ပြီးပြတ်သွားတဲ့ ချစ်သူကို တသသဖြစ်မနေသင့်တဲ့ အကြောင်းအရင်းများ

shutterstock/LightField Studios
Sponsored

လူတွေဟာ ဘဝတစ်ကွေ့မှာ တစ်ချိန်ချိန်တော့ ချစ်ဖူးခဲ့ကြတဲ့ သူတွေပါပဲ။ အရမ်းကို နက်နဲတဲ့ ချစ်ခြင်းတွေနဲ့ပဲ ချစ်ဖူးခဲ့တာဖြစ်ဖြစ် ဒါမှမဟုတ် ခဏလောက် စိတ်ကစားလို့ ချစ်ဖူခဲ့တာဖြစ်ပါစေ အကြောင်းမတိုင်ဆိုင်ရင်တော့ အဲဒီ့လူနဲ့ ကိုယ်ဟာ ခဏတာရေစက်ပဲ ဖြစ်မှာပါ။ ဒါက ဘဝရဲ့ သဘောတရားတွေဖြစ်ပြီး ပြီးဆုံးသွားတဲ့အရာတစ်ခုကို ပြန်ဆက်ဖို့ ကြိုးစားမနေသင့်ပါဘူး။ ဒါက ကိုယ့်ရဲ့အချိန်တွေကို ဖြုန်းတီးရာပဲ ရောက်ပါတယ်နော်။ တစ်ချိန်က ချစ်ခဲ့ဖူးပေမယ့်  ပြီးပြတ်သွားတဲ့အချိန်မှာတော့ အဲဒီ့နေရာမှာပဲ လွှတ်ချထားရစ်ခဲ့သင့်တဲ့ အကြောင်းအရင်းတွေ ရှိလို့နေပါတယ်။

အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ

shutterstock/traveliving

အတိတ်ဆိုတာ ပြုပြင်ပြောင်းလဲလို့ မရနိုင်တော့တဲ့ ကျော်လွန်သွားတဲ့ စာမျက်နှာတစ်ရွက်လိုပါပဲ။ ဒီအတိတ်ကို တသသပြန်တွေးနေလို့လည်း အတိတ်တွေက ပြန်အသက်မဝင်လာနိုင်တော့ပါဘူး။ ဒါကြောင့် ပြီးဆုံးသွားခဲ့တဲ့ အတိတ်တွေကို အတိတ်မှာပဲ ထားရစ်ခဲ့လိုက်ပါ။ ကိုယ်တစ်ချိန်က ဘယ်လောက်ပဲ ချစ်ခဲ့တဲ့သူပဲဖြစ်ဖြစ် ခုချိန်မှာတော့ ကိုယ်နဲ့ဘာမှမဆိုင်တော့တဲ့ သူစိမ်းတစ်ယောက်ဖြစ်သွားပါပြီ။ ဒါကိုမှ ပြန်တွေးပြီး ခံစားနေမယ်ဆိုရင်၊ အတိတ်ထဲမှာပဲ ပိတ်မိနေမယ်ဆိုရင် လက်ရှိပစ္စုပ္ပန်က အဓိပ္ပါယ်မဲ့သွားပါလိမ့်မယ်။

READ
ကိုယ့်ကောင်လေးအပေါ် အချစ်လွန်လွန်းနေတဲ့ မိန်းကလေးတွေသာ သိနိုင်မယ့်အရာများ

မထိုက်လို့ ထားရစ်ခဲ့တယ်လို့ မှတ်ပါ

Sponsored

တစ်ခါတစ်လေမှာ ကိုယ်ကအရမ်းတန်ဖိုးမြှင့်လွန်းနေတဲ့အခါ တော်ရုံလူတွေက ကိုယ့်ကိုယ်ရယူဖို့ မတတ်နိုင်ကြပါဘူး။ ဒီသဘောပါပဲ အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်ကြောင့် နာကျင်ဝမ်းနည်းခဲ့ရမယ်ဆိုရင်တောင် ဒါဟာ ကိုယ့်အတွက် ဒီ့ထက်ကောင်းတဲ့အရာတွေ တွေ့ကြုံဖို့ဖြစ်လာတယ်ဆိုတာကို သတိရပါ။ ကိုယ်နဲ့မထိုက်လို့ ချန်ထားရစ်ခဲ့တဲ့သူအတွက် အချိန်အကြာကြီး လွမ်းဆွေးသတိရနေတာမျိုး မဖြစ်သင့်ပါဘူး။

ဝမ်းမနည်းပါနဲ့

shutterstock/Olena Yakobchuk

ကိုယ်ချစ်ရတဲ့ တစ်စုံတစ်ယောက်နဲ့ လမ်းခွဲပြတ်စဲကြတဲ့အခါ ဝမ်းမနည်းတဲ့လူရယ်လို့တော့ မရှိနိုင်ပါဘူး။ အချိန်တစ်ခုအထိ ဝမ်းနည်းခံစားလို့ရတာမှန်ပေမယ့် အဲဒီ့ဝမ်းနည်းစိတ်ကြီးကို အချိန်တစ်ခုရောက်ရင် ထားရစ်ခဲ့လိုက်ပါ။ ဘဝက ထင်ထားတာထက် ရိုးစင်းပါတယ် ချန်ရစ်ထားရစ်ခဲ့သင့်တဲ့သူတွေကို ချန်ရစ်ထားခဲ့ပြီး လွှတ်ချထားခဲ့သင့်တဲ့သူတွေကို လွှတ်ချခဲ့သင့်ပါတယ်။ ဒါမှ ရှေ့ခရီးလမ်းမှာ ပေါ့ပေါ့ပါးပါးနဲ့ ခရီးဆက်နိုင်မှာပါ။

ပိုကောင်းတဲ့သူတစ်ယောက် ကိုယ့်အတွက်ရောက်လာမှာကို ယုံကြည်ပါ

အချစ်ဆိုတာ ထပ်ခါထပ်ခါ အသစ်မွေးဖွားနိုင်စွမ်း ရှိပါတယ်။ ကိုယ့်ကိုယ်မချစ်လို့ ထားရစ်ခဲ့သူတွေ၊ ကိုယ်နဲ့မထိုက်လို့ ချန်ရစ်ခဲ့ရသူတွေက ကိုယ့်အတွက် တကယ်စစ်မှန်တဲ့သူအတွက် လမ်းဖယ်ပေးလိုက်ရတာပါ။ ဒါကြောင့် ကိုယ့်အတွက် ပိုကောင်းတဲ့ ပိုတန်ဖိုးရှိတဲ့ တစ်စုံတစ်ယောက်ကတော့ ကိုယ့်ဆီကို ရောက်အောင်လာနေတယ်ဆိုတာကို ယုံကြည်ပါ။ အချိန်တစ်ခုရောက်လာတဲ့အခါ ကိုယ်နဲ့ထိုက်တန်တဲ့ တစ်စုံတစ်ယောက်ဟာ ကိုယ့်အနားမှာ ရှိနေမှာပဲ ဖြစ်ပါတယ်။

READ
သင်ဟာ မိန်းမချင်းစိတ်ဝင်စားသူ(Lesbian)တစ်ယောက်ဖြစ်နေလား သိနိုင်မယ့်နည်းလမ်းများ

Khin

sponsored