ချိုင်းမွှေးလေးတွေနှုတ်ပြီးတိုင်း ချိုင်းသားတွေ ကြမ်းပြီး မည်းညစ်သွားတဲ့အတွက်ကြောင့် စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ဒီနည်းလမ်းလေး (၄) ခုကို လုပ်ဖို့အကြံပေးချင်ပါတယ်။ အကုန်လုံးက သဘာဝပစ္စည်းတွေနဲ့ချည်း လုပ်ထားတာကြောင့် ချိုင်းသားတွေကို အန္တရာယ်အကင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံးဝင်းမွတ်ပြီး နူးညံ့စေမှာပါ။
(၁) သကြားနဲ့ သံပုရာရည်
ပါဝင်ပစ္စည်းများ- သကြား ၁ ဇွန်း၊ ပျားရည် ဇွန်းတစ်ဝက်၊ သံပုရာရည်ဇွန်းတစ်ဝက်
အသုံးပြုပုံ- အနှစ်ဖြစ်သည်အထိမွှေပြီး ၂ မိနစ်ခန့်အပူပေးပါ။ ပြီးရင် ချိုင်းမှာ သုတ်လိမ်းကာ ညင်ညင်သာသာပွတ်ပေးပါ။

(၂) ကြက်ဥနဲ့ ပြောင်းဖူးမှုန့်
ပါဝင်ပစ္စည်းများ- ကြက်ဥအကာ ပြောင်းဖူးမှုန့် ဇွန်းတစ်ဝက်၊ သကြား ၁ ဇွန်း
အသုံးပြုပုံ- နှံ့အောင်မွှေပြီး ချိုင်းမှာလိမ်းထားပါ။ ခြောက်သွားလို့ ပြန်ခွာချတဲ့အခါ ချိုင်းမွှေးပါ ကျွတ်ထွက်လာနိုင်ပါတယ်။

(၃) နွားနို့နဲ့ နနွင်း
ပါဝင်ပစ္စည်းများ- နနွင်းမှုန့် ၃ ဇွန်း၊ နွားနို့ ၁ ဇွန်း
အသုံးပြုပုံ- အနှစ်တွေကို မိနစ် ၃၀ လောက် ချိုင်းမှာလိမ်း၊ ရေစိုဝတ်နဲ့ သုတ်ချလိုက်ရုံနဲ့တင် ချိုင်းမွှေးတွေ ကျွတ်စေရုံမကဘဲ အသားအရေကိုပါ နူးညံ့စေပါတယ်။

(၄) နနွင်းနဲ့မုန့်ဖုတ်ဆိုဒါ
ပါဝင်ပစ္စည်းများ- နနွင်း၁ ဇွန်း၊ မုန့်ဖုတ်ဆိုတာ ၂ ဇွန်း
အသုံးပြုပုံ- အပေါ်ကအသုံးပြုနည်းအတိုင်းပါပဲ။ ဒါကတော့ ဂျိုင်းသားကို ဖြူဝင်းစေမှာပါ။
penny