သူငယ်ချင်းအပေါ် ချစ်ခင်လွန်းတဲ့အခါ ကြုံတွေ့လာရမယ့် စိတ်ခံစားချက်(၄)ချက်

shutterstock/Khin Aye Zan - Articles Lists (19.3.2020) (1) (2) (3) (4) (5) (6) (7)
Sponsored

သူငယ်ချင်းဆိုတာက ရင်ဘတ်ချင်းအနီးဆုံး သူစိမ်းတွေဖြစ်သလို တစ်ယောက်စိတ်ကို တစ်ယောက် အမြဲတမ်း နားလည်ပေးတတ်သူတွေဆိုလည်း ဟုတ်ပါတယ်။ သူငယ်ချင်းဆိုတာ တစ်ယောက်လိုအပ်တဲ့အချိန်တိုင်း တစ်ယောက်အနားမှာရှိပေးတတ်ပြီး အဆိုးအကောင်းတွေကို အတူတူ ဖြတ်ကျော်လာခဲ့ကြသူတွေပါ။ သူငယ်ချင်းဆက်ဆံရေးပဲဖြစ်ဖြစ်၊ ချစ်သူဆက်ဆံရေးပဲဖြစ်ဖြစ် ပိုချစ်တဲ့သူက ရှုံးရစမြဲပါနော်။ ဒီတော့ သူငယ်ချင်းအပေါ် လိုတာထက် ပိုပြီးချစ်ခင်လွန်းတဲ့အခါ ဒီအချက်လေးတွေကို တွေ့ကြုံလာရစေပါတယ်။

တွယ်တာမှုတွေ များလာမယ်

shutterstock/Dean Drobot

လူတိုင်းမှာ အခင်မင်ဆုံးသော သူငယ်ချင်း တစ်ယောက်လောက်တော့ အနည်းဆုံး ရှိတတ်ကြပါတယ်။ ဒီလို ကိုယ့်ရဲ့အချစ်ဆုံး သူငယ်ချင်းကို အရမ်းချစ်ခင်လွန်းသွားတဲ့အခါ သူတို့အပေါ် သံယောဇာဉ်တွေ ပိုတိုးလာတတ်ပါတယ်။ သူငယ်ချင်းက အရာရာဖြစ်လာသလို ကိုယ့်ဘဝရဲ့ အရေးပါဆုံးအရာတွေမှာ သူငယ်ချင်းတွေလည်း ပါဝင်လာခဲ့ပါတယ်။ ပျော်ရွှင်မှုတွေကို သူငယ်ချင်းတွေနဲ့အတူ ဖန်တီးချင်ပြီး ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအထိကို သူငယ်ချင်းတွေကို အရေးပေးတတ်လာခဲ့ပြီး တွယ်တာမှုတွေ ပိုပိုတိုးလာတာပါပဲ။

READ
တစ်ပတ်လုံး အလုပ်တွေ လုပ်ခဲ့ပြီးတဲ့နောက် ကိုယ့်ကိုယ်ကို အနားပေးဖို့ ပြုလုပ်သင့်တဲ့ အရာများ

တူညီတဲ့ အလေးထားမှုတွေ လိုချင်လာတယ်

Sponsored

ကိုယ်က သူငယ်ချင်းတွေအပေါ် အရမ်းအလေးထားလွန်းတဲ့အခါ သူတို့ဆီကလည်း အလေးထားမှုကို ပြန်လိုချင်လာတတ်ပါတယ်နော်။ ကိုယ်ခင်မင်သလို သူတို့လည်း ခင်မင်စေချင်ပြီး ကိုယ်အလေးထားသလို သူတို့ကိုလည်း အလေးထားလာစေချင်တာပါ။ တစ်ခါတစ်လေမှာ ဘာမှမဟုတ်တဲ့ အကြောင်းအရာ သေးသေးလေးတွေကြောင့်လည်း ကိုယ့်ကိုယ်အလေးမထားဘူးလို့ထင်ပြီး ခံစားနေတတ်ပါတယ်။

သဝန်တိုမှုလေးတွေ ဖြစ်လာမယ်

shutterstock/Jacob Lund

သဝန်တိုတယ်ဆိုတာ ချစ်သူရည်းစားချင်းမှာပဲ ရှိတာမဟုတ်ပဲ ချစ်တတ်တဲ့သူတိုင်း ဖြစ်ပေါ်တတ်တဲ့ အရာတစ်ခုပါ။ နောက်ပြီး ပိုချစ်တဲ့သူက ပိုသဝန်တိုတတ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်အချစ်ဆုံး သူငယ်ချင်းကို တစ်ခြား သူငယ်ချင်းတွေနဲ့ အရမ်းရင်းနှီးနေသလို မြင်မိတဲ့အခါ၊ တစ်ခါတစ်လေ ကိုယ်က ဘေးရောက်နေတယ်လို့ ခံစားရတဲ့အခါမျိုးမှာ ငါ့ထက် သူ့တို့ကို ခင်သွားတော့မယ် ဆိုတဲ့ သဝန်တိုစိတ်သေးသေးလေးက ဖြစ်ပေါ်လာတတ်ပါတယ်နော်။ ဒါကို သူငယ်ချင်းတိုင်းလည်း ကြုံဖူးကြမယ်လို့ ထင်ပါတယ်။

READ
ဗိုင်းရပ်စ်နဲ့ အခြားသောပိုးမွှားများကို အပြတ်ရှင်းလင်းသုတ်သင်ပေးမယ့် နည်းလမ်း (၄)မျိုး

ဆုံးရှုံးရမှာ ကြောက်တယ်

သူငယ်ချင်းကို ဆုံးရှုံးရမှာ ကြောက်တဲ့ စိတ်ဖြစ်ဖူးလား ဒါမှမဟုတ် ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်း ကိုယ့်ဘဝထဲက ထွက်သွားမယ်ဆိုတာမျိုး တွေးကြည့်ဖူးလား။ သူငယ်ချင်းအပေါ် ခင်မင်ချစ်ခင်လွန်းတဲ့အခါ သူငယ်ချင်းကို ဆုံးရှုံးရမယ့်စိတ်က တကယ်ကြောက်စရာကောင်းပါတယ်။ ဘဝမှာ ရှားရှားပါးပါး ရထားတဲ့ ကိုယ်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းကို ဆုံးရှုံးရမှာက တကယ့်လည်း ကြောက်စရာကောင်းပါတယ်နော်။ ဒီလိုတွေသာ ဖြစ်နေမိပြီဆိုရင်တော့ သင်ဟာ သူငယ်ချင်းတွေအပေါ်မှာ အရမ်းကို အလေးထား ခင်မင်လွန်းသူဖြစ်ကြောင်း ဖော်ပြနေပါတယ်။

Khin

sponsored