ခင်ပွန်းရဲ့ ချစ်ခင်မြတ်နိုးခြင်းကိုအမြဲရဖို့ ဇနီးသည်တွေလိုက်နာရမယ့်အချက် (၆) ချက်

Sponsored

အိမ်ထောင်ရှင်ဘဝဟာ သမီးရည်းစားဘဝလိုမျိုး အဆင်မပြေတာနဲ့ ချက်ချင်းလမ်းခွဲလို့တဲ့ ဆက်ဆံရေးမျိုးမဟုတ်တော့ပါဘူး။ ဒါကြောင့် အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာပြီဆိုရင် ခင်ပွန်းသည်ရဲ့ ချစ်ခင်မြတ်နိုးခြင်းကို အစဉ်အမြဲရရှိဖို့ဟာ အိမ်ထောင်တစ်ခုရဲ့ အဓိက အရေးပါဆုံးအရာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရှင်မတွေအနေနဲ့ ဒီအချက်လေးတွေကို လိုက်နာခြင်းဖြင့် ခင်ပွန်းရဲ့ ချစ်ခင်မြတ်နိုးခြင်းကို အစဉ်အမြဲရရှိမှာဖြစ်ပါတယ်။

(၁) လှပသန့်ရှင်းအောင်နေပါ

Sponsored

အိမ်ရှင်မတစ်ယောက်ဘဝဟာ အိမ်အလုပ်တွေ၊ အပြင်အလုပ်တွေနဲ့ လုံးဝ မအားလပ်လောက်အောင် အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါနဲ့ပဲ တဖြည်းဖြည်း ကိုယ့်ကိုယ်ကို လှပသန့်ရှင်းနေအောင် ဂရုမစိုက်ဖြစ်ကြတော့ပါဘူး။ အိမ်ထောင်သည်ဘဝမှာ အပျိုတုန်းကထက်တောင် ပိုပြီးဖီးလိမ်းပြင်ဆင်ပြီး သန့်ရှင်းသပ်ရပ်အောင် နေရမှာပါ။ ဒါဟာ အရေးမကြီးဖူးလို့ထင်ရပေမယ့် တကယ်တမ်းကျတော့ ခင်ပွန်းသည်ရဲ့ ချစ်ခင်မြတ်နိုးခြင်းကိုရရှိဖို့အတွက်က ဒီအချက်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။

(၂) ချိုသာစွာပြောဆိုဆက်ဆံပါ

အိမ်ထောင်သည်ဘဝရောက်လာတာနဲ့ တစ်ယောက်နဲ့တစ်ယောက် အတွင်းသိအစင်းသိတွေ ဖြစ်လာကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်တာတွေများလာတယ်၊ ကြာလာတော့ ခင်ပွန်းသည်ကို လေးစားမှုတွေ လျော့နည်းလာတယ်၊ စကားအပြောအဆိုတွေကြမ်းတမ်းလာတယ်၊ နေတာထိုင်တာလည်း ကြမ်းကြမ်းတမ်းတမ်းကြီးတွေ ဖြစ်လာတယ်။ ဒါတွေဟာ ခင်ပွန်းသည်ကို အချစ်လျော့စေတဲ့ အမှားတွေဖြစ်တာကြောင့် ဘယ်လောက်စိတ်ဆိုးဆိုး၊ ပင်ပန်းပန်း ခင်ပွန်းသည်ကို ချိုချိုသာသာ ပြောဆိုဆက်ဆံပေးပါ။ ဒါဆိုရင်တော့ သင်ဟာ ခင်ပွန်းရဲ့ ချစ်ခင်မြတ်နိုးခြင်းကို အမြဲတမ်းရရှိမှာပါ။

READ
သင့်ရဲ့ ချစ်ရတဲ့ကိုယ်ဝန်သည်ဇနီးကို ဘယ်လိုတွေ ပြုစုယုယမလဲ

(၃) ချီးကျူးပေးပါ

ခင်ပွန်းသည်က တစ်ခုခုဝယ်လာပေးတဲ့အခါ၊ အလုပ်တစ်ခုခု ကူလုပ်ပေးတဲ့အခါမျိုးတွေမှာ ချီးကျူးစကားပြောပေးပါ။ သူ့ရဲ့ သေးငယ်တဲ့ လုပ်ဆောင်ချက်တွေကို ချီးကျူးစကားပြောပေးပါ၊ အသိအမှတ်ပြုပေးပါ။ ချီးကျူးစကားဟာ ဘယ်လောက်ထိ သင့်ခင်ပွန်းကို ကြည်နူးစေလဲဆိုတာ သင်မသိလို့ပါ။ ဒါကြောင့် ခင်ပွန်းသည်ကို များများချီးကျူးပေးပြီး အမြဲတမ်း မျက်နှာသာပေးပါ။ ဒါဆိုရင်တော့ သင့်ခင်ပွန်းဟာ အမြဲတမ်းသင့်အတွက် အားတက်သရော ကြိုးစားချင်စိတ်တွေ ဖြစ်လာတဲ့အပြင် သင့်ကို အမြဲတမ်း ချစ်ခင်မြတ်နိုးနေမှာဖြစ်ပါတယ်။

(၄) သူများရှေ့မှာ အနိုင်မယူပါနဲ့

သင်တို့နှစ်ယောက်တည်း ရှိတဲ့အချိန် ကြိုက်သလောက် အနိုင်ယူ၊ ဆိုးနွဲ့လည်း ကိစ္စမရှိပေမယ့် လူများတွေရှေ့မှာ၊ အထူးသဖြင့် မိတ်ဆွေအပေါင်းအသင်းတွေရှေ့မှာ လုံးဝ အနိုင်မယူပါနဲ့။ သူ့ကို တတ်နိုင်သလောက် လေးစားမှုပေးပါ၊ သူ ဦးဆောင်ရာနောက်ကို လိုက်ပါ။ အော်တာငေါက်တာတွေ လုံးဝမလုပ်ပါနဲ့။ ဒီအချက်လေးကို လိုက်နာပေးခြင်းဖြင့် ခင်ပွန်းသည်ရဲ့ ချစ်ခင်မြတ်နိုးခြင်းကို အစဉ်အမြဲခံစားရမှာပါ။

(၅) အိမ်ထောင့်တာဝန်ကျေပွန်ပါ

အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာပြီဆိုရင် ချောရုံလှရုံနဲ့ မရတော့ပါဘူး။ ကိုယ်တိုင်ချက်ပြုတ်နိုင်ရမယ်၊ အဝတ်လျှော်နိုင်ရမယ်၊ သန့်ရှင်းရေးသေချာလုပ်နိုင်ရမယ်၊ နှစ်ဖက်ဆွေမျိုးတွေအပြင် နှစ်ဖက် အပေါင်းအသင်းတွေနဲ့ပါ အဆင်ပြေပြေ နေနိုင်ရမယ်။ အိမ်ထောင်ပြုတာဟာ ထင်သလောက်မရိုးရှင်းပါဘူး။ ဒါတွေလုပ်ဖို့ ယောက်ျားယူတာတော့ မဟုတ်ပေမယ့် ယောက်ျားယူရင် ဒါတွေတော့ မဖြစ်မနေ လုပ်နိုင်ဖို့လိုပါတယ်။ ဒါမှ ခင်ပွန်းရဲ့ ချစ်ခင်မြတ်နိုးမှုကို အစဉ်အမြဲရရှိနိုင်မှာ ဖြစ်ပါတယ်။

READ
လက်ထပ်ပြီးမှ အံ့အားသင့်ဖွယ်သိရှိလိုက်ရတဲ့ ခင်ပွန်းသည်တို့ရဲ့ မဟာလျှို့ဝှက်ချက်များ...

(၆) အမြဲတမ်းဆွဲဆောင်ပါ

အိမ်ထောင်ရှင်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်စရာမလိုတော့ဘူးလို့ လွဲမှားစွာယူဆတတ်ကြပါတယ်။ ဒါဟာ တော်တော့်ကိုမှားတဲ့ အချက်ပါ။ မျက်နှာကို အမြဲတမ်း ပြင်ဆင်ခြယ်သတာ၊ အဝတ်အစားကို ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်တာ၊ စကားပြောရင်လေသံကိုနှိမ့်ပြီး အချိုသာဆုံး ပြောဆိုဆက်ဆံတာ၊ ပွတ်သီးပွတ်သပ်နေပြီး ချွဲတာ၊ ဒါတွေအားလုံးဟာ အမြဲတမ်း လုပ်နေရမယ့် အရာတွေပါ။ ဒီအရာတွေကိုသာ လိုက်နာရင်တော့ ခင်ပွန်းသည်ရဲ့ ချစ်ခင်မြတ်နိုးခြင်းကို အစဉ်အမြဲခံစားရမှာပါ။

Em Em (Auntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored