ကို်ယ့်အပေါ် ဂရုစိုက်ဖို့ မေ့လျော့နေတဲ့ချစ်သူကို ဒီလိုနည်းလမ်းတွေနဲ့ ပြန်ချေပြမယ်

shutterstock/Studio Peace
Sponsored

စုံတွဲတော်တော်များများတွေ့ကြုံနေရတဲ့ ပြသနာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ချစ်သူသက်တမ်းကြာလာတဲ့အခါမှာ ယောကျာ်းလေးတွေဟာ စတွဲတုန်းကလောက် ကိုယ့်အပေါ်မချစ်တော့ဘူးလို့ မိန်းကလေးတွေ ထင်လာကြပါတယ်။ ဒါဟာ တွေးထင်မှုသက်သက်မဟုတ်ပဲ တကယ့်အမှန်တရားတစ်ခုဖြစ်ပြီးတော့ ယောကျာ်းလေးတွေက ချစ်သူသက်တမ်း အချိန်တစ်ခုရောက်တဲ့အခါမှာ ကိုယ့်ချစ်သူအပေါ်ကို ဂရုစိုက်မှု ပေါ့လျော့သွားတတ်ကြပါတယ်။ ဒီလိုကိစ္စမျိုး သင်ကို်ယ်တိုင်သာ ကြုံတွေ့နေရပြီဆိုရင်တော့ ဒီနည်းလမ်းတွေနဲ့ သင့်ချစ်သူကို သတိပေးဖို့လိုအပ်နေပါပြီနော်။

ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်နေပါ

shutterstock/Veles Studio

သင့်ချစ်သူက သင့်အပေါ် အချစ်တွေလျော့ ဂရုမစိုက်တော့ဘူးဆိုပြီး အဲဒီ့အကြောင်းအရာကိုပဲ တစ်ချိန်လုံးတွေးပြီး စိတ်ညစ်မနေပါနဲ့။ ဒါဟာ သင့်ကိုပိုစိတ်ဒုက္ခဝမ်းနည်းစေတဲ့ နည်းလမ်းအမှားကြီးဖြစ်ပါတယ်။ သူ့ဂရုစိုက်မှုမရလည်း သင့်ကိုယ်သင်ပျော်ရွှင်အောင် နေထိုင်နိုင်တယ်ဆိုတာ သူနားလည်သဘောပေါက်ပါစေ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဆိုတာ သူများဖန်တီးပေးတာထက် ကိုယ်တိုင်ဖန်တီးယူရတာ များပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်နေပါ။

သင့်ရဲ့ ပုံစံတွေ၊ ဝတ်စားပုံတွေပြောင်းလိုက်ပါ

Sponsored

ဒါက မဖြစ်မနေပြောင်းရမယ်လို့ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကို်ယ်စိတ်ပါတယ်ဆိုရင် ဆံပင်တိုလေးညှပ်လိုက်တာဖြစ်ဖြစ်၊ ကိုယ်ဝတ်ချင်လို့ မဝတ်ဖြစ်တဲ့ အဝတ်အစားတွေ ဝတ်လိုက်တာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အလှဆုံးနေထိုင်ဖို့ကို ပြောချင်တာပါ။ ဆံပင်မညှပ်ချင်ဘူး၊ ကိုယ့်ရဲ့စတိုင်ကို မပြောင်းလဲချင်ဘူးဆိုရင်လည်း အရင်ကထက် ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင်နေဖို့ကို ပြောချင်တာပါ။ ဒါဟာ သင့်ရဲ့စိတ်ကိုရော၊ သူ့ရဲ့စိတ်ကိုပါ ပြောင်းလဲစေနိုင်ပါတယ်။

READ
မရိုတတ်ပေမယ့် သင့်ကိုသိပ်ချစ်တဲ့ချစ်သူကိုပိုင်ဆိုင်ထားကြောင်း သိသာစေတဲ့အချက်များ

သူုနဲ့ date ထားတာကို ဖျက်လိုက်ပါ

shutterstock/ sergey causelove

တစ်ခါတစ်လေမှာ သူနဲ့ချိန်းထားတဲ့အချိန်မှာ သူ့ဖက်က အလုပ်မအားလို့ဖျက်လိုက်တာမျိုး သင်ကြုံကောင်းကြုံဖူးမှာပါ။ ဒါဟာ တကယ့်ကို စိတ်တိုစရာကောင်းပြီး အောင့်သက်သက်နိုင်လွန်းတဲ့ ခံစားမှုဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို သူလည်းကြုံဖူး ခံစားဖူးအောင်လို့ သူနဲ့ date လုပ်ထားပြီးမှ မအားဘူးဆိုပြီး အကြောင်းပြချက်လှလှလေးသုံးပြီးတော့ cancel လုပ်လိုက်ပါ။ ဒါဟာ လျော့လိုက်တင်းလိုက်လုပ်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ အပြင်ထွက်လျှောက်လည်ပါ

သင်ဟာ သူ့ကို မရှိမဖြစ်လိုအပ်တဲ့ပုံစံမျိုးကို ထုတ်မပြမိပါစေနဲ့။ လူတွေဟာ လွယ်ကူလွန်းရင် တန်ဖိုးမဲ့သွားတတ်ပြီး ခက်ခဲတဲ့အရာတွေကိုမှ တန်ဖိုးထားတတ်ကြတာ ထုံးစံပါ။ ဒါကြောင့် သူ့ကိုမပြောပဲ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ကောင်းကောင်းကြီး ပျော်ပစ်လိုက်ပါ။ သင့်ရဲ့ facebook တို့ instagram စတာတွေမှာ ပုံတွေတင်ကာမှ သူသိသွားတာမျိုး ဖြစ်ပါစေ။ ဒီလိုမျိုးအခြေအနေမှာ သူ့ဖက်က သင့်ကို မေးခွန်းတွေ တစ်ပုံကြီးနဲ့ သင့်ဆီရောက်လာမှာ အမှန်ပါနော်။ ဒီနည်းလမ်းလေးတွေက ကိုယ့်ကိုဂရုစိုက်ဖို့ မေ့လျော့နေတဲ့ ချစ်သူကို ကိုယ့်အပေါ် ဂရုစိုက်လာဖို့ ပြန်သတိပေးနိုင်တဲ့ နည်းလမ်းလေးတွေဖြစ်ပါတယ်။

READ
ကိုယ်မနှစ်သက်တဲ့ယောက်ျားလေးကို ပါးနပ်စွာငြင်းပယ်နည်းများ

Khin

sponsored