မင်္ဂလာမဆောင်ခင် သေချာစဉ်းစားကို စဥ်းစားရမယ့် အချက် (၅)ချက်

Sponsored

လူတွေအမြင်မှာ မင်္ဂလာဆောင်ရရင် ဂါဝန်အဖြူ ၊ ပန်းစည်းလေးကိုင် ပြီး လက်တွဲဖော်နဲ့ မင်္ဂလာခန်းမထဲ ၀င်လိုက်ရုံနဲ့ ပြီးပြည့်စုံသွားပြီလို့ လွယ်လွယ်တွေးတတ်ကြပါတယ်။ တကယ်တော့ မင်္ဂလာဆောင်တာက အဲ့လောက်မလွယ်ကူလှပါဘူး။ မိန်းကလေးတွေဘက် ယောကျာ်းတစ်ယောက်နဲ့ မင်္ဂလာမဆောင်ခင် အတွေးပေါင်းစုံနဲ့ အများကြီးစဉ်းစားယူကြရပါတယ်။ ဒီလိုမှလည်း အိမ်ထောင်ကျသွားရင် အဆင်ပြေမှာပါ။

(၁) ငွေရေးကြေးရေး
pixabay

မင်္ဂလာမဆောင်ခင်မှာ သေချာစဥ်းစားယူရမယ့် အချက်ကတော့ ငွေရေးကြေးရေးပါ။ တကယ်လို့ သင့်လက်တွဲဖော်မှာ အကြွေးတွေရှိနေမယ် ၊ သင်ဘက်ကလည်း အရမ်းကိုချစ်မိနေပြီ ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ငွေရေးကြေးရေးမှာ ရိုးသားမှ ရပါတော့မယ်။ ဒါမှလည်း မျှသုံးနိုင်မှာပါ။ မင်္ဂလာမဆောင်ခင်မှာ ငွေရေးကြေးရေး အစီအစဉ်ဆွဲထားပါ ၊ သင့်လက်တွဲဖော်က တစ်လ ဘယ်လောက်ရှာနိုင်လဲ ၊ သင့်ကရော ဘယ်လောက်စုထားနိုင်လဲဆိုတဲ့ အစီအစဉ်မျိုးဖြစ်ပါတယ်။

(၂) အလုပ်နဲ့ အိမ်ထောင်သည်ဘဝ
Sponsored

အိမ်ထောင်ပြုလိုက်ပြီးရင် အလုပ်နဲ့ အိမ်ထောင်သည်ဘ၀ကို မျှတအောင် ထိန်းရတော့မှာဖြစ်ပါတယ်။ အိမ်ထောင်ပြုလိုက်ပြီ ဖြစ်တာကြောင့် အလုပ်ကိုပဲ အာရုံစိုက်နေလို့မရတော့ပါဘူး။ အိမ်ထောင်သည်ဘ၀ကို စတင်ရုန်းကန်းရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သင်အလုပ်ဆက်လုပ်မယ်ဆိုရင် မင်္ဂလာမဆောင်ခင်မှာ သင့်လက်တွဲဖော်နဲ့ အရင်တိုင်ပင်ပြီး သဘောတူညီချက်ယူပါ။ အိမ်ထောင်ကျပြီးတာနဲ့ အလုပ်မထွက်လိုက်ပါနဲ့။ အိမ်မှုကိစ္စတွေကို နှစ်ယောက်အတူ ခွဲဝေယူနိုင်ပါတယ်။

READ
တကယ့်မီးတွေနဲ့ Wedding Photo ရိုက်ခဲ့တဲ့သတို့သမီး​နောက်ဆုံးဘာဖြစ်သွားလဲ
(၃) ဘာတွေပြောင်းလဲပစ်ဖို့လိုမလဲ
pixabay

အိမ်ထောင်သည်ဘ၀နဲ့ ချစ်သူရည်းစားဘ၀က ကွဲခြားသွားပါပြီ။ ဘယ်စုံတွဲမဆို ပြည့်စုံနေတယ်လို့ မရှိပေမယ့် မင်္ဂလာဆောင်ပြီးတာနဲ့ ပြောင်းလဲသင့်တာကို ပြောင်းလဲပစ်ရပါမယ်။ တာဝန်ယူမှုတွေ ပိုရှိလာရမယ် ၊ ပွင့်ပွင့်လင်းလင်း ဆက်ဆံရေးမျိုး ဖြစ်လာရမယ် ၊ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးမတာမျိုးလုပ်လာရပါမယ်။ သူစိမ်းနှစ်ယောက်ပေါင်းဖက်တာကြောင့် ကတောက်ကစတွေကတော့ ရှိမှာပါ။

(၄) ဆွေမျိုး

သင့်မင်္ဂလာဆောင်မယ့် တစ်ဖက်လူက တစ်ကောင်ကြွက်မဟုတ်ပါဘူး။ သင့်က တစ်ဖက်လူနဲ့ မင်္ဂဆောင်မယ်ဆိုတာ သူရဲ့ တစ်မိသားစုလုံးနဲ့ပါ မင်္ဂဆောင်ရမှာပါ။ ဒါကြောင့် ကိုယ့် မင်္ဂဆောင်မယ့်လူရဲ့ ဆွေမျိုးတွေ ၊ မိဘတွေ ကို သိထားတာကောင်းပါတယ်။ သူတို့တွေကို ထည့်စဉ်းစားထားဖို့လိုပါတယ်။ ဒါမှလည်း မင်္ဂဆောင်ပြီးရင် ရင်းနှီးနေမှာပါ။

(၅) သားသမီး
pixabay

အိမ်ထောင်ပြုရတဲ့ အကြောင်းရင်းကတော့ ကလေး ရဖို့ဖြစ်ပါတယ်။ အိမ်ထောင်ပြုချင်တဲ့ စုံတွဲတိုင်း လိုလားကြတဲ့ ဆန္ဒတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်ယောက်မှာ တစ်ယောက်က ကလေးမရချင်ဘူး ၊ မလိုချင်ဘူး ဆိုတာကလည်း ပြသနာ တစ်ခုဖြစ်လာမှာပါ။ ဒါကြောင့် မင်္ဂလာမဆောင်ခင်မှာ ကလေးရချင်လား ၊ ကလေးချစ်တတ်လား ၊ ဆိုတာ မေးထားပါ ၊ ဒါအပြင် ဘယ့်နှယ့်ယောက်လိုချင်တာလဲပါ မေးထားရပါမယ်။ ဒါမှလည်း သင့်တို့အနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရမယ့် စရိတ်ကို ကြိုခန့်မှန်းနိုင်မှာပါ။

READ
အိမ်ထောင်ပြုရမှာကို ကြောက်ရွံ့တတ်သူတွေမှာ ရှိတတ်တဲ့ စိုးရိမ်စိတ်(၅)မျိုး

Hannwe Soe

sponsored