တစ်ချို့လူတွေက ညဘက်အိပ်စက်နေတဲ့ အချိန်မှာ မကြာခဏ ကြွက်တက်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒါက အရမ်းကို ဆိုးဝါးပြီး အိပ်ရေးပျက်စေတတ်တဲ့ အရာတစ်ခုပါ။ တစ်ခါတစ်လေမှာ ကြွက်တက်ခြင်းက ရောဂါလက္ခဏာတစ်ခုခုကို ဖော်ပြတာမျိုးလည်း ဖြစ်တတ်တာမို့ မပေါ့လျော့သင့်ပါဘူး။ ဒီနည်းလမ်းလေးတွေက မကြာခဏ ကြွက်တက်တတ်ခြင်းကို သက်သာပျောက်ကင်းစေတဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်နော်။
ကြွက်သားတွေကို ဆွဲဆန့်ပါ

ကြွက်တက်နေတဲ့အချိန်မှာ တဘတ်ကို လိပ်ပြီးသက်သာအောင် ပြုလုပ်လို့ရပါတယ်။ ကြွက်တတ်နေတဲ့အချိန်မှာ လဲလျောင်းနေတာမျိုးမဟုတ်ပဲ ထိုင်လိုက်ပြီး ခြေထောက်တွေကို ဆန့်ထားလိုက်ပါ။ ပြီးရင်တော့ လိပ်ထားတဲ့ တဘတ်ကို ခြေဖဝါးအောက်မှာ ပတ်ထားလိုက်ပြီး ခြေဖဝါးနောက်ဖက်ကို ဖြည်းဖြည်းချင်း ဆွဲသွားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒူးတွေကို ဖြောင့်နေအောင် ဆန့်တန်းထားဖို့ လိုအပ်ပြီးတော့ ဒါက ကြွက်တက်ခြင်းကို သက်သာစေမှာပါ။
စက်ဘီးစီးပါ

စက်ဘီးစီးခြင်းက ကြွက်တက်ခြင်းကို မဖြစ်ပေါ်အောင် တားဆီးပေးတဲ့ နည်းတစ်ခုပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ စက်ဘီးစီးခြင်းဟာ ကြွက်သားတွေကို ဆွဲဆန့်ပေးပြီးသား ဖြစ်စေတာဖြစ်လို့ ကြွက်တက်တတ်တဲ့ သူတွေအနေနဲ့ စက်ဘီးစီးပေးသင့်ပါတယ်။
ရေကို လုံလောက်စွာ သောက်ပါ

ကြွက်တက်ခြင်းက ခန္ဓာကိုယ်မှာ electrolytes နဲ့ ရေဓာတ်ခမ်းခြောက်မှုတွေ မညီမျှခြင်းတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒီတော့ ကြွက်တက်ခြင်းမဖြစ်ပေါ်ဖို့အတွက် ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မကြာခဏ ကြွက်တက်တတ်တဲ့သူတွေ အနေနဲ့ ရေများများသောက်ပေး သင့်ပါတယ်။
ညအိပ်ရာမဝင်ခင် မိနစ်အနည်းငယ်လောက် လေ့ကျင့်ခန်းလုပ်ပါ

ညဘက်တွေမှာ ကြွက်တတ်တဲ့ ဝေဒနာကို ခံစားရတဲ့သူတွေအနေနဲ့ ညအိပ်ရာမဝင်ခင်မှာ ကြွက်သားဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေ မိနစ်အနည်းငယ်လောက် လုပ်ပေးသင့်ပါတယ်။ ဒါက ညဘက်မှာ ကြွက်တက်ခြင်းကို မဖြစ်ပေါ်အောင် တားဆီးပေးပြီး ကြွက်တက်ခြင်းကို လုံးဝပျောက်ကင်းစေမှာ ဖြစ်ပါတယ်နော်။
Khin