မိသားစုထဲက သားလတ်၊ သမီးလတ်တွေမှာပဲ တွေ့ရတတ်တဲ့ စိတ်ထားနဲ့ ခံယူချက်များ

shutterstock/Diana Indiana
Sponsored

မိသားစုထဲမှာ သားသမီးတွေက သူတို့ရဲ့ နေရာကိုလိုက်ပြီးတော့ စိတ်ထားတွေ၊ ခံယူချက်တွေ အနည်းငယ် ပြောင်းလဲသွားတတ်ကြပါတယ်နော်။ မိသားစုတစ်စုရဲ့ သားလတ်၊ သမီးလတ်တွေမှာတော့ ဒီလို အချက်တွေ ရှိလို့နေကြပါတယ်တဲ့။

ဂျစ်ကန်ကန်နိုင်တယ်

shutterstock/ Tatiana Gekman

သားလတ်၊ သမီးလတ်တွေဟာ နည်းနည်းတော့ ဂျစ်ကန်ကန် ပုံစံမျိုးလေးတွေ ဖြစ်နေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အကြီးတွေလောက် အရေးပေးမခံရသလို၊ အငယ်တွေလောက်လည်း အချစ်မခံရတတ်ကြတဲ့အတွက် သူတို့ရဲ့ ပုံစံကို သူတို့ကိုယ်တိုင် ပြောင်းလဲလိုက်တတ်ကြတာပါ။ အရေးပေးမခံရတဲ့ ခံစားချက်တွေကို ဂျစ်ကန်ကန်နိုင်မှုတွေနဲ့ ဖြေဖျောက်လိုက်ကြတာ ဖြစ်ပြီး တစ်ချို့လူတွေကတော့ ဒီအချက်တွေက အလတ်တွေဟာ မလိမ္မာဘူးဆိုပြီး သတ်မှတ်လိုက်ကြပါတယ်။

အနစ်နာခံတတ်တယ်

Sponsored

ဘယ်လောက်ပဲ ဂျစ်ကန်ကန်နေတတ်တဲ့ သူဖြစ်နေပါစေ၊ လူတွေက မလိမ္မာဘူးလို့ သတ်မှတ်နေကြပါစေ သူတို့တွေက မိသားစုအပေါ်မှာတော့ အနစ်နာခံတတ်ကြသူတွေပါ။ မိသားစုအပေါ် အနစ်နာခံတတ်ပေမယ့် သူတို့ရဲ့ လုပ်ရပ်တွေကိုတော့ ဘယ်တော့မှ ထုတ်ဖော်ဂုဏ်ဖော်လေ့ မရှိပါဘူး။ သူတို့ အနစ်နာခံတတ်မှုတွေကို လူတွေကိုလည်း မသိစေချင်တတ်ကြပါဘူး။ လူတွေအမြင်မှာတော့ ခပ်ဆိုးဆိုး သူတစ်ယောက်အဖြစ်သာ ခံယူထားတတ်ကြပါတယ်။

READ
ချောကလက်ကိတ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်လို့ရမယ့် နည်းလမ်းကောင်း

အရေးပေး ခံချင်ကြသူတွေ

shutterstock/Anton Mukhin

အလတ်တွေက သူတို့အပေါ် ချစ်ခင်တာ၊ အရေးပေးတာကို ခံချင်ကြသူတွေပါ။ ဒါပေမယ့်လို့ သူတို့ရဲ့ ပါးစပ်ကနေတော့ ဘယ်တော့မှ ထုတ်မပြောတတ်ကြပါဘူး။ သူတို့ပြောမှရမယ့် အရာမျိုးကို မလိုချင်တတ်ကြသလို သူတို့အပေါ် ယုံကြည်ထားပေးတာမျိုးကိုလည်း အရမ်းလိုချင်တတ်ကြပါတယ်။ တစ်ခါတစ်လေမှာ အလတ်တွေရဲ့ စကားဟာ အကြီးတွေရဲ့ စကားလောက် အရေးပေးမခံရသလို၊ အငယ်တွေလိုလည်း အလိုလိုက် အကြိုက်ဆောင်ပေးတာ မခံရတဲ့အတွက် တိတ်တိတ်လေး ဝမ်းနည်းနာကျင်တတ်ကြပါတယ်။

စိတ်ဓာတ်မာကျောသလိုနဲ့ နူးညံတယ်

အလတ်တွေက တစ်ခြားသူတွေလောက် အရေးပေးချစ်ခင်မှုကို မခံရတဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကို တစ်ခြားသူတွေမမြင်အောင် ဖုံးကွယ်လာတတ်ကြပါတယ်။ သူများတွေရဲ့ အမြင်မှာတော့ ဘာခံစားချက်မှ မရှိဘူး၊ ကိုယ့်အတွက်ပဲ ကိုယ်သိတဲ့သူလို့ ထင်တတ်ကြပေမယ့် တကယ်တမ်းမှာတော့ စိတ်ထားနူးညံတဲ့ သူတွေပါ။ သူတို့ချစ်ခင်ရသူတွေအတွက် အမြဲ ဦးစားပေး စဉ်းစားပေးတတ်ကြပြီး သူတို့ချစ်ရတဲ့သူတွေကို ထိခိုက်လာရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်တတ်ကြပါဘူး။

READ
မိဘတွေအပေါ် အလိုက်တသိနဲ့ သိတတ်သင့်တဲ့ အကြောင်းအရင်း ၅ ချက်

မိသားစုကို ချစ်ခင်တယ်

shutterstock/Mark Nazh

အလတ်တွေဟာ သူတို့ရဲ့ မိသားစုအပေါ် အရမ်းသံယောဇာဉ်ကြီးတတ်ကြပါတယ်။ သူများတွေရဲ့ အပြောတွေ၊ ဝေဖန်မှုတွေကို ဂရုမစိုက်တတ်ပဲ မိသားစုဆီကတော့ သူတို့အပေါ် ယုံကြည်မှုရှိစေချင်ကြပါတယ်။ မိသားစုကို အရမ်းချစ်တတ်တဲ့ သူတွေဖြစ်လို့ အမြဲ မိသားစုအတွက် ကြိုးစားတတ်ကြပြီး မိသားစု ပျော်ရွှင်ရေးကို ရှာဖွေတတ်ကြသူတွေ ဖြစ်ပါတယ်။

Khin

sponsored