ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုသပေးနိုင်စွမ်းရှိတဲ့ အစားအသောက်များ

shutterstock/ BLACKDAY
Sponsored

အသားအရေ လှပဖို့အတွက် အသားအရေ ထိန်းသိမ်းမှုတစ်ခုတည်း တင်မကပဲ အစားအသောက်တွေကလည်း အကျိုးသက်ရောက်မှုရှိပါတယ်။ နေရောင်ခြည်တွေ၊ ဖုန်မှုန့်နဲ့ လေတွေက အသားအရေကို အလွယ်တကူပဲ ပျက်စီးစေတတ်ပါတယ်။ ပျိုမေတို့အတွက် ဒီအစားအစာတွေက ပျက်စီးသွားတဲ့ အသားအရေကို အလွယ်တကူပဲ ပြန်လည်ကုသပေးနိုင်စွမ်းပါတယ်နော်။

Citrus

shutterstock/Maria Uspenskaya

အရည်ရွှမ်းတဲ့ citrus အသီးတွေမှာ အက်ဆစ်ဓာတ်ပါဝင်မှုများတဲ့အတွက် အသားအရေအတွက် ကောင်းမွန်စေပါတယ်။ လိမ္မော်သီး၊ သံပုရိုသီး၊ ကျွဲကောသီး စတဲ့ အသီးတွေမှာ vitamin C ဓာတ် ပေါများစွာ ပါဝင်ပြီး အသားအရေ ပျက်စီးမှုတွေကို ပြန်လည်ကုသနိုင်စွမ်းရှိသလို အသားအရေကို ဖြူလာစေပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတဲ့ antioxidant ပါဝင်ပြီး နေလောင်ခြင်းတွေကိုပါ သက်သာစေပါတယ်။

Green Tea

Sponsored

Green Tea ဟာ ခန္ဓာကိုယ်အတွက် တကယ့်ကို ကောင်းမွန်တဲ့ အရာပဲ ဖြစ်ပါတယ်။ Green Tea မှာ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးတဲ့ ဓာတ်ပါဝင်သလို ထိခိုက်မှုနဲ့ ပျက်စီးခြင်းတွေကို ပြန်လည်ကုသပေးတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ နောက်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ အသားအရေကို စိုပြေလှပစေပါတယ်။

READ
ပိုးသားလေးလို နူးညံ့ပျော့ပျောင်းလွန်းတဲ့ဆံသားပိုင်ဆိုင်ရဖို့ သိထားရမယ့်အချက်များ

ကန်စွန်းဥ

shutterstock/mama_mia

ကောင်းခြင်းတွေ များစွာရှိတဲ့ ကန်စွန်းဥက စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ သူ့မှာ Beta-carotene ဓာတ်မြင့်မားစွာ ပါဝင်ပြီး စားသုံးလိုက်တဲ့အခါမှာ vitamin A ဓာတ်ကို ပြောင်းလဲသွားစေပါတယ်။ ကန်စွန်းဥစားပေးခြင်းက သဘာဝ နေလောင်ကာဆေးအဖြစ် အသားအရေကို ကာကွယ်ပေးပြီး နေလောင်ခြင်းနဲ့ အရေးအကြောင်းဖြစ်ပေါ်ခြင်းကို ကောင်းမွန်စေပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ကောင်းမွန်တဲ့ အဆီတွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးလို့ ဝိတ်ကို ကျစေနိုင်ပါတယ်။ နောက်ပြီး antioxidant, vitamin E ဓာတ်တွေပါဝင်တဲ့အတွက် အရေပြားပျက်စီးမှုကို ပြန်လည်ကုသနိုင်စွမ်း ရှိပါတယ်။

Khin

sponsored