လျှပ်စစ်ကားကို ဓာတ်ဆီကားထင်ပြီး ဆီဖြည့်ဖို့ကြိုးစားနေသူရဲ့ ရယ်စရာဗွီဒီယိုဖိုင်

Facebook/JustinFlom
Sponsored

အမေရိကန်၊ လက်စ်ဗီးဂက်စ်မှာ အမျိုးသားတစ်ယောက်ဟာ သူစီးလားတဲ့ကားကို ဂက်စ်လား၊ ဓာတ်ဆီလား၊ လျှပ်စစ်လား ရှင်းရှင်းလင်းလင်း သိပုံမရဘဲ တလွဲတွေ လျှောက်လုပ်ခဲ့ပါတယ်။ သူစီးလာတဲ့ကားဟာ Tesla က ထုတ်လုပ်ထားတဲ့ ကားဖြစ်ပြီး၊ လျှပ်စစ်နဲ့အားသွင်းပြီး မောင်းရတဲ့ကားမျိုး ဖြစ်ပါတယ်။

ဒီဗွီဒီယိုကို ပြန်လည်မျှဝေခဲ့သူကတော့ မျက်လှည့်ဆရာ Justin Flom ဖြစ်ပြီး လူမှုကွန်ရက် Facebook မှာ သူ့ရဲ့ဗွီဒီယိုဖိုင်က အတော်လေး နာမည်ကြီးနေပါတယ်။ ဘေးက ကြည့်နေတဲ့လူကတောင် ဒီကားက ဘယ်လိုအမျိုးအစားလည်းဆိုတာ သိနေပါတယ်။

Facebook/JustinFlom
Sponsored

ကြည့်ရတာကတော့ Tesla ကားကို မောင်းလာတဲ့သူဟာ အခုလေးတင်မှ ကားကို ဝယ်လာခဲ့ပုံရပါတယ်။ မှတ်ချက်ရေးသူတစ်ချို့ကတော့ ဒီလူဟာ လျှပ်စစ်ကားကို ဂက်စ်ဖြည့်ဖို့ ကြိုးစားနေပုံထောက်ရင် တစ်နေရာရာကနေ ဒီကားကို ခိုးလာပုံရတယ်လို့ ဆိုနေကြပါတယ်။

Tesla ကားဆရာကတော့ ပတ်ဝန်းကျင်ကို သတိမထား၊ ဆီဂေါက်ထည့်ရမယ့်အပေါက်ကို အချိန်တော်တော်ကြာအောင် လိုက်ရှာနေပါတယ်။ သူဟာ အကြွေးဝယ်ကတ်နဲ့ အရင်ဆုံးပိုက်ဆံချေပြီးကာမှ ဆီထည့်တဲ့ဂေါက်နဲ့ အားသွင်းတဲ့အပေါက်ထဲကို မတော်ရေ့တော်ရေ ထိုးထည့်နေတာပါ။

https://www.facebook.com/justinflomofficial/videos/888628478299721/

READ
အိမ်တွင်း အပင်စိုက်ပျိုးသူတွေသာ ရမယ့် ကောင်းကျိုး(၄)မျိုး

ဘယ်လိုမှ မအောင်မြင်တော့ ကားနောက်ဖုံးကို ဖွင့်ပြီး ဆီထည့်လို့ရမယ့်အပေါက် ထပ်ရှာပါတယ်။ နောက် ကားရဲ့ညာဘက်ခြမ်းအထိ စေ့စေ့စပ်စပ် လိုက်ရှာခဲ့ပေမယ့် နောက်ဆုံးတော့ လက်လျှော့လိုက်ရပါတော့တယ်။ Flom ကတော့ ဒီကားဟာ လျှပ်စစ်ကားမှန်း သိလို့ ဘေးကရှိနေတဲ့အဖော်နဲ့ တခွီးခွီး ဖြစ်နေပါတယ်။

မှတ်ချက်ရေးသူ တော်တော်များများကတော့ ဒီကားမှာ လိုင်စင်ပြားတပ်မထားသေးလို့ ကားက တကယ့်ကို အသစ်စက်စက်သာ ရှိသေးကြောင်း၊ ဒါကြောင့်မို့ ဒီလူ ကြောင်စီစီဖြစ်နေပုံရတယ်လို့ ဆိုကြပါတယ်။ နောက်တော့ ကားဆရာဟာ ကားအကြောင်းကို Google ကနေ ရှာလိုက်သေးပြီး၊ သူရဲ့မဟာအမှားကို သိသွားပါတယ်တဲ့။

လင်းသူရိန်

sponsored