အသားအရေကို ဝင်းပဖြူစင်စေမယ့် တစ်ပတ်အတွင်း သိသာတဲ့ နည်းလမ်းများ

Sponsored
မျက်နှာပေါ်က အမဲစက်တွေနဲ့ အသားအရေ မညီညာတာတွေအတွက် အိမ်တွင်းနည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေထဲက ကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးကို ပုံမှန်လေးပြုလုပ်ပေးရုံနဲ့ ညီညာပြီး ကြည်လင်ဖြူဝင်းတဲ့ အသားအရေကို ရရှိမှာဖြစ်ပါတယ်။

(၁) အာလူး

pixabay
အာလူးဟာ အသားအရေကို ဖြူစင်ဝင်းပစေတဲ့ အစွမ်းသတ္တိရှိပါတယ်။ အသုံးပြုပုံကတော့ အာလူးကို နှစ်ခြမ်းခြမ်းပြီး မျက်နှာကို ပွတ်လိမ်းပေးကာ (၁၀)မိနစ်အကြာမှာ ရေဆေးပေးခြင်းဖြင့် ဖြူစင်ညီညာတဲ့ အသားအရေလေးကို ရရှိစေမှာပါ။

(၂) နွားနို့

ကျိုချက်ထားတဲ့နွားနို့ထဲကို ဂွမ်းစလေးနှစ်ပြီး မျက်နှာပေါ် လိမ်းပေးလိုက်ပါ။ (၁၀)မိနစ်အကြာမှာ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးဟာ တစ်ပတ်အတွင်းမှာ သိသာတဲ့ရလဒ်ကို ရရှိစေမယ့် နည်းလေးဖြစ်ပါတယ်။

(၃) ရှားစောင်းလက်ပပ်

pixabay
ရှားစောင်းလက်ပပ်ဟာ အသားအရေအတွက် အထူးကောင်းမွန်တာကို လူတိုင်းသိပြီးဖြစ်ပါတယ်။ အသုံးပြုနည်းကတော့ ရှားစောင်းလက်ပက် အခွံကိုနွှာပြီး အထဲက အနှစ်နဲ့မျက်နှာကို ပွတ်လိမ်းပေးကာ မိနစ်(၂၀)အကြာမှာ ရေအေးနဲ့ သန့်စင်ပေးရုံပါပဲ။

(၄) နနွင်း

pixabay
နနွင်း လက်ဖက်ရည်ဇွန်း(၂)ဇွန်း၊ နွားနို့ အနည်းငယ်၊ သံပုယိုရည် တစ်စက်တို့ကို ခပ်ပျစ်ပျစ်လေးရောစပ်ကာ မျက်နှာပေါ်မှာလိမ်းလိုက်ပါ။ (၁၅)မိနစ်အကြာမှာ ရေနွေးနဲ့ဆေးကြောကာ နောက်ဆုံးမှာ ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။

(၅) သင်္ဘောသီး

pixabay
သင်္ဘောသီးကို ချေပြီး မျက်နှာပေါ်မှာလိမ်းကာ မိနစ်(၂၀)အကြာမှာ ရေဆေးလိုက်ပါ။ ဒီနည်းလမ်းဟာလည်း တော်တော်ထိရောက်ပါတယ်။
အထက်ပါနည်းလမ်းတွေထဲက အနှစ်သက်ဆုံး နည်းလမ်းတစ်ခုကို နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် တစ်ပတ်အတွင်း ကြည်လင်ဝင်းပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ။
Em Em
sponsored