ခေတ်ရှေ့ပြေးပြီး တိုးတက်ဖို့အတွက် အောင်မြင်တဲ့အမျိုးသမီး(၅)ဦးရဲ့ အကြံပေးစကား

Celebrities' Instagram
Sponsored

အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် လက်တွေ့လုပ်မှ ဖြစ်မြောက်မှာမှန်ပေမယ့်လို့ တကယ်အတွေ့အကြုံရှိပြီးသားလူတွေရဲ့ အကြံပေးစကားတွေကိုလည်း နားထောင်ရမှာပါပဲ။ ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ခေတ်ရှေ့ပြေးပြီး တိုးတက်ရေးအတွက် လက်ရှိအအောင်မြင်ပြီးသား အမျိုးသမီးတို့ရဲ့ အကြံပေးစကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Victoria Beckham ရဲ့ “အမျိုးသမီးချင်းမြှောက်စားခြင်း”

Sponsored

 

 

View this post on Instagram

 

A post shared by Victoria Beckham (@victoriabeckham) on

Victoria Beckham ဟာ ဖက်ရှင်လောကမှာတော့ အောင်မြင်လှတဲ့ လုပ်ငန်းရှင်အမျိုးသမီးဒီဇိုင်တာတစ်ဦးလို့ဆိုရမှာပါပဲ။ သူမရဲ့ အကြံပေးစကားကတော့ အောင်မြင်ဖို့ ပြေးနေတဲ့လမ်းကြောင်းတစ်လျှောက် လမ်းမှာတွေ့တဲ့ အမျိုးသမီးတိုင်းကို အချင်းချင်း ရိုင်းပင်းကူညီပါလို့ ပြောထားပါတယ်။

သူမရဲ့ တကယ့်လုပ်ငန်းခွင်မှာလုပ်ကိုင်နေတဲ့ ဝန်ထမ်းနဲ့ပညာရှင်တွေထဲ ၄ပုံပုံရင်၃ ပုံလောက်ဟာ အမျိုးသမီးတွေချည်းပဲဖြစ်တယ်။ နေ့တိုင်း အလုပ်သွားလို့ မိသားစုတစ်ဖက်နဲ့ အလုပ်ကိုလည်း မလစ်ဟင်းစေဘဲ သေချာလုပ်နေတာကိုတွေ့ရတာ တော်တော်လေးကို လေးစားစရာကောင်းပါတယ်တဲ့။

အောင်မြင်လာတဲ့အချိန်မှာ ပိုတောင့်တင်းခိုင်မာတဲ့ကုတ်အားရဖို့အတွက် အမျိုးသမီးတွေအချင်းချင်း support လုပ်ခြင်းကို လိုအပ်ပါတယ်လို့ Victoria ကတော့ အကြံပေးထားပါတယ်။ဒ

Tory Bruch ရဲ့ “ဘဝရည်မှန်းချက်ကိုကောင်းစွာသိရှိ လက်ခံခြင်း”

 

 

View this post on Instagram

 

A post shared by Tory Burch (@toryburch) on

Tory Bruch ဆိုတဲ့ နာမည်နဲ့ မိန်းကလေးတွေနဲ့ သိပ်စိမ်းလှမှာတော့မဟုတ်တော့ပါဘူး။ ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးတစ်ယေက်ဖြစ်နေမယ်ဆိုရင် ပတ်ဝန်းကျင်က မကောင်းတဲ့ဝေဖန်မှုတွေကိုတော့ ခံရမှာပါပဲတဲ့။ သူမဆိုလိုချင်တာ အမျိုးသား၊ အမျိုးသမီးခွဲခြားဆက်ဆံမှုတွေအပြင် အမျိုးသမီးတစ်ယောက်အနေနဲ့ လုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုတာမျိုးတွေ အမျိုးမျိုးပေါ့။ ဒီစကားတွေကို နားမယောင်ဘဲ မိမိရဲ့ရည်ရွယ်ချက် ပန်းတိုင်ကိုပဲ အာရုံစိုက်ထားသင့်တယ်လို့ ပြောလာခဲ့ပါတယ်။

READ
နိုင်ငံရေးနယ်ပယ်မှ Sexy အကျဆုံး အမျိုးသမီးများ

Sheryl Sandberg ရဲ့ “အမှီအခိုကင်းခြင်း”

Facebook- Sheryl Sandberg

Facebook ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Sheryl Sandberg ရဲ့ အကြံပေးစကားကတော့ အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်အောင် နေပါတဲ့။ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့ဆိုပြီး ပြောလာခဲ့ပါတယ်။

ငယ်ငယ်တုန်းက နားထောင်ဖူးခဲ့တဲ့ အိပ်ယာဝင်ပုံပြင်ထဲက မင်းသမီးလေးတွေဟာ မင်းသားလေးရဲ့အချစ်စစ်နဲ့နမ်းတဲ့ အနမ်းနဲ့မှ ပြန်နိုးထလာတာမျိုးတွေကို သူမကတော့ လုံးဝသသဘောမကျပါဘူးတဲ့။ ဒါတွေဟာ မိန်းမငယ်လေးတွေကို ငယ်ကတည်းက သူများအပေါ် အားကိုးအောင် ရိုက်သွင်းပေးနေသလိုပဲလို့ ပြောခဲ့ဖူးပါတယ်။

တကယ်အောင်မြင်မှုကို လိုလားတဲ့အမျိုသမီးတစ်ယောက်ဆိုရင် တစ်စုံတစ်ယောက်ကို စောင့်မနေဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ကိုယ့်လမ်းကိုဖောက်သင့်ပါတယ်တဲ့။

Maria Hatzistefanis ရဲ့ “ဇွဲ့မလျှော့ခြင်း”

 

 

View this post on Instagram

 

A post shared by Maria Hatzistefanis (@mrsrodial) on

Rodial ဆိုတဲ့ အလှကုန်လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ ညတွင်းချင်း ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတဲ့ နည်းလမ်းကို မျှဝေရာမှ နာမည်ကြီးခဲ့သူတစ်ဦးပါ။ Maria ရဲ့ အကြံပေးချက်ကတော့ ပန်းတိုင်မရောက်မချင်း လမ်းခရီးမှာ ပတ်ဝန်းကျင်ရဲ့ အထင်သေးမှုတွေ၊ မယုံကြည်မှုတွေ၊ မဖြစ်နိုင်ဘူးဆိုတဲ့စကားတွေကို ကြားရမှာပါပဲတဲ့။ ဒါတွေကို အာရုံမစိုက်ဘဲ ဇွဲမလျှော့တမ်း ဆက်ကြိုးစားပါတဲ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ ပြောထားပါတယ်။

READ
Handmade ကြိုက်တဲ့ ပျိုမေတို့အတွက် Dreamcatcher လေးကို ဖန်တီးလိုက်ရအောင်...

Beyoncé ပြောတဲ့ “အနယ်ထိုင်ခြင်း”

 

 

View this post on Instagram

 

A post shared by Beyoncé (@beyonce) on

အနယ်ထိုင်ခြင်းဆိုတာ ပြောရရင်တော့ တစ်နေရာရောက်သွားတာနဲ့ ဆက်မကြိုးစားတော့ဘဲ ဒီနေရာလေးမှာပဲ ပျော်နေတာမျိုးပါ။ ခေတ်ကြီးက ပြောင်းလဲတိုးတက်နေတဲ့အတွက် ပန်းတိုင်ဆိုတာဟာလည်း တစ်ခုပြီး နောက်တစ်ခု ထပ်ထားပြီး အမြဲမပြတ် တိုးတက်ဖို့ကို လုပ်နေရမှာပါတဲ့။ သူကတော့ တစ်နေရာထဲမှာ ရပ်မနေပါဘူးတဲ့လေ။

penny

sponsored