အလုပ်အတွက် idea ကုန်ခမ်းသွားတဲ့အချိန်မှာ ချက်ချင်း ဥာဏ်ကွန့်မြူးလာစေမယ့် နည်းလမ်းများ

shutterstock/ Look Studio
Sponsored

တစ်ပတ်လုံး အလုပ်တွေနဲ့ ပိနေတဲ့ သူတွေ၊ ခေါင်းစားရတဲ့ အလုပ်တွေ လုပ်နေရတဲ့ သူတွေအနေနဲ့ တစ်ခါတစ်လေမှာ ဘာစိတ်ကူး idea တွေမှာ ထွက်မလာပဲ အလုပ်လုပ်ချင်စိတ် မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ချက်ချင်း စိတ်ပျော်ရွှင်ပြီး ဥာဏ်ကွန့်မြူးလာစေမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ကော်ဖီ သို့ လက်ဖက်ရည် တစ်ခွက်

Freepik- katemangostar

ခေါင်းတွေအရမ်းခြောက်လာတဲ့အချိန်မှာ ကော်ဖီလေးတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်လေး တစ်ခွက်က စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ အလုပ်တွေကို ခဏလောက်နားပြီး ကော်ဖီလေးတစ်ခွက်နဲ့ ကိုယ့်စိတ်ကိုယ် အနားပေးလိုက်ပါနော်။ ဒါကလည်း စိတ်ပျော်ရွှင်မှုတစ်ခုဖြစ်သလို idea ‌သစ်တွေ ရလာစေမှာပါ။

ဦးနှောက်အတွက် အားဖြည့်တဲ့ အစားအစာ တစ်ခုစားပါ

Image:freepik.com/freepik
Sponsored

ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေတဲ့ အစားအစာတွေ ရှိလို့နေပါတယ်။ ဥပမာ – ထောပတ်သီး၊ ဆယ်လ်မွန်ငါး၊ ဘလူးဘယ်ရီ စတာတွေက ဦးနှောက်လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။ နောက်ပြီး ကိုယ်စိတ်ပျော်ရွှင်စေမယ့် ice-cream လိုမျိုး အစားအစာတွေက စားရတဲ့အချိန်တိုင်း စိတ်ပျော်ရွှင်စေပါတယ်နော်။

READ
အငယ်ဆုံးတွေဟာ ဗိုလ်ကျတတ်ပေမယ့် သင်မသိတာလေးတွေလည်း ရှိပါသေးတယ်

သူငယ်ချင်းနဲ့ အချိန်ကုန်ပါ

shutterstock/adriaticfoto

ပင်ပန်းပြီး idea တွေမထွက်တော့တဲ့ အချိန်မှာ သူငယ်ချင်းနဲ့ ခဏလောက် အချိန်ဖြုန်းလိုက်တာက အကောင်းဆုံးပါပဲ။ သူငယ်ချင်းနဲ့ စကားလေးတွေ ပြောရင်း၊ ရယ်မောလိုက်တဲ့အခါ စိတ်ကပေါ့ပါးသွားပြီး အိုင်ဒီယာသစ်တွေလည်း ရလာမှာပါနော်။

ကိုယ်ကြိုက်တဲ့ music နားထောင်ပါ

shutterstock/Halfpoint

ခေါင်းတွေ အရမ်းရှုပ်နေပြီ၊ ဘာမှစဉ်းစားလို့ မရတော့ဘူး ဆိုရင်တော့ ခဏလောက် ကိုယ်ကြိုက်တဲ့ music လေးကို နားထောင်လိုက်ပါ။ ဂီတက လူရဲ့ စိတ်ကို ပျော်ရွှင်စေသလို စိတ်ကို အနားပေးသလို ဖြစ်စေတာမို့ ရှုပ်နေတဲ့စိတ်တွေကို ရှင်းထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေက ကိုယ့်စိတ်ကို ပျော်ရွှင်စေပြီး ဥာဏ်ကွန့်မြူးစေတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

Khin

sponsored