ကိုယ့်ရဲ့ ကလေးကို လိမ္မာယဉ်ကျေးတဲ့ ကလေးလေးအဖြစ် ကြီးပြင်းလာဖို့ ဒီလိုထိန်းကျောင်းပါ

shutterstock/Evgeny Atamanenko
Sponsored

ကလေးတစ်ယောက် လိမ္မာတယ်၊ ဆိုးသွမ်းတယ်ဆိုတာ အဲဒီ့ကလေးကို သွန်သင်ဆုံးမပေးတဲ့ မိဖတွေကြောင့်ဆိုတာ ဆိုတာ မမေ့ပါနဲ့။ မိဖတိုင်းက သားသမီးတွေကို ဆုံးမသွန်သင်တဲ့ နည်းလမ်းမမှန်ကန်သလို ကိုယ့်ပုံသွင်းလိုက်တဲ့ပုံစံအတိုင်းပဲ အဲဒီ့သားသမီးပုံစံဟာ ပြောင်းလဲသွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို လိမ္မာယဉ်ကျေးတဲ့ ကလေးလေးတွေ ဖြစ်လာစေဖို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဆုံးမတတ်ဖို့လိုပါတယ်နော်။

မဖြစ်နိုင်ဘူး ဆိုတဲ့ စကားကို ပုံမှန်အတိုင်းလေးပဲ ပြောပါ

shutterstock/ Africa Studio

ကိုယ့်ကလေးလိုချင်တဲ့ ကစားစရာအရုပ်လေးပဲ ဖြစ်ဖြစ်၊ တစ်ခုခု တောင်းဆိုတာပဲ ဖြစ်ဖြစ် မဖြစ်နိုင်ဘူးလို့ ပြောတဲ့အခါ ကလေးကို ပုံမှန်လေသံလေးနဲ့ပဲ ပြောပေးပါ။ ဒေါသတကြီး ပြောစရာမလိုသလို ကလေးနားလည်သဘောပေါက်အောင် ဘာလို့မဖြစ်နိုင်လဲဆိုတာကို သေချာပြောပြဖို့ လိုအပ်ပါတယ်။ ဒါက သင့်ကလေးကို နားလည်လက်ခံတတ်တဲ့ ကလေးတစ်ယောက်ဖြစ်လာအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

READ
ထက်မြက်တဲ့ အမေတွေဆီကသာ ကြားရတတ်တဲ့ အချစ်နဲ့ပတ်သက်တဲ့ အကြံပေးစကားလေးတွေ

ကျေးဇူးတင်တတ်အောင် သင်ကြားပေးပါ

Sponsored

ကိုယ်လိုချင်တာ တစ်ခုခုရလို့ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ရဲ့ အကူအညီကို ယူလို့ပဲဖြစ်ဖြစ် ကျေးဇူးတင်စကားပြောတတ်အောင် သင်ကြားထားပါ။ ဒါက ကလေးတွေရဲ့ တကယ့်ကို ချစ်စရာကောင်းတဲ့ အမူအကျင့်လေးဖြစ်ပြီးတော့ ငယ်ငယ်ကတည်းက ကျေးဇူးတင်တတ်တဲ့စိတ်လေး ရှိသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် နောက်ဆုံးမှာ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စကားလေး ပြောတတ်အောင် သင်ကြားပေးပါ။

တစ်ကိုယ်ကောင်းမဆန်တတ်အောင် သွန်သင်ပြပါ

shutterstock/Monkey Business Images

ကလေးတွေဆိုတာ တွေ့သမျှကို လေ့လာသင်ယူတတ်တဲ့ အရွယ်ဖြစ်လို့ ကြီးတဲ့သူကို ရိုသေတတ်ဖို့၊ ငယ်တဲ့သူကို သနားတတ်ဖို့နဲ့ ရွယ်တူတွေကို လေးစားတတ်ဖို့ကို သင်ကြားပြပါ။ နောက်ပြီး တစ်ကိုယ်ကောင်းမဆန်တတ်ပဲ ကူညီရိုင်းပင်းတဲ့ စိတ်ထားမွေးမြူတတ်ဖို့ကို ပြောပြပေးဖို့ လိုအပ်ပါတယ်။ ဒါက သင့်ကလေးကို ငယ်ငယ်ကတည်းက တစ်ကိုယ်ကောင်းမဆန်တတ်တဲ့ ကလေးအဖြစ် ကြီးပြင်းလာစေမှာ ဖြစ်ပါတယ်။

READ
အဆင်မပြေတဲ့အိမ်ထောင်ရေးမိသားစုမှ ကြီးပြင်းလာသူတွေမှာတွေ့ရတဲ့ အမူအကျင့်များ

ကိုယ်အားကိုယ်ကိုးတတ်အောင် လုပ်ပေးပါ

ကလေးဆိုတိုင်း အရာရာကို လုပ်ပေးနေစရာမလိုပဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်တတ်ဖို့ကို သင်ပြသင့်ပါတယ်။ သူ့အရွယ်နဲ့ လုပ်နိုင်မယ့် အရာလေးတွေကို ခိုင်းပေးတာ၊ တစ်ခုခုကို လိုချင်အောင် ကိုယ်တိုင်ကြိုးစားပြီး ရယူတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ဒါက သူများတွေကိုပဲ တစ်ချိန်လုံး အားကိုးနေတတ်တဲ့ အကျင့်မရှိပဲ ကိုယ်တိုင် ဖြစ်အောင် လုပ်တတ်တဲ့ ကလေးလေးဖြစ်လာမှာ ဖြစ်ပါတယ်။

Khin

sponsored