ထူးခြ်န္တဲ့သားသမီးေလးေတြရရွိဖို႔ စိတ္ပညာရွင္တစ္ဦးရဲ႕ အႀကံျပဳခ်က္မ်ား

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

လူတုိင္း ကိုယ္ေမြးတဲ့ သားေတြ သမီးေတြကို အျခားသူေတြထက္ သာလြန္ၿပီး၊ အစစ အဆင့္အတန္း ျမင့္မားေစလုိၾကပါတယ္။ ဒီလုိျဖစ္ဖုိ႔အတြက္လည္း မိဘေတြကိုယ္တုိင္က သားသမီးေတြကို ပုိးေမြးသလုိေမြးၿပီး အရိပ္တၾကည့္ၾကည့္နဲ႔ မမွားသင့္တာ မမွားေအာင္ သြန္သင္ဆုံးမေနၾကတာ ဓမၼတာျဖစ္ပါတယ္။

Sponsored

Harvard University မွ စိတ္ပညာရွင္တစ္ဦးက သားေတြသမီးေတြ ေတာ္တဲ့ ထက္ျမတ္တဲ့သူေတြ ျဖစ္ေစဖုိ႔အတြက္ မိဘေတြ ျပဳလုပ္ေပးသင့္တဲ့ အႀကံျပဳခ်က္ (6)ခ်က္ကုိ Shwemom ရဲ႕ သားသမီးရွိတဲ့ မိဘေတြသိေစဖုိ႔ ျပန္လည္ မွ်ေ၀ေပးလုိက္ပါတယ္။

(၁) ကေလးေတြကုိ သီးသန္႔အခ်ိန္ေပးပါ

6634560-1421363881_09594c0158-1469444635-650-c65b993f42-1486671007

ကေလးေတြ အထီးက်န္စိတ္ မျဖစ္ေစဖုိ႔ မိဘေတြမွာ အဓိက တာ၀န္ရွိပါတယ္။ သူတုိ႔ေတြကို ျဖစ္ႏုိင္ရင္ တစ္ပတ္တစ္ခါေလာက္ကုိ မိသားစု ေပ်ာ္ပြဲစားပုံစံမ်ိဳးနဲ႔ စိတ္ဖိအားကင္းမဲ့ဇုန္ေတြမွာ ေနေပ်ာ္တတ္ဖုိ႔ သင္ေပးရပါမယ္။ မိဘေတြကိုယ္တုိင္ကလည္း ဘယ္ေလာက္ပဲ အလုပ္႐ႈပ္ရုံမကလုိ႔ နာနီေတြ၊ ကေလးထိန္းေတြ ငွားထားပါေစ၊ တစ္ရက္ကုိ အနည္းဆုံးေတာ့ ႏွစ္နာရီေလာက္ ကုိယ့္သားသမီးေတြနဲ႔ စကားေျပာျခင္း၊ ေဆြးေႏြးျခင္း၊ ဗဟုသုတ မွ်ေ၀ျခင္းေတြ ျ့ပဳလုပ္ရပါမယ္။

(၂) သူတုိ႔ရဲ႕ ၀ါသနာနဲ႔ တိမ္းညႊတ္မႈေတြကုိ မ်က္ေျခမပ်က္ပါေစနဲ႔

6634360-37-1469428365-650-bfc1e8ecca-1486671007

ကေလးေတြဟာ ငယ္ရြယ္ပါေသးတယ္။ ဒါေပမယ့္ အသက္အတုိင္းအတာ အားျဖင့္ မိမိမွာ ဘယ္လုိကိစၥရပ္ေတြမွာ Talent ရွိတယ္ဆုိတာကုိ သေဘာေပါက္လာတတ္ၾကပါတယ္။ သူတုိ႔က သေဘာမေပါက္ဘူးဆုိရင္ေတာင္မွ မိဘေတြက ကုိယ့္သားသမီး ဘယ္ေနရာေတြမွာ ေတာ္ၿပီး၊ ဘယ္ေနရာေတြမွာ ညံ့တယ္ဆုိတာ သိထားရပါမယ္။ ဒါမွလည္း အခ်န္မီ ျပဳျပင္ ထိန္းေၾကာင္းႏုိင္မွာ ျဖစ္ပါတယ္။

(၃) ျပႆနာကုိ ဘယ္လုိေျဖရွင္းရမလဲ သြန္သင္ပါ

6634510-33-1469428187-650-0891564182-1486671007

ကေလးေတြမွာလည္း ကေလးေတြနဲ႔ သင့္ေတာ္လုိက္ဖက္တဲ့ ဘ၀ျပႆနာေလးေတြ ရွိတတ္ပါတယ္။ ဥပမာအားျဖင့္ ေက်ာင္းပ်င္းတာတုိ႔ ဘာတုိ႔ဟာ ကေလးတုိင္း ျဖစ္တတ္ပါတာ္။ ဆုိေတာ့ ကုိယ့္ကေလး ေက်ာင္းပ်င္းသလားဆုိတာ ကိုယ္က သိမွ ကေလးကို ဘယ္လုိ ထိန္းေၾကာင္းရမလဲဆုိတာ အေျဖရွာႏုိင္မွာပါ။ ဒါေၾကာင့္ မိေဘေတြက သားသမီးတုိ႔ရဲ႕ အေျခအေန မွန္သမွ်ကုိ မ်က္ေျခမပ်က္ဖုိ႔ လုိပါတယ္။

(၄) မိဘကုိ ကူညီတတ္ေစဖုိ႔ လမ္းျပပါ

6634410-bigstock-Kids-washing-the-dishes-in-the-59844575-1469514699-650-2f90b61647-1486671007

လုပ္ငန္းခြင္ နယ္ပယ္အသီးသီးမွာ Teamwork လုိ႔ ေခၚတဲ့ အစုအဖြဲ႕နဲ႔ ညီညီညြတ္ညြတ္ ျပဳလုပ္ရတဲ့ အလုပ္ေတြ ရွိတတ္ပါတယ္။ ဒီလုိအေျခအေနမ်ိဳးမွာ တစ္ခ်ိဳ႕က ခုိၾက၊ ကပ္ၾက၊ အမ်ားနဲ႔ဆုိ အလုပ္မလုပ္ခ်င္ဘူးဆုိတဲ့ လူေတြ ရွိတတ္ပါ
တယ္။ တကယ္ေတာ့ ဒီလူေတြ ေနာက္ေၾကာင္းကို လုိက္မယ္ဆုိရင္ မိဘေတြကိုယ္တုိင္က အေျခခံ Teamwork စိတ္ဓာတ္ ေမြးမေပးလုိက္ဘူးဆုိတဲ့ အေျဖ ထြက္ပါလိမ့္မယ္။

မည္သည့္ေနရာမွာပဲ ျဖစ္ျဖစ္ ေအာင္ျမင္ေက်ာ္ၾကားလုိတယ္ဆုိရင္ အမ်ားနဲ႔စုေပါင္းလုပ္ကုိင္ရတဲ့ Teamwork ဆုိတဲ့ က႑ကုိ လစ္လွ်ဴ႐ႈလုိ႕ မရပါဘူး။ ဒါေၾကာင့္ ငယ္ငယ္ကတည္းက မိသားစု၀င္အခ်င္းခ်င္း ကူညီ႐ုိင္းပင္းတဲ့ စိတ္ဓာတ္ကေလးကို မိဘေတြက ပ်ိဳးေထာင္ေပးလုိက္ရမွာ ျဖစ္ပါတယ္။

READ
ကိုယ္ဝန္ေဆာင္ေနခ်ိန္တြင္ ေခ်ာကလက္မ်ားမ်ားစားေပးျခင္းက ကေလးေရာမိခင္ပါပိုမိုက်န္းမာနိုင္

(၅) သူတုိ႔ရဲ႕ အဆုိးျမင္စိတ္ကို ေျဖေလွ်ာ့ေဖ်ာက္ဖ်က္ပါ

6634610-111-1469516860-650-26675364a1-1486671007

မိဘေတြမွာ ဆုိး၀ါးတဲ့ အျပဳအမူေတြကေတာ့ ကေလးေတြကို ညစ္ညမ္းတဲ့ ဆဲနည္းေတြ သင္ေပးတာ၊ မေတာ္ရာကုိ ပုတ္ျပတဲ့ နည္းေတြ သင္ေပးတာဟာ အလြန္ကို ဆုိး၀ါးတဲ့ အျပဳအမူေတြပါဘဲ။ ဒါကို တစ္ခ်ိဳ႕က ကေလးက တတ္လုိက္တာလုိ႔ ဂုဏ္ယူၿပီး တလြဲဆံပင္ေကာင္းသူေတြ ရွိေနပါတယ္။ ဒါဟာ အလြန္ျဖဴစင္တဲ့ ကေလးေတြရဲ႕ စိတ္ကုိ အရြယ္မတုိင္ခင္ကတည္းက ညစ္ပတ္ေအာင္ လုပ္လုိက္တာနဲ႔ တူပါတယ္။ ဒီနည္းနဲ႔ ကေလးေတြရဲ႕ အဆုိးျမင္စိတ္၊ ရန္လုိစိတ္၊ ကန္႔လန္႔တုိက္စိတ္ ဆုိတာေတြ ျဖစ္ေပၚလာရတာပါ။

(၆) စိတ္၀င္စားစရာေတြ ေျပာျပမယ္

6634460-11-1469435974-650-2593b99f55-1486671007

မိဘေတြရဲ႕ လုပ္ငန္းေဆာင္တာေတြထဲမွာ အေရးႀကီးဆုံး အလုပ္တစ္ခုကေတာ့ ကေလးေတြကုိ အခ်ိန္ သီးသန္႔ေပးၿပီး ဗဟုသုတ ျဖစ္ဖြယ္ ပုံျပင္ေတြ၊ ဇာတ္လမ္းေတြ၊ အားက်အတုယူဖြယ္ ကမာၻေက်ာ္ပုဂၢိဳလ္ႀကီးမ်ားအေၾကာင္းေတြ ေျပာျပျခင္း ျဖစ္ပါတယ္။ ဒီအခ်က္ဟာ ဘယ္ေလာက္အထိ အေရးပါသလဲဆုိရင္ သင့္ရဲ႕ သားသမီးေတြ ေအာင္ျမင္ျခင္း၊ ေအာင္ျမင္လုိစိ္တ္ရဲ႕ အေျခခံအုတ္ျမစ္လုိ႔ေတာင္ ေျပာလုိ႔ရပါတယ္။

Si Si (auntymay)

source : brightside.me


[Unicode version]

 ထူးချွန်တဲ့သားသမီးလေးတွေရရှိဖို့ စိတ်ပညာရှင်တစ်ဦးရဲ့ အကြံပြုချက်များ

လူတိုင်း ကိုယ်မွေးတဲ့ သားတွေ သမီးတွေကို အခြားသူတွေထက် သာလွန်ပြီး၊ အစစ အဆင့်အတန်း မြင့်မားစေလိုကြပါတယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း မိဘတွေကိုယ်တိုင်က သားသမီးတွေကို ပိုးမွေးသလိုမွေးပြီး အရိပ်တကြည့်ကြည့်နဲ့ မမှားသင့်တာ မမှားအောင် သွန်သင်ဆုံးမနေကြတာ ဓမ္မတာဖြစ်ပါတယ်။

Harvard University မှ စိတ်ပညာရှင်တစ်ဦးက သားတွေသမီးတွေ တော်တဲ့ ထက်မြတ်တဲ့သူတွေ ဖြစ်စေဖို့အတွက် မိဘတွေ ပြုလုပ်ပေးသင့်တဲ့ အကြံပြုချက် (6)ချက်ကို Shwemom ရဲ့ သားသမီးရှိတဲ့ မိဘတွေသိစေဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) ကလေးတွေကို သီးသန့်အချိန်ပေးပါ

6634560-1421363881_09594c0158-1469444635-650-c65b993f42-1486671007

ကလေးတွေ အထီးကျန်စိတ် မဖြစ်စေဖို့ မိဘတွေမှာ အဓိက တာဝန်ရှိပါတယ်။ သူတို့တွေကို ဖြစ်နိုင်ရင် တစ်ပတ်တစ်ခါလောက်ကို မိသားစု ပျော်ပွဲစားပုံစံမျိုးနဲ့ စိတ်ဖိအားကင်းမဲ့ဇုန်တွေမှာ နေပျော်တတ်ဖို့ သင်ပေးရပါမယ်။ မိဘတွေကိုယ်တိုင်ကလည်း ဘယ်လောက်ပဲ အလုပ်ရှုပ်ရုံမကလို့ နာနီတွေ၊ ကလေးထိန်းတွေ ငှားထားပါစေ၊ တစ်ရက်ကို အနည်းဆုံးတော့ နှစ်နာရီလောက် ကိုယ့်သားသမီးတွေနဲ့ စကားပြောခြင်း၊ ဆွေးနွေးခြင်း၊ ဗဟုသုတ မျှဝေခြင်းတွေ ြ့ပုလုပ်ရပါမယ်။
(၂) သူတို့ရဲ့ ၀ါသနာနဲ့ တိမ်းညွှတ်မှုတွေကို မျက်ခြေမပျက်ပါစေနဲ့

6634360-37-1469428365-650-bfc1e8ecca-1486671007

ကလေးတွေဟာ ငယ်ရွယ်ပါသေးတယ်။ ဒါပေမယ့် အသက်အတိုင်းအတာ အားဖြင့် မိမိမှာ ဘယ်လိုကိစ္စရပ်တွေမှာ Talent ရှိတယ်ဆိုတာကို သဘောပေါက်လာတတ်ကြပါတယ်။ သူတို့က သဘောမပေါက်ဘူးဆိုရင်တောင်မှ မိဘတွေက ကိုယ့်သားသမီး ဘယ်နေရာတွေမှာ တော်ပြီး၊ ဘယ်နေရာတွေမှာ ညံ့တယ်ဆိုတာ သိထားရပါမယ်။ ဒါမှလည်း အချန်မီ ပြုပြင် ထိန်းကြောင်းနိုင်မှာ ဖြစ်ပါတယ်။
(၃) ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ သွန်သင်ပါ

6634510-33-1469428187-650-0891564182-1486671007

ကလေးတွေမှာလည်း ကလေးတွေနဲ့ သင့်တော်လိုက်ဖက်တဲ့ ဘဝပြဿနာလေးတွေ ရှိတတ်ပါတယ်။ ဥပမာအားဖြင့် ကျောင်းပျင်းတာတို့ ဘာတို့ဟာ ကလေးတိုင်း ဖြစ်တတ်ပါတာ်။ ဆိုတော့ ကိုယ့်ကလေး ကျောင်းပျင်းသလားဆိုတာ ကိုယ်က သိမှ ကလေးကို ဘယ်လို ထိန်းကြောင်းရမလဲဆိုတာ အဖြေရှာနိုင်မှာပါ။ ဒါကြောင့် မိဘေတွေက သားသမီးတို့ရဲ့ အခြေအနေ မှန်သမျှကို မျက်ခြေမပျက်ဖို့ လိုပါတယ်။
(၄) မိဘကို ကူညီတတ်စေဖို့ လမ်းပြပါ

6634410-bigstock-Kids-washing-the-dishes-in-the-59844575-1469514699-650-2f90b61647-1486671007

လုပ်ငန်းခွင် နယ်ပယ်အသီးသီးမှာ Teamwork လို့ ခေါ်တဲ့ အစုအဖွဲ့နဲ့ ညီညီညွတ်ညွတ် ပြုလုပ်ရတဲ့ အလုပ်တွေ ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်ချို့က ခိုကြ၊ ကပ်ကြ၊ အများနဲ့ဆို အလုပ်မလုပ်ချင်ဘူးဆိုတဲ့ လူတွေ ရှိတတ်ပါ
တယ်။ တကယ်တော့ ဒီလူတွေ နောက်ကြောင်းကို လိုက်မယ်ဆိုရင် မိဘတွေကိုယ်တိုင်က အခြေခံ Teamwork စိတ်ဓာတ် မွေးမပေးလိုက်ဘူးဆိုတဲ့ အဖြေ ထွက်ပါလိမ့်မယ်။

မည်သည့်နေရာမှာပဲ ဖြစ်ဖြစ် အောင်မြင်ကျော်ကြားလိုတယ်ဆိုရင် အများနဲ့စုပေါင်းလုပ်ကိုင်ရတဲ့ Teamwork ဆိုတဲ့ ကဏ္ဍကို လစ်လျှူရှုလို့ မရပါဘူး။ ဒါကြောင့် ငယ်ငယ်ကတည်းက မိသားစုဝင်အချင်းချင်း ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်ကလေးကို မိဘတွေက ပျိုးထောင်ပေးလိုက်ရမှာ ဖြစ်ပါတယ်။
(၅) သူတို့ရဲ့ အဆိုးမြင်စိတ်ကို ဖြေလျှော့ဖျောက်ဖျက်ပါ

6634610-111-1469516860-650-26675364a1-1486671007

မိဘတွေမှာ ဆိုးဝါးတဲ့ အပြုအမူတွေကတော့ ကလေးတွေကို ညစ်ညမ်းတဲ့ ဆဲနည်းတွေ သင်ပေးတာ၊ မတော်ရာကို ပုတ်ပြတဲ့ နည်းတွေ သင်ပေးတာဟာ အလွန်ကို ဆိုးဝါးတဲ့ အပြုအမူတွေပါဘဲ။ ဒါကို တစ်ချို့က ကလေးက တတ်လိုက်တာလို့ ဂုဏ်ယူပြီး တလွဲဆံပင်ကောင်းသူတွေ ရှိနေပါတယ်။ ဒါဟာ အလွန်ဖြူစင်တဲ့ ကလေးတွေရဲ့ စိတ်ကို အရွယ်မတိုင်ခင်ကတည်းက ညစ်ပတ်အောင် လုပ်လိုက်တာနဲ့ တူပါတယ်။ ဒီနည်းနဲ့ ကလေးတွေရဲ့ အဆိုးမြင်စိတ်၊ ရန်လိုစိတ်၊ ကန့်လန့်တိုက်စိတ် ဆိုတာတွေ ဖြစ်ပေါ်လာရတာပါ။
(၆) စိတ်ဝင်စားစရာတွေ ပြောပြမယ်

6634460-11-1469435974-650-2593b99f55-1486671007

မိဘတွေရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ အရေးကြီးဆုံး အလုပ်တစ်ခုကတော့ ကလေးတွေကို အချိန် သီးသန့်ပေးပြီး ဗဟုသုတ ဖြစ်ဖွယ် ပုံပြင်တွေ၊ ဇာတ်လမ်းတွေ၊ အားကျအတုယူဖွယ် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအကြောင်းတွေ ပြောပြခြင်း ဖြစ်ပါတယ်။ ဒီအချက်ဟာ ဘယ်လောက်အထိ အရေးပါသလဲဆိုရင် သင့်ရဲ့ သားသမီးတွေ အောင်မြင်ခြင်း၊ အောင်မြင်လိုစိ်တ်ရဲ့ အခြေခံအုတ်မြစ်လို့တောင် ပြောလို့ရပါတယ်။

Si Si (auntymay)

source : brightside.me

sponsored