တက်သစ်စ တောင်ကိုရီးယား အဆိုတော်အဖွဲ့ဖြစ်တဲ့ MASC ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chibin ကတော့ အဖွဲ့ထဲမှာ သူကြုံတွေ့ရတဲ့ အခက်အခဲနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ဖွင့်ဟပြောဆိုလာပါတယ်။ Chibin ဟာ အဖွဲ့ထဲမှာ သူထက်အသက်ကြီးတဲ့ အစ်ကိုတစ်ယောက်စီကနေ အရိုက်ခံခဲ့ရတာဖြစ်ပါတယ်။
Chibinကတော့ ဒီအကြောင်းကို သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားတာဖြစ်ပါတယ်။



“အပြစ်ကျူးလွန်ခဲ့ပေမဲ့ အဲဒီအဖြစ်ကနေ ရှောင်ချင်နေတာလား။ အဲဒီနေ့က ကျွန်တော့်ကို လူရော စိတ်ပါ ထိခိုက်အောင် လုပ်ခဲ့တာကို တောင်းပန်ဖို့ စိတ်ကူးမရှိတဲ့ ပုံပဲနော်။ အစ်ကို ကျွန်တော့်ကို ဘာကြောင့် အစ်ကို့ရဲ့ အင်စတာဂရမ်ကို follow မလုပ်ထားရတာလဲလို့ မေးတယ်နော်။ ဘာကြောင့်လဲဆိုတော့ ဘာမှမဖြစ်ခဲ့သလို အစ်ကိုက ပို့စ်အသစ်တွေတင်နေမှာကို တွေးရင်းနဲ့တောင် ကြက်သီးထတယ်။ အစ်ကို ကျွန်တော့်စာကို ဖတ်နေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်အဆင်ပြေတယ်လို့ အစ်ကို ထင်နေရင်တော့ အမှားကြီးမှားသွားပါပြီ။ ကျွန်တော် အခန်းမီးကို ပိတ်လိုက်ပြီး အိပ်ရာပေါ်မှာ လှဲလိုက်တဲ့အချိန်တိုင်း အဲဒီနေ့ကို ကျွန်တော့ စိတ်ထဲမှာ ပြန်မြင်လာတယ်။ မျက်နာမှာတောင် အမာရွတ်တွေ မပျောက်သေးဘူး။ အတိတ်က အတိတ်ပဲလို့ မထင်လိုက်ပါနဲ့။ အဲဒီနေ့ကို ကျွန်တော်လုံးဝမမေ့ပါဘူး။ အဲဒီနေ့က ကျွန်တော်မိုးရွာထဲမှာ ငိုနေခဲ့ပြီး ကျွန်တော့ရဲ့သွေးတွေ ထွက်နေတာကို ထိုင်ကြည့်နေခဲ့တာ” လို့ရေးပြီး Chibin က တင်ထားတာဖြစ်ပါတယ်။

Chibin အင်စတာဂရမ်မှာ follow မလုပ်ထားတဲ့ တစ်ဦးတည်းသော MASC အဖွဲ့ဝင်ကတော့ ACE ဖြစ်ပါတယ်။

Source: Kstarlive