တကယ် ချစ်မိသွားတဲ့ သူတွေအတွက် ဒီလိုအရာတွေ လုံးဝ မလိုအပ်ပါဘူး ……

shutterstock/  Martin Novak
Sponsored

အချစ်ဆိုတာက တကယ့်ကို ဆန်းကြယ်တဲ့အရာတစ်ခု ဖြစ်ပြီးတော့ တစ်စုံတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတဲ့အခါ အဲဒီ့လူအတွက် ဘာမဆို လုပ်ပေးချင်စိတ်တွေ၊ အဲဒီ့လူ စိတ်ချမ်းသာဖို့ကို ဦးစားပေးတတ်လာကြပါတယ်။ အချစ်ဆိုတာ ပြုပြင်ပြောင်းလဲလို့လည်း မရသလို၊ ဖန်တီးလုပ်ယူလို့လည်း မရပဲ လူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ထပ်တူကျ ချစ်မိဖို့ပဲ လိုအပ်ပါတယ်။ ဒီတော့ တကယ်ချစ်မိသွားတဲ့သူတွေက အချစ်မှာ ဒါတွေမလိုအပ်ဘူးဆိုတာကို နားလည်လာတတ်ကြပါတယ်။

ဂုဏ်ပကာသနတွေ

shutterstock/ Joshua Resnick

အချစ်ဆိုတာ ဘက်လိုက်တတ်တယ်လို့ ပြောတတ်ကြပေမယ့် တကယ်တမ်း ချစ်မိသွားတဲ့အချိန်မှာတော့ ချမ်းသာတယ်၊ ဆင်းရဲတယ်၊ အဆင့်အတန်း ကွဲပြားမှုတွေက သိပ်အရေးမပါလှတော့ပါဘူး။ သူကိုယ့်ဘေးနားမှာ ရှိနေရုံနဲ့ကို အရာရာ ပြည့်စုံနေတတ်တာမျိုးပေါ့။ တကယ်လို့ သင့်ရဲ့ ဦးနှောက်က နှလုံးသားထက် ကြီးမားမနေခဲ့ဖူးဆိုရင် အချစ်ဆိုတဲ့အရာမှာ ဂုဏ်ပကာသနတွေက အရေးပါမနေပါဘူး။

READ
တချို့ယောက်ျားလေးတွေ စိတ်ဝင်စားရက်နဲ့ မိန်းကလေးတွေကို မချဉ်းကပ်ရတဲ့ အကြောင်းအရင်း (၅) ချက်

လိုအပ်ချက်တွေ

shutterstock/ Joshua Resnick
Sponsored

ကိုယ်တကယ်ချစ်မိသွားတဲ့အခါ အဲဒီ့လူရဲ့ ချို့ယွင်းချက်တွေ၊ လိုအပ်ချက်တွေနဲ့ အရာရာတိုင်းကို အပြစ်မမြင်တတ်ကြတော့ပါဘူး။ နက်နက်ရှိုင်းရှိုင်းချစ်မိလာတဲ့အခါ သူ့ရဲ့ ချို့ယွင်းချက်လေးကိုတောင် ချစ်စရာကောင်းတယ်လို့ မြင်မိလာတတ်ကြပါတယ်နော်။ ဒီတော့ အချစ်မှာ လိုအပ်ချက်ဆိုတာ ရှိမနေပါဘူး။

သူ ဆိုတဲ့ ဖြစ်တည်မှု

shutterstock/ Joshua Resnick

ကိုယ်ရွေးချယ်လိုက်တဲ့သူ၊ ကိုယ်တကယ် မက်မက်မောမော ချစ်မိတဲ့သူက ဘယ်လိုလူမျိုးပဲ ဖြစ်နေပါစေ သူ့ရဲ့ ဖြစ်တည်မှုအတိုင်း ချစ်တတ်လာပါတယ်။ တစ်ခြားသူတွေအမြင်မှာ သူဟာ သင်နဲ့ မထိုက်တန်တဲ့ သူလို့ မြင်နေကြပါစေ သင့်အတွက်ကတော့ သူဆိုတဲ့ ဖြစ်တည်မှုလေးကိုပဲ ချစ်မိနေတာမျိုးပေါ့။

စံနှုန်းတွေ

shutterstock/ F8 studio

မချစ်မိခင်တော့ ငါ့ချစ်သူက ဘယ်လိုပုံစံမျိုးဖြစ်ရမယ်၊ ငါက ဘယ်လို လူမျိုးကိုမှ ချစ်သူတော်မှာလို့ ဘယ်လောက်ပဲ ပြောနေကြပါစေ တကယ်တမ်း ချစ်မိသွားခဲ့ရင် ရွေးချယ်ပိုင်ခွင့်တွေ ပျောက်ဆုံး သွားတတ်ကြပါတယ်။ ကိုယ်အရင်က ထားရှိတဲ့ စံနှုန်းတွေနဲ့ တစ်စက်မှ မကိုက်ညီရင်တောင် သူ့ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့တင် ရွေးချယ်မိလိုက်တတ်ကြပါတယ်။ တကယ်ချစ်မိတဲ့အခါ ဘယ်စံနှုန်းကမှ အချစ်ကို ချိုးဖျက်လို့ မရပါဘူး။ ဒါဟာ တကယ်ချစ်မိသွားတဲ့အခါ အရေးမပါတော့တဲ့ အချက်တွေ ဖြစ်လာပါတယ်။

READ
ယောကျာ်းတစ်ယောက် အချစ်ကို တွေ့နေပြီဆိုရင်ပြုမူတတ်တဲ့ အမူအရာများ

Khin

sponsored