ကျောင်းပြီးတာနဲ့ အလုပ်အကိုင်ကောင်းတစ်ခုရဖို့ ဘာတွေ မဖြစ်မနေ ပြင်ဆင်ထားသင့်သလဲ

shutterstock/TORWAISTUDIO
Sponsored

ကျောင်းပြီးတာနဲ့ ဘာအလုပ်လုပ်ရမလဲ၊ ဘယ်လိုအလုပ်အကိုင်တွေကို join ရမလဲဆိုတာ အမြဲတမ်း ခေါင်းခြောက်ရတဲ့ အရာတစ်ခုပါ။ လူတိုင်းကတော့ ကိုယ်ဝါသနာပါရာ အလုပ်လေးကိုပဲ လုပ်ချင်ကြတာပါပဲ။ ဒီတော့ ကိုယ့်အတွက် ပြည့်စုံကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ကိုင်နိုင်ဖို့ ဒီအချက်လေးတွေ ပြင်ဆင်ထားသင့်ပါတယ်။

လိုအပ်တဲ့ သင်တန်းတွေ တက်ထားပါ

shutterstock/ goodluz

ကျောင်းပြီးမှပဲ လိုအပ်တဲ့ သင်တန်းတွေတက်လိုက်မယ်၊ ကျောင်းပြီးမှပဲ လိုအပ်တဲ့ ပညာရပ်တွေ စလေ့လာမယ်လို့ တွေးထားရင်တော့ သေချာပေါက် သင်နောက်ကောက်ကျန်နေခဲ့ပါလိမ့်မယ်။ သူငယ်ချင်းတွေ အလုပ်အကိုင်ကောင်းတွေ လုပ်နေတဲ့အချိန်မှာ ကိုယ်ကတော့ သင်တန်းတွေစတက်နေတုန်းဆိုရင်တော့ လုံးဝမမိုက်ဘူးနော်။ ဒီတော့ ကျောင်းမပြီးခင်ကတည်းက လိုအပ်တဲ့ ပညာရပ်တွေ သင်ယူထားတာ၊ သင်တန်းတွေ တက်ထားတာမျိုးတွေ လုပ်သင့်ပါတယ်။ ဒါမှ သင့်လိုချင်တဲ့ အလုပ်အကိုင်ကို ရွေးချယ်ပိုင်ခွင့်ရှိမှာပါ။

လေ့လာထားပါ

Sponsored

ကိုယ်လုပ်ချင်တဲ့ အလုပ်အကိုင်နဲ့ ဆိုင်တဲ့ အကြောင်းတွေ လေ့လာထားပါ။ လေ့လာမှုဆိုတာ သင့်ကို ကောင်းကောင်းကြီး အထောက်အပံ့ပေးနိုင်ပါတယ်။ ကိုယ်လုပ်ချင်တဲ့ အလုပ်အကြောင်း ပိုသိလေလေ ကိုယ့်အတွက် ဒီအလုပ် လုပ်ရဖို့ဆိုတာ သေချာလေပါပဲ။ ဒါကြောင့် အားလပ်တဲ့အချိန်တွေမှာ အလုပ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ အလုပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းတွေကို လေ့လာထားပါ။

READ
သဝန်တိုတတ်တဲ့ ချစ်သူတွေဟာ အကောင်းဆုံးချစ်သူတွေဖြစ်ရတဲ့ အကြောင်းအရင်း (၆) ချက်

အလုပ်ခေါ်စာတွေ လိုက်ဖတ်ပါ

shutterstock/ gpointstudio

ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်အကိုင်တွေရဲ့ အလုပ်ခေါ်စာတွေ လိုက်ဖတ်ကြည့်ပါ။ ဒါတွေကို ဖတ်ထားခြင်းက ဒီအလုပ်က ဘယ်လိုအရည်အချင်းတွေကို အဓိကလိုချင်တယ်၊ ဘယ်လိုအချက်တွေ ရှိမှဖြစ်မယ်ဆိုတာသိပြီး ကိုယ့်ကိုယ်ကို ပြင်ဆင်ထားလို့ရပါတယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်ထားတဲ့အခါ ကိုယ်လိုချင်တဲ့အလုပ်က ကိုယ့်အတွက်ပါပဲ။

CV ကောင်းကောင်းရေးတတ်အောင် လေ့ကျင့်ထားပါ

ကိုယ့်မှာ ဘယ်လောက်ပဲ အရည်အချင်းတွေ ရှိနေပါစေ ကိုယ့်ရဲ့ အလုပ်လျှောက်လွှာ CV ကြီးက စိတ်ဝင်စားမှု မပေးနိုင်ရင် သင့်က အင်တာဗျူးအဆင့်တောင် မရောက်နိုင်ပါဘူး။ ဒီတော့ အလုပ်လျှောက်လွှာကို ကောင်းကောင်းရေးတတ်ဖို့ အရေးကြီးပါတယ်။ သူများကို အားကိုးပြီး ရေးခိုင်းတာမျိုးတွေ မလုပ်ပါနဲ့ ခုခေတ်မှာ ပိုက်ဆံပေးလိုက်တာနဲ့ လွယ်လွယ်ကူကူ CV ရတယ်ဆိုပေမယ့်ပေါ့။ ကိုယ်တိုင် ရေးတတ်အောင် သေချာလေ့ကျင့်ထားပါ google ခေါက်လိုက်တာနဲ့ကို အလွယ်တကူ လေ့လာလို့ရပါတယ်နော်။

READ
သင့်ကို လိမ်လည်လှည့်ဖျားနေမှန်း သိသာစေတဲ့အချက်များ

အလုပ်သင် ဝင်လုပ်ပါ

shutterstock/fizkes

ကျောင်းမပြီးသေးပေမယ့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကိုင်မျိုးကို အလုပ်သင်အဖြစ်နဲ့ ဝင်လုပ်လို့ရပါတယ်။ လစာလည်း မကောင်းဘူး၊ အလုပ်လည်း သိပ်မကောင်းဘူးဆိုရင်တောင် ဒါတွေ အရေးမကြီးပါဘူး။ အရေးကြီးတာက အတွေ့အကြုံပါ ကျန်တဲ့ ပညာတွေ မရရင်တောင် လုပ်ငန်းခွင်ဆိုတာ ဘယ်လိုလဲဆိုတာ ကိုယ်ကောင်းကောင်း နားလည်သွားပါမယ်။ ဒီလိုဆို ကိုယ်တကယ် အလုပ်ဝင်တဲ့အခါ အလုပ်နဲ့ စိမ်းမနေတော့ပဲ အလုပ်ရဲ့ သဘောတရားတွေကို နားလည်ပြီးသား ဖြစ်နေမှာပါနော်။ ဒီအချက်တွေက သင့်ကို အလုပ်အကိုင်ကောင်းတစ်ခု သေချာပေါက် ရစေမှာ ဖြစ်ပါတယ်။

Khin

sponsored