ကောင်လေးတွေရဲ့ မာနကို ထိခိုက်စေနိုင်လို့ ကိုယ့်ချစ်သူကို လုံးဝမပြောသင့်တဲ့ စကားများ

shutterstock/ fizkes
Sponsored

ယောကျာ်းလေးတွေက သူတို့ရဲ့ မာနကို ထိပါးတာမျိုးကို လုံးဝမကြိုက်တတ်ကြပါဘူး။ သူတို့ရဲ့ သဘာဝက အထင်အမြင်သေးခံရတာမျိုးကို မုန်းတတ်ကြပြီးတော့ အင်အားကြီးမှုနဲ့ တိုက်ခိုက်လိုစိတ်များတဲ့ သဘောကို ပိုင်ဆိုင်ထားကြပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေက သူတို့ချစ်ခင်ရသူတွေရဲ့ အထင်အမြင်သေးတာမျိုးကို လုံးဝမခံနိုင်ကြပါဘူး။ ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးကို သူတို့ရဲ့ မာနကို ထိခိုက်စေနိုင်တဲ့ ဒီလိုစကားမျိုးကို လုံးဝမပြောသင့်ပါဘူးနော်။

နင်ကျရှုံးသွားပြီ ဒါကို လက်ခံလိုက်စမ်းပါ

shutterstock/VK Studio

တစ်ခုခုကို ကြိုးစားနေတဲ့အချိန်မှာ အောင်မြင်မယ် ဒါမှမဟုတ် ကျရှုံးမယ် ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါ။ ဒါကိုမှ ကိုယ့်ချစ်သူကောင်လေးက တစ်ခုခုမှာ ကျရှုံးသွားတဲ့အခါ နင်ရှုံးသွားပြီ ဒါကို လက်ခံလိုက်စမ်းပါ ဆိုတဲ့ စကားမျိုးကို လုံးဝမပြောသင့်ပါဘူး။ ဒါက သူတို့ရဲ့ မာနကို ထိခိုက်တတ်သလို ဒီလိုပြောလိုက်တာက သူတို့အပေါ် နားလည်မှုမရှိတဲ့သူအဖြစ် သတ်မှတ်သွားနိုင်ပါတယ်။ ဒီလိုအချိန်မှာ သူတို့လိုအပ်နေတာက ချစ်ရသူရဲ့ အားပေးစကားလေး တစ်ခွန်းပါနော်။ ယောကျာ်းလေးတွေက သူတို့အရှုံးနဲ့ ကြုံတွေ့နေရချိန်မှာ သူတို့ကို ဆွဲထူပေးမယ့် လက်တစ်စုံကို မျှော်လင့်တတ်ကြပါတယ်။

READ
အံ့သြစရာကောင်းလောက်အောင် ဝိတ်ချနိုင်ခဲ့တဲ့ မင်းသမီး (၁၀) ဦး

ငါ့ အရင်က ex ဆို ဒီလိုဘယ်တော့မှ မလုပ်ဘူး

shutterstock/ fizkes
Sponsored

အိုး ဒီစကားလုံးတွေက သူတို့ရဲ့ မခံချင်စိတ်ကို ဆွပေးလိုက်သလိုပါပဲ။ ဘယ်သူမဆို ကိုယ့်ချစ်သူက အရင်ရည်းစားအကြောင်း ပြောနေရင် စိတ်တိုဒေါသထွက်တတ်ကြတာပါပဲ။ ဒီအထဲမှာမှ ယောကျာ်းလေးတွေက သူတို့ကို ex နဲ့ ခိုင်းနှိုင်းတာမျိုးကို လုံးဝလုံးဝ မကြိုက်တတ်ကြပါဘူး။ ငါအရင်ချစ်သူဆို ဘယ်လို ဂရုစိုက်တာ၊ ဘယ်လိုဘယ်လို စသဖြင့် ဒါကို ဘယ်တော့မှ ချစ်သူကောင်လေးရှေ့မှ မပြောသင့်ပါဘူးနော်။ ဒီအပြုအမူက သင့်ကို သူစိတ်ပျက်သွားနိုင်ပါတယ်။

အမေ့ချစ်သားပဲ

shutterstock/ Narith Thongphasuk

တစ်ချို့ကောင်လေးတွေက အမေစကားဆို တသွေမတိမ်းနားထောင်တတ်ကြတာမျိုး ရှိတတ်ကြပါတယ်။ ယောကျာ်းလေးတွေက အမေ့ကို အားလုံးထက် ပိုချစ်ခင်တတ်ကြတဲ့ သူတွေပါ။ ဒါကြောင့်ပဲ ချစ်သူကောင်မလေးတွေနဲ့ ယောက္ခမတွေကြားက စစ်ပွဲတွေဖြစ်လာတတ်ကြတာပါ။ သူတို့ကို အမေ့ချစ်သားလို့ပြောတဲ့အခါ ချစ်သူနဲ့ အမေ့ကြားမှာ အနေခက်စေတာမို့ ဒါမျိုးကို မကြိုက်တတ်ကြပါဘူး။

READ
ပရိသတ် ၃၂ နှစ်ယောက်သာ တက်ရောက်ခဲ့တဲ့ BTS Fan Meeting တစ်ခု

နင့်ထက် ငါက ပိုသန်မာတယ်

shutterstock/ Dean Drobot

ယောကျာ်းလေးတွေက သူတို့ကို ချစ်သူကောင်မလေးက မှီခိုအားကိုးတာမျိုးပဲ လိုချင်ကြတာပါ။ ဒါပေမယ့် တစ်ချို့နေရာတွေမှာ ချစ်သူမိန်းကလေးတွေက ကိုယ့်ချစ်သူကို အားမလိုအားမရဖြစ်ပြီး နင်က ငါ့လောက်တောင် စိတ်ဓာတ်မကြံခိုင်ဘူး ငါက နင့်ထက် ပိုသန်မာတယ်ဆိုတဲ့ စကားမျိုးက သူတို့ရဲ့ မာနာကို အရမ်းထိခိုက်စေတာ ဖြစ်ပါတယ်။ ဒီလိုစကားမျိုးကို မပြောသင့်ပဲ အကြံအဥာဏ်ကောင်း ပေးတာမျိုးကိုသာ သူတို့က လိုချင်တတ်ကြတာ ဖြစ်ပါတယ်နော်။

Khin

sponsored