ခေတ်မှီပြီး ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်လာဖို့ မဖြစ်မနေ သိထားသင့်တဲ့ အချက်(၄)ချက်

shutterstock/Ann Haritonenko
Sponsored

ဖက်ရှင်ကျဖို့ဆိုတာက တကယ်တမ်းမှာတော့ အရမ်းမခက်ခဲလှပါဘူး။ ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူ တစ်ယောက်ဖြစ်လာဖို့၊ လူတွေရဲ့ အမြင်မှာ ကိုယ်ဟာ ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်နေဖို့အတွက် အရမ်းကိုလွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးကို သိထားရုံနဲ့ ဖြစ်ပါတယ်။

အရမ်း အပေါစား ဆန်တာတွေ မဝယ်ပါနဲ့

shutterstock/didesign021

အပေါစားဆန်တာတွေ မဝယ်နဲ့ဆိုတိုင်း နာမည်ကြီးတံဆိပ်တွေ၊ branded တွေမှ ဝတ်ရမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဈေးနှုန်းအသင့်အတင့်နဲ့ အဆင်ပြေတဲ့ အဝတ်အစားမျိုးကို ရွေးချယ်နိုင်ပါတယ်။ ဥပမာ- ဈေးပေါတဲ့ အကျီ င်္နှစ်ထည်ဝယ်မယ့်နေရာမှာ ဈေးနှုန်းအသင့်အတင့်ရှိတဲ့ အကျီ င်္တစ်ထည်ပဲ ဝယ်လိုက်တာမျိုးပေါ့။ ဈေးပေါတဲ့ အဝတ်အစားတွေက ဝယ်ရတာနဲ့ မတန်အောင် ခဏလေးနဲ့ အရောင်မွဲသွားတာ၊ ဟောင်းနွမ်းသွားတာမျိုးတွေ ဖြစ်တတ်ပြီး ဒါက ဖက်ရှင်အမြင်ကို ထိခိုက်စေပါတယ်။

ကိုယ်ပိုင် စတိုင်လ်ရှိပါ

Sponsored

လူတိုင်းမှာ ကိုယ်ပိုင်စတိုလ်ဆိုတာ ရှိပါတယ်။ တစ်ချို့က မြန်မာဝတ်စုံမျိုးနဲ့ ပိုကြည့်ကောင်းသလို၊ တစ်ချို့က ဂါဝန်လေးတွေ၊ စကတ်လေးတွေနဲ့ ကြည့်ကောင်းတာမျိုး တစ်ချို့ကတော့ ဘောင်းဘီတွေနဲ့မှ ပိုလိုက်ဖက်တာမျိုးပေါ့။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင်လ်မျိုးကို သိအောင်လုပ်ပြီး အဲဒီ့ဖက်ရှင်မျိုးကို အများအားဖြင့် ဝတ်ဆင်ပါ။ ဒါက သင့်ကို ပိုကြည့်ကောင်းဖက်ရှင်ကျသူ ဖြစ်နေစေမှာပါ။

READ
ဆားဝက်ခြံတွေကို အမြစ်ပြတ်အောင် ကုသနိုင်မယ့်နည်းလမ်းများ

တစ်ကိုယ်ရည် သန့်ရှင်းမှု

shutterstock/HighKey

ဖက်ရှင်ကျတဲ့ သူတစ်ယောက်ဖြစ်ဖို့ဆိုတဲ့ နေရာမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုကလည်း တကယ့်ကို အရေးကြီးပါတယ်။ အဝတ်အစားတွေကို အမိုက်စားတွေ ဝတ်ထားပါရဲ့ ချွေးသံတရွှဲရွှဲနဲ့ ခြေထောက်တွေ၊ လက်တွေကလည်း ညစ်ပတ်နေတယ် စသဖြင့်ပေါ့ ဒါက သူများတွေရဲ့ အမြင်မှာ ကိုယ့်ကိုယ် ဖက်ရှင်ကျတဲ့သူတစ်ယောက်အဖြစ်ဘယ်လိုမှ မမြင်မိစေပါဘူး။

ကိုယ်သင်းရနံ့

နောက်ထပ်တစ်ချက်က ကိုယ်သင်းရနံ့ပါ။ အိုခေ အမြင်ကတော့ လုံးဝ prefect ဖက်ရှင်ကျနေပြီ ကိုယ်ဝတ်ထားတဲ့ ပုံစံနဲ့ ကိုယ်က လိုက်ဖက်မှုလည်း ရှိနေပြီ ဒါပေမယ့် ကိုယ့်ဆီကနေ အနံ့အသက် မကောင်းဘူး၊ နံ့စော်နေတယ်ဆိုရင်တော့ ဘယ်သူကမှ ဖက်ရှင်ကျလိုက်တာလို့ ပြောချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သင်းရနံ့ကလည်း တကယ့်ကို အရေးကြီးပါတယ်။ အဝတ်အစား သတ်သတ်ရပ်ရပ်လည်းဝတ်ပြီး ကိုယ်သင်းရနံ့လေးကို ဂရုစိုက်လိုက်ရုံနဲ့ သင်ဟာ ဖက်ရှင်ကျတဲ့သူတစ်ယောက် ဖြစ်နိုင်ပါတယ်။

READ
ပျိုမေတို့ လိုက်ညှပ်လို့ရမယ့် အာရှသူလေးတွေနဲ့ အလိုက်ဖက်ဆုံးဆံပင်အတိုပုံစံ(၈)မျိုး

Khin

sponsored