မာနကြီးတယ်လို့ နာမည်ကြီးတဲ့ မိန်းကလေးတွေရဲ့ ခံယူချက်ကလေးများ

Photo by Rama Dhanu from Pexels
Sponsored

မိန်းကလေးအချို့မှာ ကြုံရတဲ့ အခြေအနေ တစ်ခုက မာနကြီးတဲ့ ကောင်မလေးဆိုပြီး လူသိများကြတာပါပဲ။ ဒီလိုမျိုး မာနကြီးတယ်ဆိုတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ ခံယူချက် အချို့ကြောင့် အခုလို အပြောခံနေကြရတာပဲ ဖြစ်ပါတယ်။ သူတို့ကတော့ မာနကြီးတယ်ဆိုတာထက် သူတို့ တန်ဖိုးထားတဲ့ အခုလို ခံယူချက်တွေကြောင့် အပြောခံနေကြရတာ ဖြစ်ပါတယ်။

(၁) ကိုယ့်ကျင့်သိက္ခာ မှန်တယ်

Sponsored

သူတို့တွေကတော့ ကိုယ့်ကျင့်တရားကို ကောင်းအောင် ထိန်းထားတတ်တဲ့ သူမျိုး ဖြစ်ပါတယ်။ ကိုယ့်စိတ်ထားနဲ့ လုပ်ရပ်တွေကို အမြဲ စမ်းစစ်တတ်ပြီး ကောင်းဖို့ပဲ အားထုတ်တတ်ကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားနဲ့ ပတ်သတ်ပြီး စွပ်စွဲတာမျိုး ရှိရင်တောင် ကိုယ်မှန်နေတာမျိုး ဖြစ်နေအောင် နေထိုင်တတ်ကြပါတယ်။ ဒါကြောင့် တည်တည်တံ့တံ့ နေတဲ့သူအဖြစ် လူသိများပြီး မာနကြီးတယ်လို့လည်း အထင်ခံနေရတတ်ပါတယ်။

Photo by mentatdgt from Pexels

(၂) ကိုယ့်လိပ်ပြာ ကိုယ်လုံချင်တယ်

READ
ယုံကြည်မှုအပြည့်နဲ့ အဆင့်ရှိရှိဆွဲဆောင်မှုရှိစေမယ့် အမူအရာလေးများ

သူတစ်ပါးအပေါ် မတရားတာလည်း တစ်စက်မှ မလုပ်လိုသူ ဖြစ်ပါတယ်။ ကိုယ်လုပ်ရပ်က တစ်ယောက်ယောက်ကို ထိခိုက်သွားတယ်ဆိုတာမျိုး မဖြစ်အောင်ကအစ သတိထားနေထိုင်တတ်ကြပါတယ်။ စီးပွားရေး လုပ်ရင်တောင်မှ မတော်လောဘသမား မဖြစ်အောင် သတိထားကြသူ ဖြစ်ပါတယ်။ သူများအပြောခံရမှာထက် ကိုယ့်ကိုယ်ကိုကအစ လိပ်ပြာလုံချင်တတ်ကြတာ ဖြစ်ပါတယ်။

Photo by Katie E from Pexels

(၃) ကိုယ့်ငွေပဲ ကိုယ်သုံးချင်တယ်

သူများငွေကို သုံးရမှာ အရမ်း ဝန်လေးတတ်ပါတယ်။ အလကားရတာ ဘာမှ မရှိဘူးလို့ သိနားလည်တဲ့နောက်မှာ အထူးသဖြင့် ငွေကြေးကို အလကား လက်မခံချင်တတ်ကြပါဘူး။ ကူညီတယ်ဆိုတာမျိုးဆိုရင် ပြန်ကူညီပြီး သိတတ်မှုကို ပြတတ်ကြပါတယ်။ သူများငွေကို သုံးပြီးရင် ဝန်လေးနေတတ်ပြီး အားနာနေရတာကြောင့် ငွေနဲ့ ပတ်သတ်ရင် မာနထားသလို ဖြစ်နေတတ်လို့ မာနကြီးတယ်လို့ အထင်ခံကြရပါသေးတယ်။

freepik by freepik

(၄) လူတွေကို လွယ်လွယ် မရောတတ်ဘူး

လူတိုင်းက လူကောင်းတွေ မဟုတ်ဘူးဆိုတာကို သိသွားတဲ့ သူတစ်ယောက်က အရင်းနှီးဆုံး သူတွေကလွဲရင် တခြားသူတွေကို လွယ်လွယ်နဲ့ ရင်းနှီးဟန် မပြတတ်ကြပါဘူး။ ရင်းနှီးဟန်ပြရင် ရောင့်တက်သွားတဲ့သူတွေ ရှိသလို ကိုယ့်ရဲ့ အားနာမှုကို အသုံးချသွားသူတွေ ရှိတာကြောင့် သူတို့က လူတွေကို လွယ်လွယ်နဲ့ မရောဘဲ ကိုယ့်ဘာသာ နေတတ်ပါတယ်။ ဒါကလည်း သူတို့ကို မာနကြီးတယ်လို့ ထင်စေတဲ့ အချက်တစ်ချက်ပါပဲ။

READ
ပန်းအိုးထဲက ပန်းတွေ ကြာကြာအထားခံစေမယ့် နည်းလမ်း(၅)မျိုး
Photo by Min An from Pexels

(၅) အတင်းပြောတာကို ဂရုစိုက်စရာမလိုဘူး

သူတို့ အကြောင်းကို သူတို့ရှေ့မှာ အတင်းပြောရင်တောင်မှ သူတို့က ဘာမှ မဖြစ်တတ်ပါဘူး။ မလိုသူတွေ ပြောချင်သလို ပြောပါစေဆိုပြီး သဘောထားတဲ့ သူမျိုး ဖြစ်ပါတယ်။ ကိုယ်မှန်နေတာကို ဘယ်သူ့ကိုမှ အတင်း သွားပြောပြစရာ မလိုဘူးလို့ တွေးတတ်ပေမယ့် လိုအပ်ရင်တော့ ပြောစရာ ရှိတာကို ပြောတတ်ကြပါသေးတယ်။

Kham

sponsored