လည်း သိပ် တောင်ရင်ခုန်ဖို့ မကောင်းတော့ဘူးနော်..)

(၂)ခွင့်ပြု ချက် တောင်းခံတာ

Image:Soompi
Sponsored

ဒီအချက်က တော့ မြန်မာ့ ယဉ်ကျေးမှုနဲ့ အတူတူပါပဲ မို့ သိပ် တော့ ပြဿနာ မရှိပါဘူး။ အနောက် နိုင်ငံေ တွမှာဆိုရင် တော်တော်များများက ကိုယ်လက်ထပ်ချင်တဲ့ သူကို ခေါ်လာပြီး  အ ဖေ နဲ့ အမေ ဒါက သမီးလက်ထပ်မယ့်သူ၊ သားလက်ထပ်မယ့်သူ .. ဆိုပြီး ဆွဲ ခေါ်လာပြီး မိတ်ဆက် ပေးဖို့ က လွယ်ပါတယ်။ လူတစ်ယောက်ကို လက်ထပ်ချင်ရင် အရှေ့ တိုင်း နိုင်ငံ တွေလို မိဘ တွေ ဆီက အကြီးအကျယ် ခွင့်ပြု ချက်တွေ သိပ် တောင်း နေစရာမ လိုပါဘူး။ ဒါပေမယ့် ကိုရီးယားမှာကတေ့ မြန်မာမှာလိုပဲ မိဘ ဆီက ခွင့်ပြု ချက် တောင်းရပါတယ်။ (သား၊သမီးတွေရဲ့ အိမ် ထောင် ရေးကို မိဘ တွေက ဘယ်လောက် ထိ ခြယ်လှယ်လဲ ဆိုတာကိုတော့  ကိုရီးယား ဇာတ်ကား တော်တော်များများမှာ တွေ့ ဖူးကြမှာပါ)

READ
အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့ အမျိုးသမီးငယ်များအတွက်...

(၃)ယောက်ျားလေးဘက်က နေစရာ အိမ် အတွက် တာဝန်ယူရ

Image:Soompi

မြန်မာ ဆိုရင်လည်း အဲ့လို ယဉ်ကျေးမှု မျိုးရှိပါတယ်။ ယောက်ျားလေး ဘက်ကနေ ကိုယ်ချစ်တဲ့ မိန်းကလေးကို သူ့မိဘ တွေ ဆီမှာ တင်တောင်းတယ်ဆိုတဲ့ ဓလေ့က အခုထိ ရှိ နေဆဲပါ။ ယောက်ျားလေး ဘက်က ဘယ်လောက်နဲ့ တင်တောင်းတယ်ဆိုတာကို ဂုဏ် ယူနေ ကြတာ မျိုး တွေ အခုထိ ရှိနေတုန်းပါ။ ကိုရီးယားမှာ ကတော့ နေစရာ အိမ်ကို ယောက်ျား လေး ဘက်က တာဝန်ယူရပါတယ်။ တကယ်လို့ အဲ့ဒီ အမျိုးသားမှာ စုထားတဲ့  ငွေ အလုံ အလောက် မရှိဘူးဆိုရင် တော့ အဲ့ဒီ ယောက်ျားလေးရဲ့ မိဘ  ဆွေ မျိုးတွေက လိုတဲ့ ငွေကို စိုက် ပေးကြတာမျိုး ရှိပါတယ်။

(၄)လက်ဆောင် အပြန်အလှန် လဲတာ

Image:Soompi

ကိုရီးယားဒရမ်မာ ကားတွေကို ကြည့်မယ်ဆိုရင်တော့ ဒါကို မြင်ဖူးကြမှာပါ။ ကိုရီးယားမှာ လူနှစ်ယောက် လက်ထပ်မယ်ဆိုရင် တစ်ဖက်မိသားစုနဲ့ တစ်ဖက်မိသားစု အပြန်အလှန် လက် ဆောင် တွေ ပေးကြတာကို တွေ့ရမှာပါ။ မတော်ရ သေးတဲ့  ယောက္ခမ လောင်း တွေကို  အပြန် အလှန် ပေးကြတာပါ။ မိန်းကလေး ဘက် ယောက်ျား လေးဘက်က ကိုယ့်ရဲ့ ယောက္ခ မ လောင်းကို နာမည်ကြီး Brand အိတ်တွေ၊ ကုတ်အင်္ကျီ.. အစရှိတဲ့ တန် ဖိုးကြီး လက်ဆောင်တွေ ပေးတာမျိုးပါ။တစ်ချို့ကတော့ စာအိတ်ထဲမှာ  ပိုက်ဆံ ထည့် ပေးတာမျိုး ပါ။ မိန်းကလေး ဘက်က ပေးတာမျိုးကတော့ နေစရာအိမ်ကို ကိုယ့်ခင်ပွန်းလောင်းက ပြင်ဆင် ပေးပြီး အဲ့ဒီမှာ သူ့မိဘ တွေ ဘက်က ပိုက်ဆံ ဘယ်လောက် စိုက် ပေးထားလဲ၊အဲ့မှာ စိုက် ပေးထားတဲ့ ပိုက်ဆံကို ချိန်ဆ ပြီး ပြန်ပေးကြတာမျိုးပါ။

READ
ဇနီးသည်ကို စိတ်ပျက်စေတဲ့ ခင်ပွန်းသည်ရဲ့ အပြုအမူများ

(၅)လက်ဖွဲ့ ပစ္စည်း

Image:Soompi

မြန်မာမှာပါ ဒါမျိုး ကို ပိုပြီး ကျင့်သုံးသင့်နေပါပြီ။ အဲ့ဒါကတော့ သူတို့ ဆီမှာ မင်္ဂလာ မောင်နှံ ကို လက်ဖွဲ့ ပေးတဲ့ အစဉ်အလာပါ။ လက်ဖွဲ့ ပေးမယ်ဆိုရင်တော့ ပစ္စည်းထက် ငွေ ကိုပဲ ပို ပေး ကြတာက ကိုရီးယား ရဲ့ အစဉ် အလာပါ။ လက်ဖွဲ့ တဲ့ အခါ မှာ ပစ္စည်းထက် ငွေ သားကိုပဲ ပေးတတ်ကြပါတယ်။မြန်မာနဲ့ယှဉ် ပြော ရမယ်ဆိုရင် တော့ ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာဆိုရင် လည်း ငွေ သားကိုပဲ လက်ဖွဲ့ ကြဖို့ ဖိတ်စာမှာပါ ထည့်ရေး ပေးထားတာမျိုး တွေ ပါ ရှိလာပါပြီ။ တကယ်လည်း ပစ္စည်းထက် ငွေ သားက ပိုပြီး အသုံးဝင်ပါတယ်။

Source: Youtube/Simply SSOL

sponsored