ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့အခါ ရရှိခံစားလာရမယ့် ကောင်းမွန်တဲ့ အရာလေးတွေ

shutterstock/ HTeam
Sponsored

တော်တော်များများ ကြားဖူးတဲ့ စကားလေးတစ်ခွန်းက ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့လိုအပ်တယ်ဆိုတဲ့ စကားလေးပါ။ ဒီအရာက အပြောလွယ်သလောက် လုပ်ရခက်တဲ့အရတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့အခါမှာတော့ လုံးဝကို ကောင်းမွန်တဲ့ အရာလေးတွေကို ပိုင်ဆိုင်လာစေမှာဖြစ်လို့ ကိုယ့်ကိုယ်ကို ချစ်ဖို့သင်ယူသင့်ပါတယ်။

လူတွေရဲ့ လေးစားခြင်းကို ခံလာရမယ်

shutterstock/Syda Productions

ကိုယ့်ကိုယ်ကို လေးစားမှုထားပြီး ချစ်ခင်တတ်တဲ့ သူတစ်ယောက်ကို တစ်ခြားသူတွေကလည်း လွယ်လွယ်မဆက်ဆံတတတ်သလို လေးလေးစားစား ဆက်ဆံရကောင်းမှန်း နားလည်ပါတယ်။ ဒီတော့ သူများတွေ ကိုယ့်အပေါ် လေးလေးစားစား ဆက်ဆံစေချင်ရင်တော့ ကိုယ့်ကိုယ်ကို လေးစားမှု အရင်ရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတာမို့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်ဖို့ပဲ လိုတာပါ။

တစ်ခြားသူတွေရဲ့ အမြင်တွေကို လျစ်လျူရှုတတ်လာမယ်

shutterstock/Viktoriya Pavliuk
Sponsored

ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ ကိုယ်ရဲ့တန်ဖိုးကို ဘယ်သူမှသတ်မှတ်စရာမလိုပဲ ကိုယ်တိုင်သတ်မှတ်တတ်လာတာပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ခြားသူတွေက ကိုယ့်အပေါ် ဘယ်လောက်ပဲ ဝေဖန်ပြောဆိုနေကြပါစေ ဒါတွေကို ဂရုမစိုက်တော့သလို ဖြေရှင်းပြောဆိုတာမျိုးလည်း လုပ်မနေတတ်တော့ပါဘူး။ ကိုယ့်အတွက် အသုံးမဝင်တဲ့ တစ်ခြားသူတွေရဲ့ အမြင်တွေကို လျစ်လျူရှုလိုက်တာ အကောင်းဆုံးဆိုတာကို သိလာတတ်ပါတယ်။

READ
ကောင်လေးတွေ ကိုယ့်ချစ်သူကောင်မလေးတွေဆီက မျှော်လင့်မိကြတဲ့အရာ (၅) ခု

ဆိုးဝါးတဲ့ relationship တွေကို ဖြတ်တောက်ပစ်လာနိုင်တယ်

shutterstock/ HTeam

ကိုယ့်အတွက် နာကျင်ရတဲ့ အချစ်တွေ၊ တစ်ဖက်သတ် ပေးဆပ်ပင်ပန်းနေရတဲ့ အချစ်တွေ၊ ကိုယ့်ရဲ့ တန်ဖိုးကို နားမလည်တဲ့ သူတွေ စသဖြင့် ကိုယ့်အတွက် ထိခိုက်နာကျင်ရတဲ့ relationship တွေကို ဖြတ်တောက်ပစ်လာနိုင်တာပါ။ ကိုယ့်ရဲ့ တန်ဖိုးကို သိလာတဲ့အခါ၊ ကိုယ့်ကိုယ်ကို ချစ်တတ်လာတဲ့အခါ ကိုယ်နာကျင်ရမယ့် အရာတွေကို လွှတ်ချတတ်လာတာ ဖြစ်ပါတယ်။

ကိုယ်ဖြစ်ချင်တာတွေနောက် လိုက်တတ်လာတယ်

shutterstock/ garetsworkshop

ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့အခါ ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို ပိုသိလာပြီး ကိုယ့်ကိုယ်ကို ဦးစားပေးရကောင်းမှန်းလည်း သိလာပါတယ်။ ဒီတော့ ဖြစ်ချင်တဲ့ အိပ်မက်တွေ၊ ပန်းတိုင်တွေအတွက်လည်း ကြိုးစားလာတတ်ပြီး ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်တတ်လာပဲ ဖြစ်ပါတယ်နော်။

Khin

sponsored