ဘာအကြောင်းနဲ့မှ မလိမ်ညာတတ်သူတွေရဲ့ စိတ်ရင်းက ဒီလိုမျိုးပါ …

Photo by Quốc Bảo from Pexels
Sponsored

အသက်ကြီးလာတာနဲ့ အမျှ လူတွေ အကြောင်းအမျိုးမျိုး လိမ်ညာတတ်လာကြပါတယ်။ ဒါပေမယ့်လည်း အတတ်နိုင်ဆုံး မလိမ်တဲ့သူတွေနဲ့ လိမ်ရတာကို ဝန်လေးတဲ့သူတွေအပြင် မလိမ်တတ် မညာတတ်တဲ့သူတွေလည်း ရှိလို့ နေပါတယ်။ သူတို့မှာ ဒီလို အကြောင်းတွေ ရှိနေတတ်ပါတယ်။

(၁) မကောင်းမှု တစ်ခုလို့ မြင်လို့

Sponsored

တစ်ချို့သူတွေကတော့ ဘာအကြောင်းနဲ့မှ လိမ်မပြောချင်ကြပါဘူး။ လိမ်ပြောရတာကို သူတို့က မကောင်းတဲ့အရာတစ်ခုကို ခံစားရပြီး တစ်ခါလိမ်မိရင်လည်း ရာဇဝတ်မှု ကျူးလွန်ထားသလို ကိုယ့်ကိုယ်ကို မကောင်းတဲ့ခံစားချက်ဖြစ်ပြီး မသက်မသာ ဖြစ်နေတတ်ပါတယ်။

Photo by Dương Nhân from Pexels

(၂) လိပ်ပြာလုံချင်လို့

တစ်ချို့သူတွေကတော့ လိပ်ပြာလုံစွာနဲ့ပဲ ရှင်သန်ချင်ကြသူတွေ ဖြစ်ပါတယ်။ လိမ်ညာပြီး ပြောလိုက်တာမျိုးထက် အမှန်အတိုင်း ပြောလိုက်ရတာက သူတို့အတွက် ပို စိတ်ချမ်းသာရလေ့ ရှိပါတယ်။ ဒါကြောင့် သူတို့က မလိမ်ဘဲ နေတတ်ကြပါတယ်။

READ
ဂျစ်ကန်ကန်နေတတ်တဲ့ မိန်းကလေးတွေက ပိုပြီးပျော်ရွှင်ကြကြောင်း လေ့လာတွေ့ရှိ
Photo by @thiszun (follow me on IG, FB) from Pexels

(၃) ပြောကို မပြောတတ်တာ

တစ်ချို့ကတော့ လုံးဝကို မလိမ်တတ်ကြပါဘူး။ သူတို့က လိမ်ဖို့ ကြိုးစားရင်လည်း အလိမ်ပေါ်တတ်ကြပါတယ်။ လိမ်ဖို့လုပ်ရင် အမူအရာတွေ ပျက်ယွင်းပြီး လွဲချော်နေတတ်တာမို့ ပင်ကိုမှာ မလိမ်တတ်သူတွေ ဖြစ်နေတာပါ။ ရိုးသားလွန်းသူလို့လည်း ပြောလို့ ရပါတယ်။

Photo by Conney Jing from Pexels

(၄) ဘာသာရေးကြောင့်

ဘာသာရေး ယုံကြည်မှု နက်ရှိုင်းတဲ့သူတွေကလည်း ဘာသာရေး အဆုံးအမတွေကို ယုံကြည်လိုက်နာကြပါတယ်။ ဒါကြောင့် မလိမ်မညာတဲ့ လူတစ်ယောက်ဖြစ်အောင် ကျင့်ကြံနေထိုင်တတ်ကြပါတယ်။ သူတို့ကတော့ အမြဲ ကိုယ့်ကိုယ်ကို မလိမ်ဖို့ သတိပေးတတ်ကြပါတယ်။

Photo by Denniz Futalan from Pexels

(၅) လူကောင်း တစ်ယောက် ဖြစ်ဖို့

လူကောင်း ဖြစ်ဖို့ ကြိုးစားသူတွေကလည်း လိမ်ညာတာမျိုး မလုပ်ကြပါဘူး။ လူကောင်း တစ်ယောက်မှာ ရှိရမယ့် ဝိသေသတွေကို လိုက်နာတတ်ကြတာမျိုး ဖြစ်ပါတယ်။ ဒီလို လူကောင်းလေးတွေကိုတော့ လိမ်ခိုင်းဖို့ အကူအညီတောင်းလို့ မရနိုင်ပါဘူး။

READ
သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင် နှောင့်ယှက်စေတတ်တဲ့ အချက်များ

Kham

sponsored