မိဘတွေဟာ သားသမီးတွေနဲ့အတူ အချိန်ကုန်ဆုံးဖို့ ဘာကြောင့် ကြိုးစားလေ့ရှိတာလဲ

shutterstock/ Yuganov Konstantin
Sponsored

ငယ်ငယ်ကတည်းက ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေနဲ့ ချစ်ခြင်းမေတ္တာကို ငတ်မွတ်ပြီး ကြီးပြင်းလာရတဲ့ ကလေးတွေရဲ့ အမူအကျင့်တွေဟာ တကယ့်ကို ကွဲပြားခြားနားပါတယ်နော်။ ကလေးတွေဟာ သူတို့မိဖတွေနဲ့ အချိန်ကုန်ဆုံးဖို့ လိုအပ်ပြီး ဒါကလည်း ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို လှပသွားအောင် စွမ်းဆောင်နိုင်တဲ့ အချက်တစ်ခုပါ။ ဒီလိုအကြောင်းအရင်းတွေကြောင့် ကိုယ့်ကလေးနဲ့အတူ မိဘတွေဟာ အချိန်ကုန်ဆုံးဖို့ အတတ်နိုင်ဆုံး ကြိုးစားတတ်ကြပါတယ်။

ချစ်ခြင်းတွေနဲ့ ကြီးပြင်းလာဖို့

shutterstock/ Lucky Business

ကလေးတွေဆိုတာ မိဖတွေဆီက ချစ်ခြင်းတွေကို အလိုချင်ဆုံး သူလေးတွေပါ။ ဒါကြောင့် ကိုယ့်ရဲ့ကလေး ချစ်ခြင်းမေတ္တာကို ခံစားနိုင်ဖို့၊ မိဖရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုနားလည်စေဖို့ ကိုယ့်ရဲ့ ကလေးလေးတွေကို အချိန်ပေးသင့်ပါတယ်နော်။ ဒါက သင့်ရဲ့ကလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ ကြီးပြင်းလာဖို့ ကူညီပေးမှာပါ။

ပိုလိမ္မာယဉ်ကျေးစေဖို့

Sponsored

မိဖတွေနဲ့ အနေစိမ်းတဲ့ ကလေးတွေဟာ အချစ်ငတ်တတ်ကြတာကြောင့် ဆိုးသွမ်းသွားတတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လိုချင်တဲ့ အချစ်ကို ဆိုးသွမ်းမှုတွေနဲ့ အစားထိုးလိုက်တာကြောင်ပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးကို ပိုလိမ္မာယဉ်ကျေးတဲ့သူ ဖြစ်လာစေချင်ရင် ပိုအချိန်ပေးသင့်ပါတယ်။

READ
ထူးခြားတဲ့ မွေးရာပါ ဆံပင်အုံကြီးတွေကို ပိုင်ဆိုင်ထားကြတဲ့ ကလေး (၁၈) ဦး

ကြင်နာတတ်သူတစ်ယောက် ဖြစ်လာဖို့

shutterstock/Liderina

မိဖတွေနဲ့ အချိန်ကုန်ဆုံးပြီး မိဖတွေဆီက ချစ်ခြင်းမေတ္တာကို ခံစားဖူးမှ တစ်ခြားသူကိုလည်း ချစ်ခြင်းမေတ္တာတွေ ပေးရကောင်းသိမှာပါ။ ဒါကြောင့် ကိုယ့်ကလေးလေးကို ကြင်နာဖေးမတတ်ပြီး ချစ်စရာကောင်းတဲ့ သူတစ်ယောက်ဖြစ်လာဖို့ဆိုရင်တော့ မိဖတွေက ကလေးတွေကို အချိန်ပေးသင့်ပါတယ်။

နွေးထွေးမှုကို ခံစားရစေဖို့

မိဖတွေဆီက ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေကို ခံစားရတဲ့ ကလေးတစ်ယောက်ဟာ တစ်ခြားသူအပေါ် ဆက်ဆံတဲ့အခါလည်း နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်ဆံတတ်ပါတယ်။ ဒါကြောင့် သားသမီးတစ်ယေက် လိမ္မာတယ်၊ ဆိုးသွမ်းတယ်ဆိုတာ မိဖတွေ သားသမီးတွေကို အချိန်ပေးခြင်း၊ မပေးခြင်းနဲ့ အများကြီး သက်ဆိုင်နေပါတယ်။

Khin

sponsored