တိုးတက်ကောင်းမွန်သူဖြစ်ဖို့ ကိုယ့်ဘဝလေးထဲမှာ ရှိနေသင့်တဲ့ အကျင့်ကောင်းလေးများ

shutterstock/ El Nariz
Sponsored

အလေ့အကျင့်ကောင်းတွေက ကိုယ့်ကိုယ် ပိုကောင်းတဲ့နေရာဆီ ဦးဆောင်ခေါ်သွားတတ်တယ်ဆိုရင်ရော လက်ခံလား။ လူတစ်ယောက်ရဲ့ အလေ့အကျင့်တွေကနေတစ်ဆင့် အဲဒီ့လူရဲ့ နေထိုင်မှုပုံစံတွေ၊ ခံယူချက်တွေကို ပြောင်းလဲသွားစေပါတယ်နော်။ ဒီတော့ ကိုယ့်ဘဝထဲမှာ ဒီလို အလေ့အကျင့် ကောင်းလေးတွေ ရှိထားခြင်းက ကိုယ့်ကိုယ်ကို ပိုကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်အောင် ကိုယ်ကိုယ့်ကိုယ် ပြောင်းလဲပေးလိုက်တာပါပဲနော်။

အကောင်းမြင်စိတ် မွေးပါ

shutterstock/RossHelen

လူတစ်ယောက်ဆီမှာ အကောင်းမြင်စိတ် ရှိခြင်း၊ မရှိခြင်းက အရမ်းကို အရေးကြီးပါတယ်။ လက်တွေ့မှာတော့ လူတွေက အကောင်းမြင်စိတ်ဆိုတာကို သိပ်ထည့်ပြောလေ့ မရှိတတ်ကြပေမယ့်လို့ တကယ်တမ်း တစ်ခုခု ပြောဆိုလုပ်ကိုင်ကြတဲ့အခါ ဒီအကောင်းမြင်စိတ်နဲ့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။ တစ်ချိန်လုံး ညည်းတွားနေတတ်တဲ့၊ နေရာတကာ လိုက်ဝေဖန်အပြစ်တင်ဖို့ပဲ သိတဲ့ အဆိုးမြင်စိတ်များတဲ့သူကိုတော့ ဘယ်သူကမှ သဘောမကျတတ်ကြပါဘူး။ အဆိုးတွေကြုံလာရသည့်တိုင် အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်တတ်တဲ့၊ အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ကြည့်တတ်တဲ့ သူမျိုးကတော့ လူတိုင်းလက်တွဲခေါ်သွားချင်တဲ့ သူမျိုးဖြစ်ပါတယ်။ နောက်ပြီး အကောင်းမြင်စိတ်က နေ့ရက်တိုင်းမှာ တကယ့် အကူအညီဖြစ်စေပါတယ်။

READ
သင်တို့နှစ်ယောက်ကြားမှာ အချစ်မရှိတော့ဘူးဆိုတာ သက်သေပြနေတဲ့ အမှန်တရား (၄) ခု

ဝါသနာပါရာလေးတွေ လုပ်ကြည့်ပါ

Sponsored

လူတွေက တစ်နေ့တစ်နေ့ အလုပ်တွေနဲ့ မအားလပ်ကြဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဝါသနာလေးတွေကို ကိုယ်အားလပ်တဲ့ အချိန်လေးတွေမှာ လုပ်ကြည့်သင့်ပါတယ်။ ဒါဟာ ကိုယ့်စိတ်ပျော်ရွှင်ဖို့ကို ဦးစားပေးတဲ့ အချက်ပါပဲ။ လူတစ်ယောက်မှာ အဓိကက စိတ်ပျော်ရွှင်နေဖို့ အရေးကြီးပါတယ်နော်။

ပညာရပ်သစ်တွေ လေ့လာပါ

shutterstock/ Jacob Lund

ကိုယ့်ဘဝတက်လမ်းအတွက် ပညာရပ်သစ်တွေကို လေ့လာထားဖို့ လိုအပ်ပါတယ်။ လူတော်တော်များများက အလုပ်လုပ်နေတဲ့ အချိန်တွေမှာ ဘာပညာရပ်တွေကိုမှ ဆက်မလေ့လာကြတော့ပဲ ဒီအတိုင်း နေကြတာ များပါတယ်။ ဒါက တကယ်တမ်းမှာတော့ ကိုယ့်ရဲ့တိုးတက်မှုကို ကိုင်တိုင်ရပ်တန့်လိုက်သလိုပါပဲ။ ဒီတော့ ကိုယ့်ဘဝရဲ့ ပန်းတိုင်အတွက် ဒါမှမဟုတ် ပိုကောင်းမွန်တဲ့ ရှေ့ရေးအတွက် ပညာရပ်အသစ်တွေ လေ့လာပါ။

သဘာဝ တရားကို ချစ်ခင်ကြည့်ပါ

ဘဝတိုးတက်ရေးနဲ့ သဘာဝတရားကို ချစ်ခင်ဖို့က ဘာဆိုင်လို့လဲ ဆိုရင်တော့ ဆိုင်တယ်လို့ပဲ ပြောပါရစေ။ ကိုယ့်ဘဝ တိုးတက်ရေးအတွက် အလေ့အကျင့်ကောင်းလေးတွေမွေးတဲ့ထဲမှာ ကိုယ့်ကိုယ်ကို အနားပေးဖို့၊ ကိုယ်စိတ်ပျော်တာလေးတွေ လုပ်တတ်တဲ့ အကျင့်လေးကိုလည်း မွေးမြူသင့်ပါတယ်နော်။ ဒီတော့ အားလပ်ချိန်တွေမှာ စိတ်အပန်းဖြေတဲ့ သဘောနဲ့ အပင်လေးတွေ စိုက်တာ၊ သဘာဝ တရားရဲ့ အေးချမ်းမှုလေးတွေကို ခံစားရင်း စိတ်အပန်းဖြေကြည့်ပါ။ ဒါက သင့်ရဲ့ စိတ်ကို လန်းဆန်းစေတဲ့ နည်းလမ်းလေးဖြစ်ပြီး တကယ့်ကို အကျိုးရှိစေပါတယ်။

READ
ပိတ်ရက်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အကျိုးရှိရှိ ဖြတ်သန်းကြမယ်

Khin

sponsored