ဂီတက လူတွေအပေါ် ပေးစွမ်းနိုင်မယ့် သင်မသိသေးတဲ့ ကောင်းကျိုး (၅) ခု

shutterstock/Wanwalit Tongted
Sponsored

ဂီတဆိုတာ လူတွေရဲ့ စိတ်ကိုလန်းဆန်းစေနိုင်သလို ပင်ပန်းမှုတွေကို ပြေပျောက်စေပါတယ်။ လူတိုင်းဟာ ဂီတကို ခံစားရတာ ကြိုက်တတ်ကြပြီးတော့ တစ်ချို့တွေကတော့ ရူးရူးမူးမူးကို စွဲလမ်းတတ်ကြပါတယ်။ ဂီတမှာ သင်မသိသေးတဲ့ ကောင်းကျိုးတွေ အများကြီးရှိနေပါတယ်။ ဂီတကို ခံစားခြင်းက ဒီလိုကောင်းကျိုးအဖြာဖြာကို ရရှိစေမှာ ဖြစ်ပါတယ်။

ဥာဏ်ရည်မြင့်မားစေတယ်

shutterstock/YanLev

သီချင်းနာထောင်နေတဲ့အချိန် ဒါမှမဟုတ် တူရိယာတစ်ခုခုကို တီးခတ်နေတဲ့အချိန်မှာ လူတွေရဲ့ ဦးနှောက်တွေဟာ သင်ယူနေတတ်ပါတယ်။ ဥပမာ- သီချင်းတစ်ပုဒ်နားထောင်မိတဲ့အခါ အဲဒီ့သီချင်းစာသားတွေကို ကိုယ်သတိမထားမိလိုက်ပဲ လိုက်မှတ်နေမိတာမျိုး၊ ဂီတာတီးနေတဲ့အချိန်မှာ အဲဒီ့သံစဉ် nodes တွေကို လိုက်မှတ်နေမိတာမျိုး စသဖြင့်ပေါ့။ ဒါဟာ ဦးနှောက်ရဲ့ မှတ်ဥာဏ်စွမ်းအားကို တိုးမြှင့်ပေးပြီး မှတ်မိနိုင်စွမ်းကို မြင့်တက်စေပါတယ်။

အကြားအာရုံကို ကောင်းမွန်စေတယ်

Sponsored

သီချင်းတွေနားထောင်တာ သံစဉ်တွေ တီးခတ်တာတွေက နားထောင်ရတာ အဆင်ပြေသလို မတူညီတဲ့ ဂီတအမျိုးအစားတွေကို နားထောင်ရတဲ့အတွက် အကြားအာရုံကို ပိုကောင်းမွန်လာစေပါတယ်။ ချွင်းချက်အနေနဲ့ တစ်ချိန်လုံး နားကြပ်ကြီးတပ်ပြီး နားထောင်နေတာမျိုးတော့ မပါဝင်ပါဘူးနော်။ နားကြပ်တပ်ပြီး သီချင်းနားထောင်တာဟာ ကြာလာတဲ့အခါမှာ နားရဲ့အသံအိုးကို ထိခိုက်နိုင်စေလို့ ရှောင်သင့်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဂီတာကို မကြာခဏနားထောင်တတ်သူတွေဟာ ဆူညံနေတဲ့အချိန်မှာတောင် စကားသံတွေကို ကြားနိုင်စွမ်း ရှိပါတယ်တဲ့။

READ
လူအများကြားထဲထင်ရှားပြီးစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမယ့် ရှောင်နည်း (၇) နည်း

စိတ်ဖိစီးမှုကို လျှော့ချပေးတယ်

shutterstock/Ahmet Misirligul

ဒါကတော့ တော်တော်များများကိုယ်တိုင် လက်တွေ့ခံစားဖူးပြီးသား ဖြစ်မှာပါ။ စိတ်ပင်ပန်းမှုတွေ များနေတဲ့အချိန်မှာ ကိုယ်ကြိုက်တဲ့ သီချင်းလေးနားထောင်လိုက်မိရင် အဲဒီ့ပင်ပန်းနေတဲ့စိတ်က လျော့ကျသွားစေပါတယ်။ ဂီတဟာ စိတ်ဖိစီးမှုကို လျော့ချပေးနိုင်စွမ်းရှိပြီး စိတ်ကို ပျော်ရွှင်လာစေပါတယ်။ နောက်ပြီး ဂီတဟာ ခန္ဓာကိုယ်ရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။

အသက်ရှုစနစ်ကို ကောင်းမွန်စေတယ်

သီချင်းတစ်ပုဒ်လိုက်ဆိုတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဂီတတစ်ခုခုကို တီးခတ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ် လူတွေဟာ အသက်ပြင်းပြင်းရှုတတ်ကြပါတယ်။ ဒါဟာ အဆုတ်ထဲကို အောက်စီဂျင်ကောင်းမွန်စွာ ရောက်ရှိစေပြီး အသက်ရှုလမ်းကြောင်းစနစ်ကို ကောင်မွန်စေပါတယ်နော်။

ရောဂါခုခံနိုင်စွမ်းမြင့်မားတယ်

shutterstock/ WHYFRAME

နေမကောင်းဖြစ်ချင်နေတဲ့အချိန်မှာ သီချင်းတစ်ပုဒ်လောက် ညည်းလိုက်ခြင်းက နေမကောင်းချင်စိတ်ကို ပျောက်ပြီး ပြန်လည်လန်းဆန်းစေနိုင်တယ်လို့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ဖူးပါတယ်။ ဒါဟာ တကယ့်အမှန်တရားဖြစ်ပြီးတော့ သီချင်းဆိုတာ ဒါမှမဟုတ် ဂီတတစ်ခုခု တီးခတ်တာဟာ နေမကောင်းဖြစ်စေနိုင်တဲ့ virus တွေကို သေစေပြီး ရောဂါခုခံတဲ့စနစ်ကို တိုးမြှင့်ပေးပါတယ်။

READ
အဖြေရွေးရအခက်ဆုံးမေးခွန်းများနဲ့ ရွေးလိုက်တဲ့အဖြေက ကွက်တိပြောနေတဲ့ သင့်အကြောင်း.......

Khin

 

sponsored